လောက်ကိုင် အွန်လိုင်းကျားဖြန့် လုပ်ကိုင်သူ ၁၀၈ ဦးကို MNDAA က တရုတ်ရဲထံ လွှဲအပ်

လောက်ကိုင် အွန်လိုင်းကျားဖြန့် လုပ်ကိုင်သူ ၁၀၈ ဦးကို MNDAA က တရုတ်ရဲထံ လွှဲအပ်

သျှမ်းပြည် လောက်ကိုင်မြို့တွင် အွန်လိုင်းကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၀၈ ဦးကို ကိုးကန့်တပ် MNDAA က တရုတ်ရဲထံသို့ လွှဲအပ်ပေးခဲ့ကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၂၇ ရက်)တွင် မြန်မာ-တရုတ်နယ်စပ် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က ဖမ်းဆီးရမိသည့် အွန်လိုင်းကျားဖြန့် လုပ်ကိုင်သူ တရားမဝင် တရုတ်နိုင်ငံသား (၁၀၈)ဦးနှင့် ဆက်စပ်ပစ္စည်းများကို ရန်လုံကျိုင်း နယ်စပ်ဂိတ်တွင် တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ထံသို့ လွှဲအပ်ပေးခဲ့ကြောင်း ကိုးကန့်မီဒီယာမှ သတင်းထုတ်ပြန်လာသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA ၏ စစ်ရေးအုပ်ချုပ်မှု ကော်မတီက လောက်ကိုင်မြို့တွင် ဖမ်းဆီးရမိသည့် အွန်လိုင်းကျားဖြန့် လုပ်ကိုင်သူ တရားမဝင် တရုတ်နိုင်ငံသား ၁၀၈ ဦး၊ ၎င်းတို့နှင့် ပတ်သက်သည့် ကွန်ပျူတာ မော်နီတာ ၁၀၀ ကျော်၊ မားသားဘုတ် CPU ၄၁၂ စုံနှင့် ဖုန်း ၁၅၂ လုံးတို့ကို တရုတ်ရဲထံ လွှဲအပ်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

အလားတူ မူးယစ်ဆေးဝါး ထုတ်လုပ်သည့် ပစ္စည်းကိရိယာများနှင့် တားမြစ်ထားသည့် ဓာတုပစ္စည်းများကိုလည်း ယူနန်ပြည်နယ် လန်ချန်းခရိုင်မှ တရုတ်ပြည်သူ့လုံခြုံရေးဌာနသို့ တရားဝင် လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ဆိုထားသည်။

“၁၀၂၇ စစ်ဆင်ရေး” စတင်ကတည်းက ညီနောင်မဟာမိတ်တပ်များသည် စစ်ကောင်စီ လက်အောက်တွင် လုပ်ကိုင်နေသော အွန်လိုင်းလောင်းကစား ကျားဖြန့်လုပ်ငန်းများကို နှိမ်နှင်းခဲ့ရာ ကျားဖြန့်လုပ်ငန်း လိမ်လည်လုပ်ကိုင်သူ (၄၅,၀၀၀) နီးပါး အရေအတွက်တို့အား စစ်ကောင်စီသည် တရုတ်နိုင်ငံ တာဝန်ရှိသူများထံသို့ စစ်ရေး၊ နိုင်ငံရေး ဖိအားများအောက်တွင် အပ်နှံခဲ့ရသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA က ဇန်နဝါရီလ ၄ ရက်တွင် ကိုးကန့်ဒေသကို ထိန်းချုပ်နိုင်ပြီးနောက် စစ်ရေးအုပ်ချုပ်မှုကော်မတီမှ မူးယစ်ဆေးဝါး ပပျောက်ရေး၊ တရားမဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရေးတို့ကို လုပ်ဆောင်ရန် “အထူးစစ်ဆေးရေးနှင့် ပြန်လည်ထူထောင်ရေးဌာန”ကို ဖေဖော်ဝါရီလ ၂ ရက်တွင် ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

အခြားတစ်ဘက်တွင် MNDAA သိမ်းပိုက်ထားသည့် ကိုးကန့်ဒေသနှင့် လောက်ကိုင်မြို့သို့ ဝင်ရောက်နိုင်ရန် အတွက် ဒေသခံတစ်ဦးမှ ကွမ်းလုံ တံတားထိပ်တွင် လာရောက်အာမခံ ခေါ်ဆောင်ရမည်ဆိုသည့် သတ်မှတ်ချက်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က စတင်ကျင့်သုံးနေကြောင်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူများက ပြောဆိုသည်။

ထို့အပြင် ညီနောင်မဟာမိတ်တပ်များ၏ “၁၀၂၇ စစ်ဆင်ရေး” ကာလ ဇန်နဝါရီ ၄ ရက်တွင် ဖြစ်ပွားခဲ့သည့် လောက်ကိုင်မြို့ အခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် မှ  စစ်သည်နှင့် မိသားစု စုစုပေါင်း ၃,၆၀၀ ကျော် အစုလိုက် အပြုံလိုက် လက်နက်ချမှုသည် စစ်တပ် သမိုင်းတွင် ရှက်စရာကောင်းသည့် ဖြစ်ရပ်ဟု ဆိုကာ လောက်ကိုင် (ဒကစ)ကို အပြီးတိုင် ဖျက်သိမ်းရန် စစ်ခေါင်းဆောင်က အမိန့်ပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

ဓါတ်ပုံ - ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်
August 21, 2026
သျှမ်းပြည်အတွင်း စစ်ရေးပဋိပက္ခများနှင့် စီးပွားရေး ကျပ်တည်းမှုများကြောင့် ယခု ၂၀၂၆-၂၀၂၇...
(တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးအမှတ် ၁ တံတား နယ်စပ်ဂိတ် မြင်ကွင်း။)
August 21, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့်...
August 20, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က...
ဓာတ်ပုံ - (သျှမ်းတောင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ် / Crd)
August 20, 2026
စစ်အုပ်စုတပ်၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်...