မြန်မာနိုင်ငံသို့ပြန်နိုင်ရန်အတွက် နိုင်ငံကူးလက်မှတ် မရှိသူများ သက်သေခံလက်မှတ် ( C of I)ကို မလေးရှားနိုင်ငံ မြန်မာသံရုံးမှာ ကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာ

မြန်မာနိုင်ငံသို့ပြန်နိုင်ရန်အတွက် နိုင်ငံကူးလက်မှတ် မရှိသူများ သက်သေခံလက်မှတ် ( C of I)ကို မလေးရှားနိုင်ငံ မြန်မာသံရုံးမှာ ကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာ

မလေးရှားနိုင်ငံတွင် တရားမဝင်ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများအနေဖြင့် မလေးရှားအစိုးရမှ ဖြေလျော့ပေးနေသည့် သတ်မှတ်ကာလအတွင်း မြန်မာနိုင်ငံသို့ပြန်နိုင်ရန်အတွက် နိုင်ငံကူးလက်မှတ် မရှိသူများအနေဖြင့် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် ( C of I)ကို မြန်မာသံရုံးတွင် ကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ပါကြောင်းနှင့် မြန်မာနိုင်ငံသား စိစစ်မှုမှန်ကန်ပါက ထုတ်ပေးသွားမည်ဖြစ်ပါကြောင်း မလေးရှားနိုင်ငံ မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားပါတယ်။

မလေးရှားအစိုးရမှ ၁-၃-၂၀၂၄ ရက်နေ့မှ ၃၁-၁၂-၂၀၂၄ ရက်နေ့အထိ မလေးရှားနိုင်ငံအတွင်း တရားမဝင် ရောက်ရှိနေကြသည့်နိုင်ငံခြားသားများအား မူရင်းနိုင်ငံသို့ နိုင်ငံကူးလက်မှတ် (သို့မဟုတ်) မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် ( C of I) နှင့် အပြန်လေယာဉ်လက်မှတ်တို့ဖြင့် မလေးရှား လူဝင်မှုကြီးကြပ်ရေးရုံးများတွင် သတ်မှတ် ဒဏ်ကြေး ရင်းဂစ် ၅၀၀ ပေးဆောင်၍ (၁၄)ရက်တွင်း မလေးရှားနိုင်ငံမှ ပြန်လည်ထွက်ခွာနိုင်ကြောင်း ကြေငြာချက် ထုတ်ပြန်ထားကြောင်း သိရ ပါတယ်။

မြန်မာနိုင်ငံသားများအနေဖြင့် ကောင်စစ်ဝန်ဆောင်မှုကိစ္စရပ်များနှင့် ပတ်သက်၍စုံစမ်းမေးမြန်းလိုပါက မြန်မာသံရုံး၏ whatsApp no. +60 11 2510 5774 သို့ စာဖြင့်ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း အသိထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...