အာဏာသိမ်းမှုအတွင်း ကျောင်းသားထောင်ချီ မွန်အမျိုးသားကျောင်းတွေကို ပြောင်းရွှေ့လာ

အာဏာသိမ်းမှုအတွင်း ကျောင်းသားထောင်ချီ မွန်အမျိုးသားကျောင်းတွေကို ပြောင်းရွှေ့လာ

စစ်အာဏာသိမ်းမှုအပြီး လုံခြုံရေးအခြေအနေကြောင့် စစ်ကောင်စီလက်အောက်ခံစာသင်ကျောင်းကနေ မွန်အမျိုးသားပညာရေးကျောင်းကို ကျောင်းပြောင်းအပ်နှံမှု အခုပညာသင်နှစ်အထိ ကျောင်း သား ၁၅၀၀ ကျော် ရှိလာတယ်လို့ အစီရင်ခံစာတစ်စောင်က ဖော်ပြပါတယ်။

“အကျပ်အတည်းကာလ မွန်ဒေသအတွင်းရှိ ပြည်သူ့ဝန်ဆောင်မှုလေ့လာချက်” အစီရင်ခံစာမှာ အာ ဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း မတူညီတဲ့ ထိန်းချုပ်နယ်မြေတွေမှာ ပြည်သူ့ဝန် ဆောင်မှုအခြေအနေတွေကို ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) က သုတေသနပြုပြီး ဇန်န ဝါရီ ၂၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။

ပြည်သူ့ဝန်ဆောင်မှုကဏ္ဍတွေထဲမှာ ပညာရေးနဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီရဲ့ မွန်အမျိုးသားပညာရေးဝန်ဆောင်မှု အခြေအနေတွေကိုလည်း ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) ရဲ့ အ စီရင်ခံစာမှာ ပါရှိပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် စစ်ကောင်စီရဲ့ ပညာရေးကို မလိုလားတဲ့ အချို့ပြည်သူတွေက အခြားသောပညာရေး ဝန်ဆောင်မှုတွေကို အစားထိုးလာကြပြီး တစ်ဖက်မှာ စစ်ကောင်စီနဲ့ အပစ်ရပ်ထားတဲ့ မွန်ပြည်သစ်ပါတီရဲ့ မွန်အမျိုးသားပညာရေးကို အရင်ကထက် ပိုအားကိုးလာကြတာလို့ ဆိုပါတယ်။

အစီရင်ခံစာအရ စစ်တပ်အာဏာသိမ်းမှုအပြီး စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းကနေ တစ်ရွာမှာ ကျောင်းသားအယောက် ၂၀ ကနေ ၅၀ အထိ မွန်အမျိုးသားပညာရေးကျောင်းကို ပြောင်း ရွှေ့မှု ပိုများလာတာ ဖြစ်ပါတယ်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အထိ ကျောင်းသားအယောက် ၁၅၀၀ ကျော် မွန်အမျိုးသားပညာရေးကျောင်းကို ပြောင်း‌ရွှေ့လာမှုဟာ ဘယ်လိုအတန်းတွေက ကျောင်းပြောင်းအပ်နှံတာလဲဆိုတာကိုတော့ အစီရင်ခံစာမှာ မဖော်ပြထားပါဘူး။

မွန်အမျိုးသားပညာရေးဌာနမှာ အခြေခံပညာရေးအတန်းတွေဖြစ်တဲ့ မူလတန်း၊ အလယ်တန်း၊ အ ထက်တန်းအပြင် အဆင့်မြင့်ပညာရေးအတန်းဖြစ်တဲ့ ကောလိပ်အထိ ဖွင့်လှစ်သင်ကြားပေးနေတာပါ။

အစီရင်ခံစာဖော်ပြချက်အရ အာဏာသိမ်းပြီးနောက်ပိုင်းမှာ မွန်အမျိုးသားပညာရေးဌာနဟာ ပြည်သူတွေနဲ့ တွေ့ဆုံပြီး မွန်အမျိုးသားပညာရေးအတွက် ဝိုင်းဝန်းထောက်ပံ့ကြဖို့ လှုံ့ဆော်မှုတွေ ပိုမိုတွင်ကျယ်စွာ လုပ်ဆောင်လာကြပါတယ်။

မွန်အမျိုးသားပညာရေးဟာ နိုင်ငံတကာနဲ့ မွန်ပြည်သူတွေရဲ့ အလှူငွေနဲ့ လည်ပတ်နေရပြီး စစ်ကောင်စီအုပ်ချုပ်တဲ့ ဒေသတွင်းရှိ မွန်ရွာတချို့မှာ ပညာရေးလိုအပ်ချက်ဖြည့်ဆည်းဖို့ ရပ်ရွာရန်ပုံ ငွေနဲ့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေ တည်ဆောက်လာကြပါတယ်။

အဲဒီထဲမှာ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်မှာ မွန်အမျိုးသားပညာရေးဌာနအောက်ရှိ အဆင့်မြင့်ပညာရေးအနေနဲ့ မွန်အမျိုးသားကောလိပ်ကို မွန်ပြည်သစ်ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသ ညီစားစခန်းမှာ ပထမဦးဆုံး ဖွင့်လှစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မွန်အမျိုးသားကျောင်းတွေမှာ လူ့အရင်းအမြစ်ပိုင်းဆိုင်ရာ အခက်အခဲတွေနဲ့ ကြာမြင့်စွာ ရင်ဆိုင်နေရပေမယ့် အာဏာသိမ်းပြီးနောက်မှာတော့ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအောက်မှာ ခိုလှုံနေတဲ့ CDM ဝန်ထမ်းတွေက မွန်အမျိုးသားပညာရေးမှာ ဝင်ရောက်အားဖြည့်ကြတာ ရှိတယ်လို့ အစီ ရင်ခံစာက ဆိုပါတယ်။

မွန်အမျိုးသားစာသင်ကျောင်းတွေဟာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ စာသင် ကျောင်း ပေါင်း ၁၃၀ ကျော် ရှိနေပြီး ကျောင်းသူကျောင်းသား တစ်သောင်းကျော် တက်ရောက်သင် ကြားနေတယ်လို့ မွန်အမျိုးသားပညာရေး ကော်မတီရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Most read this week

December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...
December 18, 2025
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း လူငယ် ၁၀၀ ကျော်ကို စစ်ကော်မ...
Photo credit - MOI
December 17, 2025
နိုင်ငံတဝန်းမှာ စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲအား နှောင့်ယှက်ဟန့်တားမှုကြောင့် လူပေါင်း...
December 16, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့...