စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တပ်မဟာ(၃)နယ် မြေအတွင်း နေအိမ်အလုံး(၃၀)ကျော်မီးလောင်ပြာကျ

စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တပ်မဟာ(၃)နယ် မြေအတွင်း နေအိမ်အလုံး(၃၀)ကျော်မီးလောင်ပြာကျ

ကေအဲန်ယူ-ကရင်အမျိုးအသားအစည်းအရုံး၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ တပ်မဟာ(၃)နယ် မြေအတွင်း စစ်ကောင်စီခြေမြန်တပ်ရင်း(ခမရ-၃၀၇) နှင့် ပိန်းဇလုပ်အခြေစိုက် ခြေလျင်တပ်ရင်း(ခလရ-၂၆၄) တို့မှ ၄ ရက် တာအတွင်း လက်နက်ကြီး အလုံးရေး တစ်ရာကျော် ပစ်ခတ်မှုကြောင့် အရပ်သားနေအိမ် ၃၄လုံး မီးလောင်ပြာ ကျပြီး အခြားနေအိမ် နှင့် ဘုန်းတော်ကြီးကျောင်းများ ထိခိုက် ပျက်စီးသွားကြောင်း ကေအဲန်ယူ ဗဟိုမှ ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၁) ရက်ကနေ့မှ ယမန်နေ့ (၂၄) ရက်နေ့အထိ လေးရက်တာအတွင်း စစ်ကောင်စီမှ  ကျောက်ကြီးနှင့် ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာနေအိမ်များကို လက်နက်ကြီး အလုံးတစ်ရာကျော် ရမ်းသမ်း ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လူနေအိမ်များအပြင် ဘုန်းတော်ကြီး ကျောင်းပါ ထိမှန်သွားကြောင်း ကေအဲန်ယူက ဆိုသည်။

ဖေဖော်ဝါရီလ(၂၁) ရက်နေ့က ပိန်းဇလုပ် အခြေစိုက် (ခလရ-၂၆၄) တပ်စခန်း နှင့် (ခမရ-၂၀)တပ်ရင်းတို့မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ချုံအင်းကျေးရွာ၊ တောင်ခင်ကျေးရွာရှိ နေအိမ်များ ပျက်စီးခဲ့ရပြီး တောင်ခင်ကျေးရွာအတွင်းရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း (၁)လုံး လက်နက်ကြီးထိမှန် ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ထို့အပြင်‌ ရွှေကျင်မြို့နယ်တွင်လည်း ဖေဖော်ဝါရီလ(၂၂)ရက်နေ့က (ခမရ-၃၀၇) ရွှေဝါတပ်ရင်းမှ လက်နက် ကြီးပစ်ခတ်မှုများကြောင့် နတ်သံကွင်းမြို့ အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ ဝင်များမှ ဒရူန်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာအတွင်းရှိ နေအိမ်များနှင့် ပြည်သူပိုင် နွားတင်းကုပ်များ မီးလောင်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ထားချက်အရ သိရသည်။

ဆက်လက်ပြီး ဖေဖော်ဝါရီလ(၂၃)ရက်နေ့ နှင့်(၂၄)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ နတ်သံကွင်းမြို့ သို့ လက်နက်ကြီး အလုံးရေ (၆၇)လုံး ပစ်ခတ်ခဲ့သောကြောင့် နတ်သံကွင်းမြို့ရှိ ဒေသခံ များ၏ နေအိမ်များ ထပ်မံ မီးလောင်ပျက်စီးခဲ့ခြင်းဖြစ်သည်။

ထိုသို့ လက်နက်ကြီးမှား ပစ်ခတ်ရာတွင် စစ်ကောင်စီအနေဖြင့်  ဟောင်ဝိစ်ဇာ အမြောက်များ၊ (၆၀ မမ)လက်နက် ကြီးများအပြင် ဒရုန်းများကိုပါ အသုံးပြု၍ တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့ကြောင်း စစ်ရေး သတင်းအရင်း အမြစ်များက ဆိုသည်။

April 29, 2026
မြဝတီ-မဲဆောက်ကုန်သွယ်ရေးတံတားအမှတ်(၂)ကို ပြန်လည်ဖွင့်လှစ်တော့မည့်သတင်းများ ထွက်ပေါ်လာအပြီး ဧပြီလ...
April 28, 2026
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အခြေစိုက် စစ်အုပ်စုနှင့် DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့က ဂျိုင်းမြစ်နှင့်...
April 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်အုပ်စုဝေါလေဗျူဟာစခန်းကို...
Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...