ဖလမ်းမြို့ကို ဝိုင်းထားကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ် ပြော

ဖလမ်းမြို့ကို ဝိုင်းထားကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ် ပြော

ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်တွင် စစ်ကောင်စီတပ်စခန်းတခုသာရှိတော့ပြီး မြို့ကိုဝိုင်းထား ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)ထံမှ သိရသည်။

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)က စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်နှင့်အတူ CDM ပြု လုပ်ကြရန်သတိပေးသည့်အနေဖြင့် ဖေဖော်ဝါရီလ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ဖလမ်းမြို့အတွင်း၌ နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

“အခုဖလမ်းမြို့နယ်အတွင်းမှာ မြို့တွင်းစခန်းကလွဲလို့ ဘာတပ်စခန်းမှမရှိတော့ဘူး။ ဒီလိုအခြေအနေမှာ လက်နက်နဲ့ CDM ဝင်ကြဘို့ သတိပေးတဲ့အနေ အထားဖြစ်ပါတယ်။ ပြီးတော့ ကျနော်တို့ မြို့နဲ့နီးလာနေပြီ၊ ဝိုင်းထားနေပြီဆိုတဲ့ အချက်ပြတဲ့အနေနဲ့လည်း ဖြစ်ပါတယ်” ဟု CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ကျွန်ငိုင်းက မဇ္စျိမ ကိုပြောသည်။

ဖလမ်းမြို့အခြေစိုက် ခလရ(၂၆၈)တပ်ကုန်းမှ ဆင်းလာသည့် စစ်ကောင်စီတပ်သား ခုနစ်ဦးလိုက်ပါလာ သည့်ကားကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က ကျင်မွှာလ်ရပ်ကွက်တွင် ပစ်ခတ်ခဲ့သည် ဟု ဆိုသည်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်မှ ဒုဗိုလ်အပါအဝင် ဒဏ်ရာရရှိသူများရှိခဲ့သော်လည်း သေဆုံးမှုကို အတည်မပြုနိုင်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။

အဆိုပါတိုက်ခိုက်မှုအပြီး နေ့လည်ပိုင်းတွင် စစ်ကောင်စီတပ်ကုန်းမှ လိုင်းလွန်ကျေးရွာဖက်သို့ လက်နက် ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း အထိအခိုက်မရှိကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၀ရက် ယနေ့ မွန်းတည့် ၁၂ နာရီကလည်း ဖလမ်းမြို့ပေါ်လမ်းဆုံတွင် စစ်ဆေးနေသူများ နှင့် ဈေးအနီးတဝိုက်ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားများကို ပစ်ခတ်ခဲ့ကြောင်း ဆလိုင်းကျွန်ငိုင်း က ဆက်ပြောသည်။

“စနိုက်ပါနဲ့ပစ်တာ တယောက်သေသွားတယ်လို့ အတည်ပြုလို့ရတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့လယ်တွင် လမ်းသွားလမ်းလာများကို စစ်ဆေးရေးလျက်ရှိပြီး ကား သမားများထံမှ ငွေကြေးအဓမ္မကောက်ခံသဖြင့် ပြည်သူများအတွက် အနှောက်အယှက်ဖြစ်သောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီကအသက်သွင်းခဲ့သည့် စစ်မှုထမ်းဥပဒေသည် လတ်တလော ဖလမ်းမြို့နယ်အတွင်း သက် ရောက်မှုမရှိသေးသော်လည်း အထက်က အဓမ္မခိုင်းစေလာပါက အကောင်အထည်ဖော်လာနိုင်ကြောင်း ဆလိုင်းကျွန်ငိုင်းက သုံးသပ်ပြောဆိုသည်။

ယင်းဥပဒေနှင့် အကျုံးဝင်သောလူငယ်များအနေဖြင့် စစ်ကောင်စီတပ်၏ ဖမ်းဆီးချုပ်နှောင်မှုမခံရမီ CNO/CNDF အပါအဝင် နီးစပ်ရာ ကာကွယ်ရေးတပ်ဖွဲ့များထံဝင်ရောက်ကြရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက တိုက်တွန်းပြောဆိုခဲ့သည်။

March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...