ကရင့်တော်လှန်ရေးနေ့အခမ်းအနားအပြီး ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်တွင် စစ်ကောင်စီ လေကြောင်းဖြင့် တိုက်ခိုက်

ကရင့်တော်လှန်ရေးနေ့အခမ်းအနားအပြီး ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်တွင် စစ်ကောင်စီ လေကြောင်းဖြင့် တိုက်ခိုက်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ တပ်မဟာ(၃) ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်တွင်  ယမန်နေ့ ဇန်နဝါရီလ (၃၁)ရက်က ကျင်းပသော(၇၅)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အပြီးတွင် စစ်ကောင်စီက ဂျက်ဖိုက်တာ လေယာဉ်နှစ်စင်းဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု ကေအဲန်ယူက ယမန်နေ့တွင် ထုတ်ပြန်ထားသည် ။

ကရင်တော်လှန်ရေးနေ့ အခမ်းအနားအပြီး နေ့လည် ၁နာရီအချိန်ခန့်တွင် လယ်ဒိုမြို့နယ် ကွီးလား ကျေးရွာနှင့် ဆောထိမြို့နယ် ထီးဝါးကျေးရွာတွင် ဂျက်လေယာဉ်နှစ်စင်းနှင့် လာရောက်ပစ် ခတ်တိုက်ခိုက်သည့်အတွက် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးသွားခဲ့သည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။

ဒေသခံတစ်ဦးက“မနေ့က လေယာဉ်နဲ့သွားပစ်တဲ့အနီးမှာ တော်လှန်ရေးနေ့ အခမ်းအနားကျင်းပ တာရှိ တယ်။ ဒါပေမယ့် လေယာဉ်နဲ့လာပစ်တဲ့အချိန်မှာ ပွဲပြီးသွားပြီး အဲဒီနေရာက လူမရှိတော့ ထိခိုက်မှုတော့ မရှိဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

လေကြာင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ကွီးလားကျေးရွာတွင် ဆေးခန်းတစ်လုံး၊ ထမင်းရုံတစ်လုံးနှင့် အိမ်သာတစ်လုံးထိခိုက်ပျက်စီးသွားသလို ထီးဝါးကျေးရွာတွင် နေအိမ် ၂ လုံးနှင့် ဝက်တစ်ကောင်သေဆုံးခဲ့ကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။

ထို့အပြင် လယ်ဒိုမြို့နယ် ကြိတ်ကွင်းကျေးရွာတွင်လည်း ယမန်နေ့တွင် စစ်ကောင်စီဘက်မှ (၁၂၀ မမ) လက်နက်ကြီးနှင့် ပစ်ခတ်သည့်အတွက် ဒေသခံနေအိမ်နှစ်လုံး ထိခိုက်ပျက်စီးခဲ့သေးကြောင်းလည်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ခလယ်လွီထူခရိုင်ထဲတွင် ယမန်နေ့က ကျရောက်သည့် ၇၅ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အခမ်းအနားကိုသက်ဆိုင်မြို့နယ်၊ တပ်ရင်းတပ်ဖွဲ့နှင့် ကျေးရွာအုပ်စုအလိုက် အကျဉ်းရုံးဖြင့် ကျင်းပပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...
Photo : SHRF
May 20, 2026
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်သည့် ရှမ်း-တရုတ်နယ်စပ်၊...
May 19, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်အတွင်း ကွမ်းသီးခြောက် ဝယ်လိုအားနှင့်...
May 18, 2026
စစ်အုပ်စုသတ်မှတ်ထားသည့် စက်သုံးဆီရောင်းချမှုစနစ်နှင့် မှောင်ခိုလောင်စာဆီဈေးကွက်တွင် ဆီဈေး နှစ်ဆ...