ပလက်ဝဒေသ သိမ်းပိုက်စဉ် သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေ AA ထုတ်ဖော်ပြသ

ပလက်ဝဒေသ သိမ်းပိုက်စဉ် သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေ AA ထုတ်ဖော်ပြသ
ဓာတ်ပုံ - AA
ဓာတ်ပုံ - AA

ချင်းပြည်နယ် ပလက်ဝဒေသအခြေစိုက်စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းတပ်မဌာနချုပ်ဖြစ်တဲ့ ခလရ (၂၈၉)၊ စကခ (၁၉) တို့ကို အပြီးသတ်သိမ်းပိုက်စဉ် သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို ရက္ခိုင့်တပ်တော် AA က ဒီနေ့ ဇန်နဝါရီ ၁၈ ရက်နေ့မှာ ထုတ်ဖော်ပြသလိုက်ပါတယ်။

စစ်ကောင်စီအတွက် စစ်ရေးအရ အရေးပါတဲ့ ချင်းပြည်နယ် ပလက်ဝဒေသတစ်ခုလုံးကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့မှာ ရက္ခိုင့်တပ်တော် AA က အလုံးစုံသိမ်းပိုက်နိုင်ခဲ့တာပါ။

ပလက်ဝဒေသတစ်ခုလုံးကို အလုံးစုံသိမ်းပိုက်ပြီဖြစ်တဲ့အတွက် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားနဲ့အာဏာစက် လုံးဝချုပ်ငြိမ်းသွားပြီဖြစ်ကြောင်းနဲ့ ပလက်ဝဒေသတစ်ခုလုံးကို ရက္ခိုင့်တပ်တော်မှ အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ပြီလို့ အဲဒီနေ့မှာပဲ အသိပေးထားပါတယ်။

Most read this week

ဓာတ်ပုံ - Social Media
September 5, 2026
နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်၊ မြဝတီမြို့နယ်၊...
ဓာတ်ပုံ - MOI
September 4, 2026
ပြည်သူ့စစ်မှုထမ်းအဖြစ် သတ်မှတ်ကာလ ၂ နှစ် တာဝန်ထမ်းဆောင်ပြီးသည့်သူများကို အလုပ်အကိုင် ရရှိရေး...
September 3, 2026
မွန်ပြည်၏ မြို့တော် မော်လမြိုင်မြို့တွင် အများပြည်သူ အသုံးပြုနေသည့် လမ်းပိုင်းအများစု...
September 3, 2026
စစ်အုပ်စုခေါင်းဆောင်၊ ကိုယ်တိုင်ခန့် သမ္မတနှင့် တပ်ချုပ်သစ်တို့၏ ထိုင်းခရီးစဉ်အပြီး လက်နက်ခဲယမ်း...