အကျဉ်းသား ၃၀၀ နီးပါးကို TNLA ပြစ်ဒဏ်လျှော့ပေါ့လွတ်ငြိမ်းခွင့်ပေး၊ စစ်သုံ့ပန်တွေမပါဝင်

အကျဉ်းသား ၃၀၀ နီးပါးကို TNLA ပြစ်ဒဏ်လျှော့ပေါ့လွတ်ငြိမ်းခွင့်ပေး၊ စစ်သုံ့ပန်တွေမပါဝင်

အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျနေတဲ့ အကျဉ်းသူ/အကျဉ်းသား ၂၉၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြစ်ဒဏ်လျှော့ပေါ့ခံစားခွင့်ပေးလိုက်ပြီး အဲဒီထဲမှာ စစ်သုံ့ပန်တွေ မပါဝင်ဘူးလို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ဇန်နဝါရီလ ၁၂ ရက်နေ့မှာကျရောက်တဲ့ ၆၁ နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသားတွေကို လွှတ်ပေးခဲ့တာပါ။

အကျဉ်းသူ/အကျဉ်းသား ၂၉၂ ဦးထဲက ထောင်ဒဏ် ၁ လမှ ၅ နှစ်အထိ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ/အကျဉ်းသား ၂၃၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး ထောင်ဒဏ် ၇ နှစ်မှ နှစ် ၂၀ အထိပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ အကျဉ်းသား ၆၀ ကို ပြစ်ဒဏ်လျှော့ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အရင်က လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့တဲ့အထဲမှာ တိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်တွေ ပါဝင်ခဲ့ပေမယ့် ဒီတစ်ကြိမ်လွတ်ငြိမ်းချမ်းသာခွင့်မှာတော့ စစ်သုံ့ပန်တွေ မပါဝင်တော့ဘူးလို့ အသိပေးထားပါတယ်။

လက်ရှိမှာတော့ တအာင်းတပ်မတော်ဟာ ညီနောင်မဟာမိတ်တွေနဲ့အတူစစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ရဲ့ စခန်းကုန်းတွေ၊မြို့တွေကို သိမ်းပိုက်ထားနိုင်နေ ပြီး စစ်ကောင်စီတပ်သား ထောင်နဲ့ချီ လက်နက်ချအညံ့ခံထားရတဲ့ တော်လှန်ရေးအဖွဲ့အစည်း ဖြစ်ပါတယ်။

Most read this week

ဓာတ်ပုံ - Social Media
September 5, 2026
နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်၊ မြဝတီမြို့နယ်၊...
ဓာတ်ပုံ - MOI
September 4, 2026
ပြည်သူ့စစ်မှုထမ်းအဖြစ် သတ်မှတ်ကာလ ၂ နှစ် တာဝန်ထမ်းဆောင်ပြီးသည့်သူများကို အလုပ်အကိုင် ရရှိရေး...
September 3, 2026
မွန်ပြည်၏ မြို့တော် မော်လမြိုင်မြို့တွင် အများပြည်သူ အသုံးပြုနေသည့် လမ်းပိုင်းအများစု...
September 3, 2026
စစ်အုပ်စုခေါင်းဆောင်၊ ကိုယ်တိုင်ခန့် သမ္မတနှင့် တပ်ချုပ်သစ်တို့၏ ထိုင်းခရီးစဉ်အပြီး လက်နက်ခဲယမ်း...