ပြည်သူ့အကျပ်အတည်းတွေကို အတတ်နိုင်ဆုံး ဖြေရှင်း ထောက်ပံ့ ကူညီပေးမယ်လို့ ရက္ခိုင့်တပ်တော် ထုတ်ပြန်

ပြည်သူ့အကျပ်အတည်းတွေကို အတတ်နိုင်ဆုံး ဖြေရှင်း ထောက်ပံ့ ကူညီပေးမယ်လို့ ရက္ခိုင့်တပ်တော် ထုတ်ပြန်

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်  မြိတ်ဝကျေးရွာနေ ဒေသခံတွေကို ဆန်၊ ငွေကြေး ထောက်ပံ့ပေးခဲ့ပြီး ပြည်သူ့အကျပ်အတည်းတွေကို အတတ်နိုင်ဆုံး ဖြေရှင်း ထောက်ပ့ံကူညီပေးခဲ့တယ် လို့ ရက္ခိုင့်တပ်တော်AA က ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပလက်ဝမြို့နယ် မြိတ်ဝကျေးရွာက ဒေသခံတွေဟာ တိုက်ပွဲတွေကြောင့် ၂၀၂၂ ခုနှစ် သြဂုတ်လ ကတည်းက အိန္ဒိယနိုင်ငံဘက်နဲ့ ရခိုင်ပြည်နယ်ဘက်တွေမှာ စစ်ဘေးရှောင်ခဲ့ကြရပြီး လက်ရှိ အိမ်ထောင်စု (၁၃၆) အိမ်ထောင်စုသာ နေရပ်ကို ပြန်လာတာဖြစ်ပြီး ပြန်ရောက်လာတဲ့ အိမ်ထောင်စုတွေကို ရက္ခိုင့်တပ်တော်က ဆန်နဲ့ငွေကြေး ထောက်ပ့ံကူညီပေးတာတွေ လုပ်ခဲ့တာဖြစ်ပါတယ်။

မြိတ်ဝကျေးရွာဒေသခံတွေကို တစ်အိမ်ထောင်စုကို မြန်မာငွေ (၂၆၅၀၀)ကျပ်နဲ့ ဆန် (၇၃) ဗူးကျစီ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ရက္ခိုင့်တပ်တော်AA ကထုတ်ပြန်ထားပါတယ်။

ရက္ခိုင့်တပ်တော်AA က “စစ်တွင်းကာလ ဆင်းရဲဒုက္ခများကို အတူရင်ဆိုင်ခဲ့ကြသကဲ့သို့ ယခုစစ်ပွဲမရှိတော့သည့် အချိန်တွင်လည်းပြန်လည်ထူထောင်

ရေးလုပ်ငန်းများတွင် ပြည်သူ့အကျပ်အတည်းများကို အတက်နိုင်ဆုံးဖြေရှင်း ထောက်ပံ့ကူညီပေးသွားမယ်” လို့ ထုတ်ပြန်ထားပါတယ်။

ရက္ခိုင့်တပ်တော်AA ဟာ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း အားလုံးကို တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

တိ်ုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့  ပလက်ဝမြို့နယ်က ဒေသခံပြည်သူအများစုဟာ နေရပ်ပြန်မလာနိုင်ကြသေးဘူးလို့လည်း သိရပါ။

July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...