မတူပီမြို့နယ်က စစ်ကောင်စီတပ်ကာကင်းစခန်းကိုဝင်ရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖက်က သေ ဆုံးမှုတွေရှိတယ်လို့ သတင်းထုတ်ပြန်

မတူပီမြို့နယ်က စစ်ကောင်စီတပ်ကာကင်းစခန်းကိုဝင်ရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖက်က သေ ဆုံးမှုတွေရှိတယ်လို့ သတင်းထုတ်ပြန်

ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့နယ်က စစ်ကောင်စီတပ်ရဲ့ကာကင်းစခန်းကို ယနေ့ ဒီဇင်ဘာလ(၁)ရက်နေ့ မနက်(၉)နာရီအချိန်မှာ CDF-Matupiက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီအရာရှိအပါအဝင် တပ်ဖွဲ့ဝင်(၇)ယောက် သေဆုံးတယ်လို့ CDF-Matupiက သတင်းထုတ်ပြန်ပါတယ်။

“ဗိုလ်ကြီးဖြိုးမင်းထက်အပါအဝင်(၇)ဦးသေဆုံးပြီး Ma-3 (၂)လက်၊ MA-5 Pistol(၁)လက် ကိုသိမ်းဆည်းရရှိခဲ့တယ်”လို့ CDF-Matupiက သတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီအပြင် အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ CDF-Matupiဖက်က ထိခိုက် ဒဏ်ရာမရှိဘဲ ကျန်းမာစွာဆုတ်ခွာနိုင်တယ်လို့သိရပြီး စစ်ကောင်စီဖက်က သေဆုံးကျဆုံးမှု အရေအတွက်တွေနဲ့ ပတ်သက်ပြီးတော့ Chin World Media အနေနဲ့သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ကာကင်းကုန်းစခန်းဟာ မတူပီမြို့နယ် မင်းတပ်-မတူပီလမ်းမကြီးပေါ်မှာရှိတဲ့ စခန်း တစ်ခုဖြစ်ပြီး မတူပီမြို့ပေါ်နဲ့ မတူပီမြို့ပေါ်ကနေ မင်းတပ်ဖက်ကိုသွားမယ့် ဒေသခံတွေကို လုံခြုံရေး အကြောင်းပြပြီး စစ်ဆေးရေး တွေ တင်းကြပ်ထားတဲ့ ကင်းစခန်းတစ်ခုဖြစ်တယ်လို့သိရပါတယ်။

အဲ့ဒီ စစ်ကောင်စီရဲ့ကာကင်းကုန်းစခန်းသိမ်းပိုက်ခဲ့တဲ့အချိန် မတူပီမြို့ပေါ် အခြေစိုက်တဲ့ စစ်ကောင်စီတပ်စခန်းဖက် ကလဲ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့သိရပြီး မတူပီမြို့ပေါ်ကဒေသခံတွေဟာ ကြောက်ရွံ့ထိတ်လန့်နေကြလို့ အိမ်ပြင်တောင်မထွက်ရဲကြဘူးလို့ မတူပီမြို့ကဒေသခံတွေကပြောပါတယ်။

July 14, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ် အထက်ပိုင်းရှိ ကျေးရွာ ၆ ရွာခန့်တွင် မြစ်ရေကြီးမှုကြောင့်...
July 9, 2026
အိန္ဒိယ - မြန်မာ နယ်စပ်ကုန်သွယ်ရေး အတွက် အသက်သွေးကြောဖြစ်သည့် ကလေး - တမူး လမ်းမကြီးပေါ်ရှိ...
July 4, 2026
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးနှင့် တရားမျှတမှုအတွက် ကြိုးပမ်းခဲ့သည့် ချင်းတိုင်းရင်းသူ တရား...
July 2, 2026
ကုန်ဈေးနှုန်းကြီးမြင့်နေတဲ့ ကာလမှာ  စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်ကို စစ်ဘေးရှောင်နေကြရတဲ့...