ပစ်ချခံ K-8W တိုက်လေယာဉ်ကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီးလိုက်ပြီဟု KHRG ထုတ်ပြန်

ပစ်ချခံ K-8W တိုက်လေယာဉ်ကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီးလိုက်ပြီဟု KHRG ထုတ်ပြန်
Photo-KHRG
Photo-KHRG

ကရင်နီပြည်တော်လှန်ရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ယခင်နှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပျက်ကျခဲ့သည့် စစ်ကောင်စီ၏ K-8W အမျိုးအစား လေယာဉ်တစ်စင်းကို စစ်တပ်က သွားရောက် မီးရှို့ ဖျက်ဆီးပစ်လိုက်ပြီဟု ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG က ဇန်နဝါရီ ၁၆ ရက် ညတွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် သံတောင်မြို့အနီးကမာဒီဖိုးလီကျေးရွာ လယ်ကွင်းသို့ စစ်ကြောင်းချီတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များကြား အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက်တစ်နေ့ ဒီဇင်ဘာလ ၁၅ရက်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ထိုလေယာဉ်ကို မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း KHRG ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နှစ်ဖက်တိုက်ပွဲဖြစ်ပွားရာ ကျေးရွာအနီးရှိ ဒေသခံပြည်သူ တစ်ဦး၏ စပါးကျီနှင့် တဲတစ်လုံးကိုလည်း အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့သေးသည်ဟုလည်း KHRG၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုး မောင်းနှင်သည့် ၎င်း K-8W တိုက်လေယာဉ်သည် ကချင်ပြည်နယ်နှင့် ကရင်နီပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၄၀ နီးပါးလုပ်ဆောင်ခဲ့ကြောင်းလည်း  ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ-IEC ၏ ထုတ်ပြန်ထားချက်အရ သိရသည်။

April 30, 2026
ကရင်ပြည်နယ်၊ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့အတွင်း ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင် ဆောင်သွား...
April 29, 2026
မြဝတီ-မဲဆောက်ကုန်သွယ်ရေးတံတားအမှတ်(၂)ကို ပြန်လည်ဖွင့်လှစ်တော့မည့်သတင်းများ ထွက်ပေါ်လာအပြီး ဧပြီလ...
April 28, 2026
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အခြေစိုက် စစ်အုပ်စုနှင့် DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့က ဂျိုင်းမြစ်နှင့်...
April 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်အုပ်စုဝေါလေဗျူဟာစခန်းကို...