ကော့ကရိတ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် လူသားဒိုင်းအသုံးပြု စစ်ကြောင်းထိုးနေ

ကော့ကရိတ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် လူသားဒိုင်းအသုံးပြု စစ်ကြောင်းထိုးနေ
ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်က ဒေသခံပြည်သူလူထုတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုစစ်ကြောင်းထိုးနေတယ်လို့ တော်လှန်ရေးအင်အားစုအဖွဲ့ ကျားဖြူစစ်ကြောင်းက ဇန်နဝါရီ ၂၆ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

၂ လနီးပါးကြာ တော်လှန်ရေတပ်ပေါင်းစုအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ်မှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာဖြစ်ပြီး အခုနှစ်ဦးပိုင်းက စတင်ကာ ကျားဖြူစစ်ကြောင်း ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ထိတွေ့တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားလျက်ရှိနေတာလို့ ဆိုပါတယ်။

ဇန်နဝါရီ ၂၂ ရက်နေ့ကနေ ၂၆ ရက်နေ့တို့မှာ စစ်ကောင်စီတပ်တွေက ကော့ကရိတ်မြို့နယ်အတွင်းရှိ မြို့သူမြို့ သား ဒေသခံတွေကို ဖမ်းဆီးကာ လူသားဒိုင်းပြုလုပ်ပြီး စစ်ကြောင်းထိုးလာတဲ့ ဖြစ်စဉ်တွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

စစ်ကောင်စီတပ်က လူသားဒိုင်း၊ လက်နက်ကြီးပစ်ကူ၊ ဒရုန်းတွေအသုံးပြုတိုက်ခိုက်နေပေမယ့် နေ့ စဉ်အထိနာနေပြီး ပြည်သူလူထုရဲ့ အိုးအိမ်အဆောက်အဦးတွေကိုလည်း ဖျက်ဆီးနေတယ်လို့ ကျားဖြူစစ်ကြောင်းက ပြောဆိုထားပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်စဉ်တွေအတွင်း စစ်ကောင်စီတပ်ဘက်က အနည်းဆုံး ၁၅ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သလို တော်လှန်ရေးအင်အားစုဘက်ကလည်း ရဲဘော်တစ်ဦးကျဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကော့ကရိတ်ဒေသခံပြည်သူတွေအနေနဲ့ကလည်း ဘယ်လိုသတင်းမျိုးတွေ ကြားနေရပါစေ တော် လှန်ရေးအဖွဲ့တွေထံ မေးမြန်းစုံစမ်းမှုမရှိဘဲ ကော့ကရိတ်မြို့တွင်းထဲကို ပြန်မလာကြဖို့နဲ့ လုံခြုံဘေးကင်းတဲ့နေရာတွေမှာသာ နေထိုင်ကြဖို့ ကျားဖြူစစ်ကြောင်းဘက်က အသိပေးထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ ကော့ကရိတ်မြို့ပေါ်တိုက်ပွဲကြောင့် ဒေသခံပြည်သူသောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး တိုက်ပွဲအခြေအနေတွေ အနည်းငယ်ပြန်လည်ငြိမ်သက်သွားတဲ့အခါ မြို့ခံတွေက ကော့ကရိတ်မြို့ထဲကို ပြန်ဝင်ရောက်ပြီး နေအိမ်ပြန်လည်ကြည့်ရှုတာ၊ ပစ္စည်းတွေ ပြန်လည်ယူဆောင်တာတွေ ရှိခဲ့တာပါ။

ကော့ကရိတ်မြို့ထဲကို ပြန်လည်ဝင်ရောက်လာတဲ့ ဒေသခံပြည်သူတွေဟာ သေနတ်နဲ့ပစ်ခတ်ခံရတာတွေရှိခဲ့တဲ့အတွက် အသက်သေဆုံး ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ကြသလို နှစ်ဖက်တိုက်ပွဲတွေအ တွင်း ဒေသခံပြည်သူတွေရဲ့ နေအိမ်အဆောက်အဦးပေါင်း ရာနဲ့ချီမီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။

July 4, 2026
မဲမသမာမှု အကြောင်းပြချက်ဖြင့် စစ်တပ်က နိုင်ငံ့အာဏာကို ၅ နှစ်ကြာ သိမ်းယူခဲ့ပြီးနောက် အပိုင်းလိုက်...
ဓာတ်ပုံ - HOS
July 3, 2026
စစ်တပ်အသွင်ပြောင်း အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍...
July 2, 2026
မွန်ပြည်နယ် သထုံမြို့အပြင် ဝင်းစိန်ကျေးရွာကနေ အာဏာသိမ်း စစ်တပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ကိုးဦးဟာ...
ဓာတ်ပုံ-PDF
July 1, 2026
တော်လှန်ရေးနဲ့ နိုင်ငံရေး အင်အားစုတွေအနေနဲ့ အချင်းချင်းကြား လက်နက်သုံး ဖြေရှင်းမှုတွေကို...