ကလေးမြို့ပေါ်က စစ်ကောင်စီတပ်စခန်းနဲ့နီးတဲ့အရပ်သားတွေအနေနဲ့ စစ်ဘေးရှောင်ခဲ့ရင် အိမ်ကိုမီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်ခံနေရ

ကလေးမြို့ပေါ်က စစ်ကောင်စီတပ်စခန်းနဲ့နီးတဲ့အရပ်သားတွေအနေနဲ့ စစ်ဘေးရှောင်ခဲ့ရင် အိမ်ကိုမီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်ခံနေရ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ပေါ်မှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သူတို့နေထိုင်တဲ့ စခန်း အနီးက အရပ်သားတွေအနေနဲ့အိမ်ကိုစွန့်ခွာပြီး စစ်ဘေးရှောင်တာတွေပြုလုပ်ခဲ့ရင် မီးရှို့ပစ်မယ်လို့ ခြိမ်းခြောက် တာခံရတယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ(၂၆)ရက်နေ့တုန်းက ကလေးမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)က မြို့တွင်း တိုက်ပွဲ အရှိန်မြင့်တင်တော့မယ်ဖြစ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်စခန်းတွေနဲ့နီးစပ်တဲ့ဒေသခံတွေအနေနဲ့ ဒီဇင်ဘာလ (၁၅)ရက် နေ့နောက်ဆုံးထားပြီး ရှောင်တိမ်းကြဖို့သတိပေးထားပြီးတဲ့နောက် စစ်ကောင်စီတပ်ဖက်က စစ်ဘေးရှောင် တာတွေပြုလုပ်ခဲ့ရင် နေအိမ်တွေကို မီးရဖျက်ဆီးလိုက်မယ်လို့ ခြိမ်းခြောက်ခဲ့တာလို့ ကလေးမြို့ ဒေသခံတွေက ပြောပါတယ်။

“စခန်းနဲ့နီးတဲ့အိမ်တွေကို တစ်အိမ်ပြီးတစ်အိမ်ဝင်ပြောတာပေါ့၊ စစ်ဘေးမရှောင်ကြနဲ့ သူတို့ပြောတဲ့ စကားတွေကို မယုံကြဖို့ကိုလဲမှာတယ်ပေါ့၊ တကယ်လို့ စစ်ဘေးရှောင်တာတွေလုပ်မယ်ဆို အိမ်တွေမကျန်အောင် မီးရှို့လိုက် မယ်လို့ပြောတယ်”လို့ ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်ဖက်က ခြိမ်းခြောက်ပြောဆိုနေတာတွေအပြင် တော်လှန်ရေးအင်အားစုဖက်ကလဲ ရှောင်တိမ်းကြဖို့ပြောဆိုနေတာတွေကြောင့် စစ်ကောင်စီတပ်စခန်းနဲ့နီးစပ်နေတဲ့နေအိမ်တွေမှာနေတဲ့ ဒေသခံတွေဟာ အခက်တွေ့နေရတယ်လို့ ဒေသခံတစ်ယောက်ကအခုလိုပြောပါတယ်။

“ဘယ်လိုလုပ်ရမှန်းကိုမသိသေးဘူး ၊ ဘေးအိမ်တွေလဲတစ်ယောက်မှတော့မပြေးကြသေးတော့ ဒီအတိုင်းပဲဆက် နေရတာပေါ့၊ညဖက်ဆိုလဲ စခန်းဖက်ကသေနတ်တွေအသားကုန်ဖောက်တယ်၊ ကြောက်လဲကြောက်တယ်၊ စစ်ဘေးလဲမရှောင်ရဲပြန်ဘူး”လို့ပြောပါတယ်။

လက်ရှိအချိန်မှာ ကလေးမြို့ပေါ်မှာစစ်ကောင်စီတပ်ဖက်က လုံခြုံရေးအကြောင်းပြပြီး ဒေသခံတွေရဲ့ ဖုန်းတွေနဲ့ ဆိုင်ကယ်တူးဘောက်တွေကိုဖွင့်ပြီး စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။

September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...
ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...