ချင်းလူမျိုးများအကြား အတွင်းရေးပဠိပက္ခပေါ်လာရင် အကြမ်းဖက်မှုကိုရှောင်ပြီး ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး၊ တရားမျှတမှုပေါ်ပေါက်လာစေရေးအတွက်အတူလုပ်ဆောင်ဖို့ အမေရိကန်အခြေစိုက် CBCUSA နဲ့ CBANA တို့ဆုံးဖြတ်

ချင်းလူမျိုးများအကြား အတွင်းရေးပဠိပက္ခပေါ်လာရင် အကြမ်းဖက်မှုကိုရှောင်ပြီး ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး၊ တရားမျှတမှုပေါ်ပေါက်လာစေရေးအတွက်အတူလုပ်ဆောင်ဖို့ အမေရိကန်အခြေစိုက် CBCUSA နဲ့ CBANA တို့ဆုံးဖြတ်

ချင်းလူမျိုးများအကြား အတွင်းရေးပဠိပက္ခပေါ်လာရင် အကြမ်းဖက်မှုကိုရှောင်ပြီး ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်ရာတွင် နိုင်ငံရေးဆွေးနွေးပွဲ ချဉ်းကပ်မှုနည်းလမ်းကို အသုံးပြုသွားမယ် ဆိုတဲ့ အချက်အပါအဝင် သဘောတူညီချက် (၅) ချက်ကို အမေရိကန်အခြေစိုက် Chin Baptish Churches, USA (CBCUSA) နဲ့ Chin Baptish Association, North America (CBANA)တို့က Indiana Chin Baptish Church (ICBC) မှာ မတ်လ ၅ ရက်နေ့ကနေ ၆ ရက်နေ့အထိ အစည်းဝေးကျင်းပခဲ့ပြီး သဘောတူညီချက်ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအစည်းဝေးမှာ သဘောတူညီချက်တွေထဲမှာ ချင်းပြည်နယ်နဲ့ ချင်းလူမျိုးရှိရာ ဒေသတွေမှာ စည်းလုံးညီညွှတ်မှုတည်ဆောက်ပြီး တရားမျှတမှုကို ရှေးရှုလျှက် ငြိမ်းချမ်းရေးကို မြင့်တင်ဖိို့ အားလုံးပါဝင် လုပ်ဆောင်ဖို့နဲ့ ယေရှုခရစ်ရဲ့ ဧဝံဂလိတရားပြန့်ပွားစေရေးတွက် ကမ႓ာအနှံ့သာသနာပြုလုပ်ငန်းမှာ ပူးပေါင်းဆောင်ရွက်ဖို့၊ ချင်းလူငယ်တွေ ရင်းနှီးကျွမ်းဝင်မှုရှိစေရန် မိတ်သဟာရဖွဲ့ခြင်းနှင့် လက်တွဲပူးပေါင်း စိတ်ဓာတ် မြင့်တင်သွားဖို့တွေလို့ သိရပါတယ်။

ချင်းလူမျိုးတွေအကြား စည်းလုံးညီညွှတ်မှု၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှု ပေါ်ပေါက်လာစေဖို့တွက် ရည်ရွယ်ပြီး သမိုင်းဝင်ထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့တာလို့လည်း ထုတ်ပြန်ထားပါတယ်။

Most read this week

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...