အာဏာသိမ်းသုံးနှစ်အတွင်း NLD ပါတီဝင် ၁၀၀ ကျော် သတ်ဖြတ်ခံရ

အာဏာသိမ်းသုံးနှစ်အတွင်း NLD ပါတီဝင် ၁၀၀ ကျော် သတ်ဖြတ်ခံရ

စစ်တပ်အာဏာသိမ်းသုံးနှစ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ လွှတ်တော် ကိုယ် စားလှယ် ၂ ဦးအပါအဝင် ပါတီဝင် ၁၀၀ ကျော် သတ်ဖြတ်ခံလိုက်ရတယ်လို့ NLD ပါတီ လူ့အခွင့်အ ရေး မှတ်တမ်းကောက်ယူရေးအဖွဲ့ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

အာဏာသိမ်းချိန်ကစလို့ အခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့အထိ လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ အချက်အလက်တွေအရ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦးနဲ့ ပါတီဝင် ၁၉၀၅ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ချိပ်ပိတ်သိမ်းဆည်းမှုအရ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ၁၉၈ ဦးနဲ့ ပါတီဝင် ၂၃၇ ဦးတို့ရဲ့ ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်ခံခဲ့ရသလို နစ်နာဆုံးရှုံးမှုပေါင်း ၅၄၉ ခုအထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ အဖွဲ့ချုပ်ရုံးတွေကို အဓိကပစ် မှတ်ထားကာ ချေမှုန်းဖို့ ရည်ရွယ်ရင်းရှိတဲ့အတွက် NLD ပါတီရုံးတွေကို အကြိမ်ရေ စုစုပေါင်း ၁၆၄ ကြိမ် ဖျက်ဆီးမှု လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

အထူးသဖြင့် စစ်ကောင်စီဟာ အာဏာသိမ်းကာလအတွင်း အဆိုးဝါးဆုံး ကျူးလွန်မှုတွေအဖြစ် အပြစ်မဲ့ပြည်သူတွေကို အကြောင်းမဲ့ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာ၊ ပြည်သူတွေကို အရှင်လတ် လတ် မီးရှို့သတ်ဖြတ်တာ၊ နေအိမ်တွေကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ဆိုးရွားပြင်းထန်တဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်ကို နိုင်ငံတကာအသိုင်း အဝိုင်းအနေနဲ့ မြန်မာပြည်သူတွေအပေါ် လူသားချင်းစာနာ ထောက်ထားပြီး ချိုးဖောက်မှုတွေရပ်တန့်ဖို့နဲ့ ထပ်မံမဖြစ်ပွားဖို့၊ ကျူးလွန်သူတွေကို တာဝန်ခံမှုရှိစေဖို့ ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးကြဖို့ NLD ပါတီ ဗဟိုအလုပ်ကော်မတီက တိုက်တွန်းထားပါတယ်။

May 21, 2026
မကွေးတိုင်း ပွင့်ဖြူမြို့နယ် အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ရင်းကနေ အာဏာသိမ်း စစ်တပ်ဘက်ကို...
May 20, 2026
မွန်ပြည်နယ်မှာ စစ်တပ် ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲမှာ နေရာအများဆုံး အနိုင်ရရှိထားတဲ့...
ဓာတ်ပုံ - MOI
May 19, 2026
မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ အာဏာသိမ်း စစ်တပ် လက်အောက်ခံ ပြည်သူ့စစ် ဒေသအခေါ် ပျူစောထီးတွေက...
May 18, 2026
မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာမှာ နေရပ်ပြန်မယ့် ရေလုပ်သား ၅၀ ကျော်ကို စစ်ကော်မရှင်တပ်နဲ့...