စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဘာအတွက် စစ်တိုက်ရကြောင်း သုံးသပ်ရန် NUG ဝန်ကြီးချုပ် တိုက်တွန်း

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဘာအတွက် စစ်တိုက်ရကြောင်း သုံးသပ်ရန် NUG ဝန်ကြီးချုပ် တိုက်တွန်း

စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဘာအတွက် စစ်တိုက်ရကြောင်းကို ပြန်လည်သုံးသပ်ရန် ဇန်နဝါရီ ၂၃ ရက်က ပြုလုပ်သည့် NUG အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြည်ထောင်စု၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းက ‌တိုက်တွန်းပြောဆိုသည်။

" စစ်ကောင်စီမှ ထိပ်ပိုင်း၊ အလယ်အလတ်နဲ့ အောက်ခြေစစ်သည် များလည်း မိမိတို့ ဘာကြောင့်စစ်တိုက်နေရသလဲ  ဆိုတာ ပြန်လည်သုံးသပ်စေချင်ပါတယ်။ အခုတိုက်နေကြရတဲ့ စစ်ပွဲတွေဟာ ကိုယ့်ပြည်သူတွေကို ကိုယ်ပြန်တိုက်နေကြရတဲ့ စစ်ပွဲတွေမို့ တိုင်းပြည်ကို ရန်သူ့ရန်မှ ကာကွယ်ဖို့ မဟုတ်တာကိုတော့ အားလုံး နားလည်ပြီး ဖြစ်မယ်ထင်ပါတယ်" ဟု ၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းက ‌ပြောသည်။

စစ်ကောင်စီ၏ ကျရှုံးမှုများ‌ကြောင့် ထိပ်ပိုင်းခေါင်းဆောင်ပိုင်းများတွင် အက်‌ကြောင်းရှိလာပြီး တဖက်တွင်လည်း  အမျိုး ၊ ဘာသာ ၊ သာသနာကို အသုံးချကာ ၎င်းတို့တည်မြဲရေးအတွက် လုပ်ဆောင်နေသည်ဟု ၀န်ကြီးချုပ်က ဆက်‌ပြောသည်။

" စစ်ခေါင်းဆောင်တွေဟာ ၎င်းတို့ စစ်ရှုံးလာတဲ့အခါ နိမ့်ကျတဲ့ နည်းပရိယာယ်မျိုးစုံနဲ့ ပြည်သူကို လှည့်စားလေ့ရှိတာကိုလည်း သတိပြုကြဖို့ လိုပါတယ်။ ခေါင်းစဉ်ပြောင်း၊ နေရာပြောင်းပြီး ပြည်သူကို တွေတွေဝေဝေ ဖြစ်လေမလားဆိုတဲ့ အတွေးနဲ့ စီမံဆောင်ရွက်ဖို့ ကြံစည်နေတာကိုလည်း ပြည်သူတွေ ကောင်းစွာသတိထားမိမှာပဲ ဖြစ်ပါတယ်" ဟု ၎င်းက ‌ပြောသည်။

လက်ရှိတွင် စစ်ကောင်စီသည် စစ်သားအင်အားကို အတင်းအဓမ္မ စုဆောင်းနေကြောင်းလည်း NUG ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုသည်။

" လက်နက်အားကိုး အနိုင်ကျင့်လို့ရမယ်လို့ ယုံကြည်နေကြတဲ့ စစ်ကောင်စီကတော့ သူတို့ မှားယွင်းစွာ ယုံကြည်မှုအတွက် အခုချိန်မှာ ပေးဆပ်နေကြရတာဖြစ်ပါတယ်။ ဒါကြောင့် အကြမ်းဖက်စစ်တပ်အတွင်းမှာ ရာထူးကြီးငယ်မရွေး စစ်သည်တွေကို ပြောကြားလိုတာကတော့ အချိန်မီ အမြင်မှန် ရရမယ့် အချိန်ဖြစ်နေပါပြီ။ သမိုင်းဝင် အမည်းစက်ကျန်ခဲ့မယ့် အခြေအနေကနေ ရုန်းထွက်ကြဖို့ကို ဒီနေရာကနေ တိုက်တွန်း လိုပါတယ်" ဟု ၎င်းက ‌ပြောသည်။

စစ်အာဏာသိမ်းပြီးချိန်မှစပြီး စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များသည်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်  ပြည်သူ့ကာကွယ်ရေးတပ်များထံ လက်နက်ချကာ ပြည်သူ့ရင်ခွင် ခိုလှုံမှုများ ရှိခဲ့သည်။

April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...