စစ်မှုမထမ်းလိုတဲ့ လူငယ် ၄၀၀ ကျော် KNU သထုံခရိုင်ထံ ဝင်ရောက်ခိုလှုံ

စစ်မှုမထမ်းလိုတဲ့ လူငယ် ၄၀၀ ကျော် KNU သထုံခရိုင်ထံ ဝင်ရောက်ခိုလှုံ
ဓာတ်ပုံ- သထုံခရိုင်PDF
ဓာတ်ပုံ- သထုံခရိုင်PDF

အရွယ်ရောက်ပြီးသာ နိုင်ငံသားတိုင်း မဖြစ်မနေစစ်မှုထမ်းရမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် စစ်မှုမထမ်းလိုတဲ့ လူငယ် ၄၀၀ ကျော် KNU သထုံခရိုင်ထံ ဝင်ရောက်ခိုလှုံနေတယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၁၀ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စတင်အသက်သွင်းခဲ့တာပါ။

စစ်မှုထမ်းဥပဒေ အသက်သွင်းကြောင်းကြေညာပြီး တစ်လနီးပါးကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ထဲ ဝင်ရောက်ခိုလှုံဖို့ နိုင်ငံတဝန်းက လူငယ် ၆၀၀ ကျော် ဆက်သွယ်ခဲ့ပြီး အဲဒီထဲက လူငယ် ၄၀၀ ကျော် ရောက်ရှိလာပြီလို့ သိရပါတယ်။

ဝင်ရောက်ခိုလှုံလာတဲ့ လူငယ်တွေကိုတော့ KNU သထုံခရိုင်အစီအစဉ်ရဲ့ ထိန်းသိမ်းစောင့်ရှောက်ပေးထားပြီး နောက်ပိုင်းမှာ သူတို့တွေရဲ့ သဘောဆန္ဒအတိုင်း ကူညီဆောင်ရွက်ပေးသွားမယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။

“စိစစ်နေတုန်းပဲ။ သင်တန်းတက်မလား၊ PDF လုပ်မလား၊ ဒီတိုင်းပဲ စစ်မှုမထမ်းချင်လို့ လာခိုလှုံတာလား။ ရွှေ့ပြောင်းမိသားစုတွေပါလာတာလည်း ရှိတာကိုး။ အဲဒါမျိုးတွေကျတော့ သေချာစိစစ်နေတာပေါ့။ ဘာလုပ်ရမလဲဆိုတဲဟာကို ကျွန်တော်တို့က ဒီမှာရှိတဲ့အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ပြီးဆက် လက် သူတို့ဖြစ်ချင်တဲ့ပုံစံ လုပ်ပေးရမှာပေါ့။ အများအားဖြင့်ကတော့ တော်လှန်ရေးအတွက်လုပ်မယ့်သူက ပိုများတယ်လို့ထင်ပါတယ်” လို့ ဆိုပါတယ်။

KNU သထုံခရိုင်ထံ ဝင်ရောက်ခိုလှုံလာတဲ့ လူငယ်တွေဟာ တော်လှန်ရေးအင်အားစုတပ်ဖွဲ့ဝင်တွေကတဆင့် ဆက်သွယ်ဝင်ရောက်လာတာဖြစ်ပြီး အဲဒီထဲမှာ အမျိုးသားအများစုပါဝင်နေကာ အမျိုး သမီးပါဝင်မှု နှစ်ရာခိုင်နှုန်း ရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ အမျိုးသားဟာ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ၊ အမျိုးသ မီးဟာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ အနည်းဆုံး ၂ နှစ်ကနေ ၅ နှစ်အထိ စစ်မှုထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ စစ်မှုထမ်းအပတ်စဉ်(၁)ကို လာမယ့် သင်္ကြန်အပြီး စတင်သွားမယ်လို့ အသိ ပေးထားပြီး တစ်ပတ်လျှင် လူပေါင်း ၅၀၀၀ ၊ တစ်နှစ် လူပေါင်း ၆၀၀၀၀ အထိ စစ်မှုထမ်းရန် ဆင့် ခေါ် သွားဖို့ စီစဉ်ထားပါတယ်။

စစ်မှုထမ်းဥပဒေကြောင့် လူငယ်လူရွယ်တွေဟာ တော်လှန်းရေးတပ်ဖွဲ့တွေထဲ ဝင်ရောက်တာ၊ ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေကို  တရားဝင်အပြင် တရားမဝင်လမ်းကြောင်းတွေကနေ အလုံးအ ရင်းနဲ့ ထွက်ခွာတာတွေ ရှိနေပါတယ်။

ကရင်အမျိူးသားအစည်းအရုံး KNU အပါအဝင် တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေက စစ်ကောင် စီရဲ့ စစ်မှုထမ်းဥပဒေကို ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းဆန့်ကျင်ကြဖို့နဲ့ တော်လှန်ရေးတပ်ဖွဲ့ထံ ဝင်ရောက်ကြဖို့ တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ-CJ
April 27, 2026
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဗောဓိကမ်း-ညောင်ပင်ကွင်းကျေးရွာလမ်းပိုင်းမှာ စစ်ကော်မရှင်တပ်...
April 25, 2026
မွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးသွားမယ်လို့...
ဓာတ်ပုံ-Social Media
April 24, 2026
မွန်ပြည်နယ်မှာ စက်သုံးဆီတွေကို ဧပြီ ၂၂ ရက်နေ့ကစလို့ QR Code စနစ်နဲ့ စတင်ရောင်းချနေပြီလို့...
ဓာတ်ပုံ-CJ
April 23, 2026
ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံရွာမှာ စစ်ကော်မရှင်တပ်က မီးလောင်ဗုံးတွေ ထပ်မံကြဲချနေသလို...