တာချီလိတ်မြို့ ရွေး/ကော် ဒုဦးစီးမှူးအပါအဝင် ဓားပြတိုက်အဖွဲ့ဝင် ၇ ဦး ဖမ်းဆီးရမိ

တာချီလိတ်မြို့ ရွေး/ကော် ဒုဦးစီးမှူးအပါအဝင် ဓားပြတိုက်အဖွဲ့ဝင် ၇ ဦး ဖမ်းဆီးရမိ

မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် မြို့နယ်ရွေးကောက်ပွဲကောက်မရှင်ရုံး၏ ဒုတိယဦးစီးမှူး အေးကိုကိုဦး အပါအဝင် ဓါးပြတိုက်အဖွဲ့ဝင် ၇ ဦးကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရသည်။

တာချီလိတ်မြို့ မယ်ဆိုင်ရပ်ကွက်ရှိ ခရိုင်ကောက်မရှင်ရုံးအိမ်ရာဝန်းအတွင်း နေထိုင်သည့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံး၏ ဒုတိယဦးစီးမှူး အေးကိုကိုဦး နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဝင်ရောက်စစ်ဆေးရာ (ဖေဖော်ဝါရီလ ၂၉ ရက်) ည၁၁ဝန်းကျင်၌ ဖမ်းဆီးရမိသည်ဟု သိရသည်။

ဖမ်းဆီးရမိသူများမှာ အသက် (၃၂) နှစ်အရွယ် အေးကိုကိုဦးနှင့်အတူ အသက် (၂၀) နှစ်အရွယ်ရှိ စိုင်းမောင်ထွန်း (ခ) အိုက်ပီး၊ အသက် (၂၇) နှစ်အရွယ်ရှိ စိုင်းလှမောင်၊ အသက် (၁၈) နှစ်အရွယ်ရှိ စိုင်းခမ်းတွီ၊ အသက် (၃၈) နှစ်အရွယ်ရှိ ရဲသီဟလွင်၊ အသက် (၂၀) နှစ်အရွယ်ရှိ ကျိုင်းစံဟိုင်းနှင့် အသက် (၂၅) နှစ်အရွယ် စိုင်းဆိုင်မိန်းတို့ ဖြစ်သည်။

ထို့အတူ ပစ္စတိုသေနတ် ၄ လတ်၊ M4 သေနတ် ၁ လတ် နှင့် ပွိုင့် ၂၂ သေနတ်အရှည် (၁) လတ် စုစုပေါင်း သေနတ် ၆ လတ်အပြင် ကျည်ဆံများ၊ စကားပြောစက် ၁ လုံး၊ ဓားရှည် ၁ ချောင်း၊ နံပါတ်တုတ် (၁) ချောင်း နှင့် လက်ထိပ်များလည်း သိမ်းဆည်းရမိကြောင်း သိရသည်။

ယင်းကဲ့သို့ ဖမ်းဆီးရမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့ဒေသခံတစ်ဦက “တာချီလိတ်မှာတော့ မျိုးစုံပဲ။ သူများအိမ်ထဲဝင်ပြီး သေနတ်ထောက် ဓားပြတိုက်တာ။ လမ်းကြိုလမ်းကြား မှာ သေနတ်ထောက်ပြီး ဓားပြတိုက်တာ မျိုးစုံပဲ။ တချို့အမှုတွေတောင် သတင်းမထွက်ဘူး” ဟု ပြောသည်။

လက်ရှိဖမ်းဆီးရမိသည့် ဓားပြတိုက်အဖွဲ့ဝင်များသည် တာချီလိတ်မြို့မှာ စစ်တပ်နှင့် ရဲတပ်ဖွဲ့ အယောင် ဆောင်ပြီး အကြိမ်ပေါင်းများစွာ ဓားပြတိုက်နေသည့် အဖွဲ့ဖြစ်ပြီး ၎င်းတို့ကျူးလွန်ခဲ့သည့် ဓားပြတိုက်မှုများတွင် နေအိမ်ပိုင်ရှင် သေနတ်ဖြင့် ပြန်လည်ခုခံ၍ ဓားပြတိုက် ၁ ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ရှိကြောင်း သိရသည်။

တာချီလိတ်မြို့သည် ထိုင်းနယ်စပ်ဒေသဖြစ်သည့် မြို့တစ်ခုဖြစ်သည့်အလျှောက် လူမျိုးပေါင်းစုံနေသည့် မြို့တစ်ခုဖြစ်ပြီး ဓားတိုက်ပြ၊ ခိုးဆိုးလုယက် ဒုစရိုက်များလည်းပေါများကာ လုံခြုံရေးမရှိကြောင်း တာချီလိတ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“တာချီလိတ်မြို့မှာတော့ လူမျိုးပေါင်းစုံနေထိုင်တဲ့ မြို့ဆိုတော့ ဒုစရိုက်လည်းပေါတယ်။ များသောအားဖြင့် ဓါးပြတိုက်ခံရင်လည်း အကြွေးကိစ္စတွေ၊ အခွန်ကိစ္စတွေကြောင့် ဓါးပြတိုက်ခံရတာ။ မြို့ထဲတော့ နည်းနည်း တော်သေးတယ်။ မြို့အပြင်မှာဆိုတော့ နေ့တိုင်းလိုလိုပဲ။ လုံခြုံရေး သိပ်မရှိဘူး။ ဘယ်ခါဓားပြတိုက်ခံရမှာလဲ မသိဘူး” ဟု ၎င်းအမျိုးသားက ပြောသည်။

ထို့အပြင် တာချီလိတ်မြို့ ရှိ ကျားဖြန့်လုပ်ငန်း၊ အွန်လိုင်းလောင်ကစားလုပ်ငန်းနေရာများကို စစ်ကောင်စီတပ်ဖွဲ့များက ဝင်ရောက်စီးနင်း၍ လိုက်လံဖမ်းဆီးနေလျက်ရှိကြောင်း သိရသည်။

ဓါတ်ပုံ - ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်
August 21, 2026
သျှမ်းပြည်အတွင်း စစ်ရေးပဋိပက္ခများနှင့် စီးပွားရေး ကျပ်တည်းမှုများကြောင့် ယခု ၂၀၂၆-၂၀၂၇...
(တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးအမှတ် ၁ တံတား နယ်စပ်ဂိတ် မြင်ကွင်း။)
August 21, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့်...
August 20, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က...
ဓာတ်ပုံ - (သျှမ်းတောင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ် / Crd)
August 20, 2026
စစ်အုပ်စုတပ်၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်...