NLD အမတ် ဝန်ကြီးချုပ်အဖြစ်ဦးဆောင်မယ့် Chinland (ချင်းပြည်) အစိုးရအဖွဲ့ကို ဖွဲ့စည်း

NLD အမတ် ဝန်ကြီးချုပ်အဖြစ်ဦးဆောင်မယ့် Chinland (ချင်းပြည်) အစိုးရအဖွဲ့ကို ဖွဲ့စည်း

Chinland Council က မတူပီ NLD အမတ် Pu Pa Thang ဝန်ကြီးချုပ်အဖြစ်ဦးဆောင်မယ့် ချင်းပြည်အစိုးရအဖွဲ့ကို ၀န်ကြီးဌာန ၁၄ ခုဖြင့် ဖွဲ့စည်းပြီဖြစ်ကြောင်း နွေဦးတော်လှန်ရေး ၃ နှစ်ပြည့်မြောက်တဲ့ ဒီနေ့ ဖေဖော််ဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

Chinland Council ကောင်စီ၀င် ၁၀၀ ဦးတက်ရောက်သော အဆိုပါအစည်းအ‌ဝေးမှာ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးချယ် တင်မြှောက်ရေးကော်မတီမှ အဆိုပြု တင်သွင်းသော ချင်းပြည်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ ချင်းပြည် တရားလွှတ်တော်ချုပ်၊ တရားသူကြီးချုပ်နှင့် တရားသူကြီးများကို အတည်ပြုခဲ့ခြင်းဖြစ်ပါတယ်။

အမျိုးသားကိုယ်ပိုင် ပြဌာန်းခွင့် အာမခံချက် ရှိသော ချင်းပြည် တည်ဆောက်ရေး၊ ချင်းအမျိုးသား တည်ဆောက်ရေးတွင် ချင်းအမျိုးသားပိုက်နက်နယ်မြေနှင့် ချင်းအမျိုးသားတစ်ရပ်လုံးကို ကာကွယ်စောင့်ရှောက်နိုင်ရေး၊ စစ်ရေးတွင် အမျိုးသားတပ်မတော်တည်ဆောက်ရေးနှင့် ချင်းအမျိုးသား လှုပ်ရှားမှုတွင် ချင်းပြည်သူလူထုတစ်ရပ်လုံး လက်တွဲ ပူးပေါင်း ပါဝင်ရေးတို့ကို အကောင်အထည်ဖော်သွားမည်ဟုဆိုပါတယ်။ချင်းပြည်ကောင်စီက ချမှတ်သည့် ရည်မှန်းချက် ပန်းတိုင်၊ မဟာဗျူဟာနှင့် နည်းဗျူဟာများကို ချင်းပြည်အစိုးရအဖွဲ့ အပါအဝင် မဏ္ဍိုင်ကြီး (၃) ရပ်က အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု သိရပါတယ်။

ချင်းပြည်ကောင်စီသည် မဏ္ဍိုင်ကြီး (၃) ရပ်ကို အခြေခံ၍ တော်လှန်ရေးကာလ ချင်းပြည်လူထု၏ ရေးရာ ကိစ္စအဝဝကို စီမံဆောင်ရွက်သွားမည်ဟု သိရသည်။ ထို့အပြင် အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်ချုပ်ငြိမ်းရေး၊ အမျိုးသားကိုယ်ပိုင် ပြဌာန်းခွင့် အားမခံချက် ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူးထောင်ရေးတို့တွင် စစ်ရေးနှင့် နိုင်ငံရေးကို ဟန်ချက် ညီညီဖော်ဆောင်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ အစိုးရများ၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် လက်တွဲသွားမည်ဟု သိရပါတယ်။

 ချင်းပြည်အစိုးရအဖွဲ့ကို Pu Pa Thang က ဝန်ကြီးချုပ်အဖြစ် တာဝန်ယူ၍ ဦးဆောင်သွားမည်ဖြစ်ပြီး ဝန်ကြီးဌာန (၁၄) ခုဖြင့် ဖွဲ့စည်းထားပါတယ်။

May 21, 2026
စစ်ကောင်စီတပ်ဖွဲ့ဟာ ချင်းပြည်နယ်အတွင်း  တားမြစ်ထားတဲ့ ပဒေသာဗုံး ( Cluster Bomb တွေနဲ့...
May 20, 2026
ချင်းပြည်အရေးပေါ် ကာကွယ်ရေး ရန်ပုံငွေအတွက် အရှေ့အလယ်ပိုင်းနိုင်ငံများ (Middle East)ကို...
May 19, 2026
ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်ဒေသတွေဖြစ်တဲ့ ကန်ပက်လက်၊ ကျောက်၊ ဆော နယ်အတွင်း...
May 18, 2026
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အခြေစိုက် CDF – Hakha တပ်ဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး...