စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြန်ပြီးနောက် ချင်းပြည်နယ် ဟားခါးမြို့မှာ နိုင်ငံကူးလက်မှတ် ကုန်ကျစရိတ် ၁၀ ဆခန့် မြင့်တက်

စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြန်ပြီးနောက် ချင်းပြည်နယ် ဟားခါးမြို့မှာ နိုင်ငံကူးလက်မှတ် ကုန်ကျစရိတ် ၁၀ ဆခန့် မြင့်တက်

စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြန်ပြီးနောက် ချင်းပြည်နယ်၊ ဟားခါးမြို့မှာ နိုင်ငံကူးလက်မှတ်ပြုလုပ်ခ အရင်က ၁ သိန်းခန့်သာ ကုန်ကျရာမှ ယခုဆိုလျှင် ၁၀ဆ စျေးတက်ပြီး ယခု ကျပ် ၆ သိန်းမှ ၁၀ သိန်းခန့်အထိ ပိုကုန်နေရပါတယ်လို့ ဟားခါးဒေသခံတစ်ဦးက ပြောပါတယ်။

“ ပွဲစားတွေနဲ့ ပတ်စ်ပို့ရုံးဝန်ထမ်းတွေနဲ့ ပေါင်းပြီးတော့ အဲ့လောက် မြင့်တက်သွားတာ၊ ပတ်စ်ပို့သွားလုပ်တဲ့ သူတွေကလည်း သူတို့လက်ထဲ ရောက်ဖို့က အဓိကဆိုတော့ ကျသလောက်ရှင်းကြတာ။” လို့ ပြောပါတယ်။

ဟားခါးမြို့မှာ နိုင်ငံကူးလက်မှတ်ပြုလုပ်ခဟာ အရင်က တစ်သိန်းဝန်းကျင်လောက်သာ ကုန်ကျပေမယ့် နိုင်ငံတော်က စစ်မှုမထမ်းမနေရ အမိန့်စာ ထုတ်ပြန်ပြီးတဲ့နောက်ပိုင်း လူတစ်ယောက်က ၆သိန်းမှ ၁၀သိန်းထိ ကုန်ကျခံလုပ်နေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြန်ပြီးတဲ့ နောက်ပိုင်း ဟားခါးမြို့မှာ ပတ်စ်ပို့လုပ်တဲ့ လူငယ်တွေ အဆမတန်ပိုများလာပြီး ပတ်စ်ပို့ရုံးက တစ်ရက်ကို အယောက် ၁၀၀ ကန့်သတ်ထားကာ အခုထိ ပတ်စ်ပို့လာလျှောက်သူ အယောက် တစ်ထောင်ဝန်းကျင် ရှိပြီလို့လည်း ထပ်မံဆိုပါတယ်။

မြန်မာနိုင်ငံကူးလက်မှတ်( ပတ်စ်ပို့)ရရှိရေးနဲ့ ပတ်သက်လို့ ငွေကြေးအဆမတန်တောင်းခံသူတွေနဲ့ ကြားခံပွဲစားတွေကို ဖော်ထုတ်အရေးယူမယ်လို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးက အသိပေးထုတ်ပြန်ထားပါတာလည်း ရှိပါတယ်။

July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...