ချင်းပြည်နယ် ပလက်ဝမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ နှစ်ရက် ဆက်တိုက်ပစ်ခတ်လို့ ဒေသခံလူ ၅ ယောက်သေဆုံး

ချင်းပြည်နယ် ပလက်ဝမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ နှစ်ရက် ဆက်တိုက်ပစ်ခတ်လို့ ဒေသခံလူ ၅ ယောက်သေဆုံး

ချင်းပြည်နယ်တောင်ပိုင်းက ပလက်ဝမြို့ကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားဖြင်းမရှိဘဲ နှစ်ရက်ဆက်တိုက် လေကြောင်းနဲ့ တိုက်ခိုက်တာ ခံရလို့ ဒေသခံလူ ၅ ယောက်ဟာ ပွဲချင်းပြီး သေဆုံးတယ်လို့ ဒေသခံအခြေစိုက်သတင်းဌာနက ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့၊ နှစ်ရက်ဆက်တိုက် ပလက်ဝမြို့ကို လေကြောင်းနဲ့ ဗုံးကြဲသည်သာမက စက်သေနတ်တို့နဲ့ အကြောင်းမရှိ ပစ်ခတ်တိုက်ခိုက်ကာ အသက် ဆယ်နှစ်အောက် ကလေး ၂ ယောက် အပါအဝင် လူ ၅ ယောက် သေဆုံးတယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့်ဘဲ ပလက်ဝမြို့က လူနေအိမ်သုံးလုံးနဲ့ ပလက်ဝနယ် နှစ်ခြင်းနယ်အဖွဲ့ရုံး အဆောက်အဦးလည်း ထိခိုက်ပျက်စီးတယ်လို့ သိရပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ရက္ခိုင့်တပ်တော်( AA)က အပြီးသတ် သိမ်းပိုက်ခဲ့ကာ ထိန်းချုပ်ထားကြောင်း ကြေညာပြီးနောက် စစ်ကောင်စီတပ်က အခုလို တိုက်ပွဲမရှိဘဲ လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

Most read this week

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...