အင်းလေးစစ်ရှောင်များအတွက် ရိက္ခာများကို စစ်ကောင်စီ သယ်ခွင့်မပြု

အင်းလေးစစ်ရှောင်များအတွက် ရိက္ခာများကို စစ်ကောင်စီ သယ်ခွင့်မပြု

အင်းလေးဒေသတွင် စစ်ဆေးမှုများတင်းကျပ်လာပြီးနောက် စားနပ်ရိက္ခာများ သယ်ဆောင်မှုမပြုလုပ်သည့် အတွက်  စစ်ရှောင်များ စားဝတ်နေရေးအခက်အခဲ ဖြစ်နေကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် အင်းလေးဒေသ နမ့်ပန်ကျေးရွာအတွင်း စစ်ကောင်စီဘက်မှ  ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်မှ စ၍  စစ်ဆေးမှုများ ငွေတောင်းခံမှုများ ပြုလုပ်ကာ ဆန်၊စားဆီ၊ ခေါက်ဆွဲခြောက်၊ကုလားပဲတွေကို သယ်ယူဖြတ်သန်းခွင့် မပြုကြောင်း စစ်ဘေးရှောင်ကူညီသူအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စံကားဘက်  နမ့်ပန် ကနေစပြီး စစ်တယ်။ စစ်ဘေးရှောင်ကို သွားလှူတဲ့ ပစ္စည်းတွေကို  ပေးမသယ်ဘူး။ ဖုန်းတွေကိုလည်း စစ်တယ်။ကျနော်တို့ သွားလှူတာ ပစ္စည်းတွေကို ဘုန်းကြီးကျောင်းက ကားနဲ့ နမ့်ပန်ထိ ပြန်လာ ကဲ့ယူရတယ်။အစားအသောက်ဆိုရင် သယ်လို့မရဘူး။” ဟု စစ်ဘေးရှောင်ကူညီသူအမျိုးသားတစ်ဦးက ပြောသည်။

အင်းလေးဒေသ နမ့်ပန်ကျေးရွဦတွင်  ပအိုဝ်းပြည်သူ့စစ် (PNO) များစစ်ဆေးမှုတင်းကျပ်သည့် အတွက် သွားလာမှုအတွက်လည်း ခက်ခဲနေကြောင်းကိုပြည်သူ‌ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့တွေစစ်ဆေးနေတာက ရှိတာပေါ့။ အင်းအနောက်ဖက် ကမ်းကိုလည်းအဲ့လိုပဲ။သူတို့တွေက ကားတွေ ဘာတွေလာလို့ရှိရင်လည်း စစ်တယ် ဆန်အိတ်တွေလည်း သယ်လို့မရဘူး။ စစ်ရင်တော့ ရစ်တာပေါ့။ ကျနော်တို့တုန်းကတော့အိမ်မှာစားဖို့ဆိုပြီး ပေးခဲ့ရတာပေါ့။” ဟု အင်းလေးဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အလားတူ အောင်ပန်းဂိတ်၊ နောင်တရားဂိတ် ၊ပင်လောင်းမြို့အဝင်၊အထွက်ဂိတ်နှင့် ဆောင်းပြောင်းဂိတ်‌ တို့တွင် စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ် များက စားသောက်ကုန်များ၊ အဝတ်အစားများ၊ မိုးကာများ နှင့် ဆေးဝါးများကို သယ်ယူဖြတ်သန်းခွင့်မပြုကြောင်း သိရသည်။

ထိုပြင်အင်းလေးဒေသတွင်လည်း စက်သုံးဆီများ ပြတ်လပ်သွားကာ  ညောင်ရွှေမြို့ထိ တက်ဝယ်ရပြီး ဆီဆိုင်များတွင်လည်း တစ်ဦးလျှင် ကျပ် ၁ သောင်းဖိုးသာရောင်းပေးကြောင်း အင်းလေးဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်း-ကရင်နီတကြော “၁၁.၁၁ စစ်ဆင်ရေး”ကြောင့် နိုဝင်ဘာလ ၁၅ ရက်မှထွက်ပြေးလာပြီး၊ လက်ရှိတွင် သျှမ်းပြည် တောင်ပိုင်း ပင်လောင်း၊ ညောင်ရွှေ၊ အင်းလေးနှင့် ဆီဆိုင် ဒေသများတွင် ကရင်နီပြည်မှ အရေးပေါ် တိမ်းရှောင်လာပြီး ဘုန်းကြီးကျောင်းများနှင့် ဆွေမျိုးအိမ်များသို့ လာရောက် စစ်ဘေးရှောင်နေကြပြီး စားဝတ်နေရေး နှင့် အနွေးထည်များ လိုအပ်နေကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - Crd
August 25, 2026
ရှမ်းပြည် တောင်ပိုင်း၊ လင်းခေးခရိုင်အတွင်း စစ်အုပ်စုတပ်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ...
ဓာတ်ပုံ - Crd (ပင်းပက်သံမဏိစက်ရုံနေရာပုံ)
August 25, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့အနီးရှိ အရှုံးပေါ်နေသည့် ပင်းပက်သံမဏိစီမံကိန်းကို...
ဓာတ်ပုံ - Crd
August 24, 2026
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများကို...
ဓာတ်ပုံ - (RCSS/SSA) RCSS/SSA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်
August 24, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/...