စစ်ကောင်စီဟာ ရခိုင်လူမျိုးတွေအပေါ်အမုန်းတရားတွေဖြန့်ဝေနေတယ်လို့ သုတေသနစစ်တမ်းဖော်ပြ

စစ်ကောင်စီဟာ ရခိုင်လူမျိုးတွေအပေါ်အမုန်းတရားတွေဖြန့်ဝေနေတယ်လို့ သုတေသနစစ်တမ်းဖော်ပြ

လက်ရှိရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာ စစ်ရေးအရအသာစီးမရတဲ့စစ်ကောင်စီဟာ ရက္ခိုင့်တပ် တော်(AA)နဲ့ပတ်သက်ပြီး ရခိုင်လူမျိုးတွေအပေါ်အမုန်းတရားတွေဖြန့်ဝေနေတယ်လို့ ဗမာ့ရေးရာနှင့်ပဋိပက္ခ လေ့လာရေးအဖွဲ့ (BACS)က ဒီနေ့ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်ဖေဖော်ဝါရီလ(၇)ရက်နေ့နဲ့(၈)ရက်နေ့မှာ ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာအနီးရေကြောင်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့စစ်သင်္ဘော(၂)စီးနဲ့ဇက်သင်္ဘော(၁)စီးကို ရက္ခိုင့်တပ်တော်က အပြတ်အသတ်ချေမှုန်းတိုက်ခိုက်ခဲ့ပြီးတဲ့နောက် အမုန်းတရားတွေ ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

“သင်္ဘောနှစ်မြုပ်နေစဉ် ရေကူးတက်လာသူတွေကိုလည်း AAက သေနတ်နဲ့ပစ်သတ်တာ၊ နီးစပ်ရာကျေးရွာတွေက ရခိုင်လူမျိုးတွေက ဓားတွေနဲ့လိုက်ခုတ်သတ်တာ၊ ရဲမေတွေကိုရခိုင်တပ်တော် တပ်ဖွဲ့ဝင်တွေက မုဒိမ်းကျင့်သတ် ဖြတ်တာစတဲ့ မဟုတ်မမှန်သတင်းတွေဖြန့်ပြီး ရခိုင်လူမျိုးတွေအပေါ် အမုန်းတရားဖြန့်ဝေခဲ့ပါတယ်”လို့ BACSက ဆိုပါတယ်။

အဲ့ဒီအပြင် စစ်ကောင်စီထောက်ခံတဲ့လော်ဘီတွေက ၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်းကြောင့် သေဆုံးခဲ့ရသူတွေရဲ့ ရုပ်အလောင်းဓာတ်ပုံတွေကို သင်္ဘောမြုပ်ရာမှာ သေဆုံးခဲ့တဲ့ကလေးသူငယ်အလောင်းတွေအဖြစ် ဖော်ပြခဲ့ပြီး ၂၀၁၇ရခိုင်ပြည်နယ်လူမျိုးရေး အရေးအခင်းကဓာတ်ပုံတွေကို ပြန်အသုံးပြုပြီး “ဘဂါလီတွေ မင်းတို့ရခိုင်တွေကိုလိုက်သတ်တုန်းက AAဘယ်ရောက်နေလဲ စစ်တပ်ကရခိုင်တွေကို ကာကွဘ်စောင့်ရှောက်ခဲ့တယ် ရခိုင်တွေဟာ မိုခါ မုန်တိုင်းတုန်းက စစ်တပ်ရဲ့ကူညီမှုတွေအပေါ်အထောက်ထားတဲ့ မသိတတ်ကြတဲ့လူမျိုးဖြစ်တယ် ဆိုပြီး ရခိုင်လူမျိုးအပေါ် လူမျိုးရေးတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ဖော်ပြပါတယ်။

ရက္ခိုင့်တပ်တော်ဖက်ကတော့ ကျောက်တော်ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ရေယာဉ်(၃)စီးကို လက်နက်ချ အညံ့ခံဖို့ အကြိမ်ကြိမ်ကမ်းလှမ်းခဲ့ပေမယ့် စစ်ကောင်စီတပ်ဘက်က Dropဗုံးတွေ၊ လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ် ခဲ့တဲ့အတွက် ရေယာဉ်(၃)စီးကို တိုက်ခိုက်နစ်မြုပ်လိုက်ရတယ်လို့ဆိုပါတယ်။

BACSဟာ စစ်ကောင်စီအားပေးနေတဲ့ တယ်လီဂရမ်းတွေကိုနေ့စဉ်စောင့်ကြည့်နေပြီး ဖေဖော်ဝါရီလ(၃)ရက် နေ့ ကနေ(၉)ရက်အထိ စောင့်ကြည့်ကာလအတွင်း စစ်ကောင်စီလော်ဘီတွေဟာ တိုင်းရင်းသားဒေသများ အတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲတိုင်းအရှုံးနဲ့ရင်ဆိုင်နေရတဲ့အတွက် တအောင်းနဲ့ကချင်အကြား၊ ဗမာနဲ့ရခိုင်အကြား လူမျိုး ပဋိပက္ခတွေဖြစ်အောင်လှုံ့ဆော်မှုတွေကိုလုပ်နေတယ်လို့ဆိုပါတယ်။

July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...