စခန်းတစ်ခု အသိမ်းခံရပြီးနောက် စစ်ကောင်စီ တပ်သားများ စခန်း ၂ ခုမှ စွန့်ခွာထွက်ပြေး

စခန်းတစ်ခု အသိမ်းခံရပြီးနောက် စစ်ကောင်စီ တပ်သားများ စခန်း ၂ ခုမှ စွန့်ခွာထွက်ပြေး
Photo: KNU
Photo: KNU

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ဆောထိမြို့နယ်အတွင်းရှိ တောင် ခြေရင်းရှေ့တန်း တပ်စခန်းကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော်-KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် ကျန်ရှိသည့် စစ်ကောင်စီတပ်စခန်း ၂ ခုမှ တပ်သားများက စခန်းစွန့်ခွာထွက်ပြေးခဲ့ကြောင်း ကေအဲန်ယူ ဗဟိုက ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ သိမ်းပိုက်လိုက်သည့် တောင်ခြေရင်း ရှေ့တန်း  တပ်စခန်းနှင့် အပြန် အလှန် လုံခြုံ ရေးယူထားသည့် ဝင်းကလုံးစစ်စခန်းနှင့် ကွန်ဖဲ့စစ်စခန်း ၂ ခုမှ ခြေမြန်တပ်ရင်း (ခမရ−၃၅၂) စစ်ကြောင်း (၂)မှ စစ်ကောင်စီတပ်သားများသည် စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ပြီးနောက် KNLA ပူးပေါင်းတပ်ဘက်မှ ကွန်ဖဲ့ စစ် စခန်းတစ်ခုကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် နယ်မြေအတွင်း ခြေကုပ်ယူထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စခန်းကိုစွန့်ခွာ ထွက်ပြေး သွားခဲ့ပြီးသည့်နောက် မြို့နှင့်နီးစပ်သည့်စစ်စခန်းများထဲသို့ အင်အားဖြည့်ပူးပေါင်းသွားလျက်ရှိသည်ဟု KNU ကဆိုသည်။

ပြီးခဲ့သည့်ဒီဇင်ဘာလ ၂ ရက်နေ့တွင်လည်း ကေအဲန်ယူတပ်မဟာ (၃)နယ်မြေ၊ မူး(မုန်း)မြို့နယ်တွင် တပ်စွဲ ထားသည့် ခြေမြန်တပ်ရင်း (ခမရ-၅၉၀) တပ်ရင်းဌာနချုပ်၊မုန်းမြို့မရဲစခန်းနှင့် ကော့ပြင်တပ်စခန်း၊(ခမရ ၅၉၉)တပ်ရင်းဌာနချုပ်အပြင် မုန်းသာစည်တံတားကင်းကို KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က တိုက်ခိုက် ချေမှုန်း နိုင်ခဲ့သေးသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲများကြောင့်လည်း ကေအဲန်ယူ တပ်မဟာ ၃ နယ်မြေရှိ မြို့နယ်များတွင် KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်၏ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ လေကြောင်းတိုက် ခိုက်မှုဖြင့် ပြန်လည်တုန့်ပြန်ခဲ့သလို ကျေးရွာနေအိမ်များအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူများ၏ နေအိမ်ထိခိုက်ပျက်စီးမှုရှိသည့်အပြင် ထောင်နှင့်ချီသည့် ဒေသခံများလည်း ဘေးလွတ်ရာသို့ စစ်ပြေးရှောင်ခဲ့ကြရသည်။

April 21, 2026
ကရင်ပြည်နယ်၊ မူတြော်ခရိုင်(ဖာပွန်)တွင် စစ်အုပ်စုက အရပ်သားများကိုပစ်မှတ်ထားတိုက်ခိုက်မှု...
Photo: CJ
April 20, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက မင်းလက်ပံကျေးရွာရှိ ကျားဖြန့် (အွန်လိုင်းငွေလိမ်လည်မှု)...
April 11, 2026
“ကော်သူးလေအစိုးရကို ကော်သူးလေအုပ်ချုပ်ရေးကောင်စီဆိုပြီး ပြောင်းလဲသတ်မှတ်ဖို့ ရှိနေတယ်။...
Photo: KIC
April 11, 2026
ကော်သူးလေဖက်ရယ်ယူနစ်တည်ဆောက်ရေးတွင် အဓိကကျသော တော်လှန်ရေးကာလ ကော်သူးလေ ပဋိဉာဉ်ကို...