မရာလက်နက်ကိုင်(၂)ဖွဲ့အကြား ဘာသာရေးခေါင်းဆောင်တွေက ညှိနှိုင်းပေးတာတွေရှိပြီး နှစ်ဘက်တိုက်ပွဲလည်းငြိမ်နေတယ်လို့ သိရ

မရာလက်နက်ကိုင်(၂)ဖွဲ့အကြား ဘာသာရေးခေါင်းဆောင်တွေက ညှိနှိုင်းပေးတာတွေရှိပြီး နှစ်ဘက်တိုက်ပွဲလည်းငြိမ်နေတယ်လို့ သိရ

ချင်းပြည်နယ် ပလက်ဝမြို့နယ် မရာဒေသမှာဖြစ်နေတဲ့ မရာလက်နက်ကိုင် ၂ ဖွဲ့အကြားတိုက်ခိုက်မှုဖြစ်ပွါးနေတဲ့ ပြဿနာနဲ့ ပတ်သက်လို့ နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးတာမျိုးမရှိသေးသော်လည်း၊ ဘာသာရေးခေါင်းဆောင်တွေက ညှိနှိုင်းပေးတာတွေရှိခဲ့ပြီး နှစ်ဘက်ထိတွေ့တိုက်ပွဲတွေလည်း ငြိမ်နေတယ်လို့ သိရပါတယ်။

မတူပီမြို့နယ်နဲ့ ပလက်ဝမြို့နယ်က မရာဒေသမှာ မရာလက်နက်ကိုင် နှစ်ဖွဲ့ဖြစ်တဲ့ CDF – Mara နဲ့ MDF အဖွဲ့အကြား အင်အားပြိုင်ဆိုင်မှု တဖြည်းဖြည်း ပြင်းထန်လာခဲ့ပြီး စစ်ရေးပဠိပက္ခအဖြစ် အသွင်ပြောင်းလာခဲ့ပါတယ်။

ဇန်နဝါရီလ (၃၁) ရက်နေ့ကစပြီး မရာနယ်မြေအတွင်းမှာ CDF - Mara ချင်းအမျိုးသားတပ်ဦး (CNF/CNA) ရဲ့လက်အောက်ခံ ချင်းလက်နက်ကိုင်အဖွဲ့တွေ နဲ့ MDF အကြားတိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပြီး နှစ်ဘက်ထိခိုက် သေဆုံးမှုတွေဖြစ်ပွားခဲ့ပါတယ်။

မရာဒေသတွင်း မရာလက်နက်ကိုင် (၂)ဖွဲ့အချင်းချင်းအကြား ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ  ရက္ခိုင့်တပ်တော် AAအနေနဲ့ ပါဝင် ကူညီခြင်းနဲ့ ဝင်ရောက်တိုက်ခိုက်ပေးခြင်း လုံးဝမရှိကြောင်း မတ်လ (၄) ရက်နေ့က ကျင်းပခဲ့တဲ့ AA သတင်းစာရှင်းလင်းပွဲမှာ (AA) ပြောခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားထားပါတယ်။

June 6, 2026
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်တို့ကို စစ်ကြောင်းထိုးလာတဲ့...
June 5, 2026
အာဏာသိမ်း သမ္မတဦးမင်းအောင်လှိုင် အိန္ဒိယ ခရီးစဉ်ပြီးတဲ့နောက်ပိုင်း အိန္ဒိယ -...
June 4, 2026
စစ်ကောင်စီက စစ်ကြောင်းပြန်ထိုးပြီး တိုက်ပွဲဖြစ်နေတာကြောင့် မင်းတပ်မြို့နယ်မှာ စစ်ဘေးရှောင်...
June 3, 2026
လုံခြုံရေးဆောင်ရွက်နိုင်ဖို့ ဆိုကာ တီးတိန်မြို့နယ် လိုင်တွီးရွာ ကနေ အိန္ဒိယ - မြန်မာနယ်စပ်က...