ချင်းလူမျိုးများအကြား အတွင်းရေးပဠိပက္ခပေါ်လာရင် အကြမ်းဖက်မှုကိုရှောင်ပြီး ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး၊ တရားမျှတမှုပေါ်ပေါက်လာစေရေးအတွက်အတူလုပ်ဆောင်ဖို့ အမေရိကန်အခြေစိုက် CBCUSA နဲ့ CBANA တို့ဆုံးဖြတ်

ချင်းလူမျိုးများအကြား အတွင်းရေးပဠိပက္ခပေါ်လာရင် အကြမ်းဖက်မှုကိုရှောင်ပြီး ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး၊ တရားမျှတမှုပေါ်ပေါက်လာစေရေးအတွက်အတူလုပ်ဆောင်ဖို့ အမေရိကန်အခြေစိုက် CBCUSA နဲ့ CBANA တို့ဆုံးဖြတ်

ချင်းလူမျိုးများအကြား အတွင်းရေးပဠိပက္ခပေါ်လာရင် အကြမ်းဖက်မှုကိုရှောင်ပြီး ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်ရာတွင် နိုင်ငံရေးဆွေးနွေးပွဲ ချဉ်းကပ်မှုနည်းလမ်းကို အသုံးပြုသွားမယ် ဆိုတဲ့ အချက်အပါအဝင် သဘောတူညီချက် (၅) ချက်ကို အမေရိကန်အခြေစိုက် Chin Baptish Churches, USA (CBCUSA) နဲ့ Chin Baptish Association, North America (CBANA)တို့က Indiana Chin Baptish Church (ICBC) မှာ မတ်လ ၅ ရက်နေ့ကနေ ၆ ရက်နေ့အထိ အစည်းဝေးကျင်းပခဲ့ပြီး သဘောတူညီချက်ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအစည်းဝေးမှာ သဘောတူညီချက်တွေထဲမှာ ချင်းပြည်နယ်နဲ့ ချင်းလူမျိုးရှိရာ ဒေသတွေမှာ စည်းလုံးညီညွှတ်မှုတည်ဆောက်ပြီး တရားမျှတမှုကို ရှေးရှုလျှက် ငြိမ်းချမ်းရေးကို မြင့်တင်ဖိို့ အားလုံးပါဝင် လုပ်ဆောင်ဖို့နဲ့ ယေရှုခရစ်ရဲ့ ဧဝံဂလိတရားပြန့်ပွားစေရေးတွက် ကမ႓ာအနှံ့သာသနာပြုလုပ်ငန်းမှာ ပူးပေါင်းဆောင်ရွက်ဖို့၊ ချင်းလူငယ်တွေ ရင်းနှီးကျွမ်းဝင်မှုရှိစေရန် မိတ်သဟာရဖွဲ့ခြင်းနှင့် လက်တွဲပူးပေါင်း စိတ်ဓာတ် မြင့်တင်သွားဖို့တွေလို့ သိရပါတယ်။

ချင်းလူမျိုးတွေအကြား စည်းလုံးညီညွှတ်မှု၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှု ပေါ်ပေါက်လာစေဖို့တွက် ရည်ရွယ်ပြီး သမိုင်းဝင်ထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့တာလို့လည်း ထုတ်ပြန်ထားပါတယ်။

May 18, 2026
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အခြေစိုက် CDF – Hakha တပ်ဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး...
May 16, 2026
ကလေးမြို့၊ ကလေးအကျဉ်းထောင် (မော်လိုက်ကလေးအကျဉ်းထောင်) ရှိ နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့်ဟာ “...
May 15, 2026
အိန္ဒိယ - မြန်မာနယ်စပ်  ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိဒ်ခေါဒါရ်မြို့ကို စစ်ကောင်စီက...
May 14, 2026
CDF-Mindat ထိန်းချုပ်ထားတဲ့ချင်းပြည်နယ်၊မင်းတပ်မြို့ပေါ်ကိုစစ်ကော်မရှင်တပ်က မေလ ၁၁ ရက်မှာ ၂...