ပလက်ဝမြို့နယ်ထဲ စစ်ရှုံးလာသည့် စစ်ကောင်စီတပ်နှင့် ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ရာ စစ်ကောင်စီမှ ၁၀ ဦး သေဆုံး

ပလက်ဝမြို့နယ်ထဲ စစ်ရှုံးလာသည့် စစ်ကောင်စီတပ်နှင့် ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ရာ စစ်ကောင်စီမှ ၁၀ ဦး သေဆုံး

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲမှ စစ်ရှုံး၍ ထွက်ပြေးလာသော စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီက ၁၀ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိထားသူများရှိကာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေကြောင်း သတင်းရရှိသည်။

ဇန်နဝါရီလ ၂၀ ရက် နံနက် ၉ နာရီတွင် ပလက်ဝမြို့နှင့် ဆမီမြို့များတွင် ရက္ခိုင်တပ်တော် AA နှင့် တိုက်ပွဲများ ဖြစ်ပွားပြီး ထွက်ပြေးလာသော စစ်ကောင်စီတပ်နှင့် CNA ၊ CDF- မတူပီ၊ CDF- ပလက်ဝ ချင်းပူးပေါင်းတပ်တို့ လုံပန်ကျေးရွာအနီး Kapin ချောင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု CDF - မတူပီက ယနေ့ ဇန်နဝါရီလ ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီက ၃ ဦး သေဆုံးပြီး ၅ ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

ဇန်နဝါရီလ ၂၁ ရက် နံနက်ပိုင်းက စံတပ်ရွာတွင် ဒုတိယအကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီမှ ၇ ဦး ထပ်မံ သေဆုံးခဲ့သည်၊ ချင်းပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက်မရှိ ကောင်းမွန်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် စံတင်ကျေးရွာမှ ပြည်သူ့ဆေးရုံးကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပြီး ဆေးရုံးအတွင်းက ဆေးဝါးများ၊ မီးစက်များနှင့် ဆိုင်ကယ်များကို မီးရှို့သွားခဲ့သည်ဟု သိရသည်။

ထို့အပြင် ဇန်နဝါရီလ ၂၂ ရက်ကလည်း စစ်ကောင်စီတပ်သည် အနီးအနားမှ စစ်ဘေးရှောင်ပြည်သူ အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၃ ဦး၊ စုစုပေါင်း ၈ ဦးကို ဖမ်းဆီးခဲ့သည်ဟု သိရသည်။

သို့သော် ယနေ့ ဇန်နဝါရီလ ၂၃ ရက်တွင် ဖမ်းဆီးခံရသည့် အမျိုးသမီး အားလုံးကို ပြန်လွှတ်ပေးခဲ့ပြီး အမျိုးသား ၃ ဦးကို ပြန်လွှတ်ပေးပြီးဟု သတင်းရရှိသော်လည်း ပြန်ရောက်လာခြင်း မရှိသေးကြောင်း သိရသည်။

ယနေ့တွင်လည်း စစ်ကောင်စီတပ်ကို CNA ၊ CDF- မတူပီ၊ CDF- ပလက်ဝ အပါအဝင် ထပ်မံစစ်ကူရောက်လာသည့် CDF- Daai တို့က လိုက်လံတိုက်ခိုက်လျက်ရှိသည်ဟု သတင်းရရှိသည်။

လက်ရှိစစ်ရေးအခြေအနေများနှင့် ပတ်သက်၍ အသေးစိတ်မေးမြန်းနိုင်ရန် CDF - မတူပီထံ ဆက်သွယ်မေးမြန်းနေသော်လည်း ဆက်သွယ်၍ မရသေးပေ။

April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...
April 22, 2026
ချင်းပြည်တောင်ပိုင်းက တော်လှန်ရေးအင်အားစုများမှဖွဲ့စည်းထားသော CPU/ CPA ခေါင်းဆောင်များနှင့် ULA...