၃ နှစ်နီးပါးစစ်ဘေးရှောင်ခဲ့ကြသည့် ကန်ပက်လက်ဒေသခံများ နေရပ်သို့ ပြန်လည်အခြေချလာ

၃ နှစ်နီးပါးစစ်ဘေးရှောင်ခဲ့ကြသည့် ကန်ပက်လက်ဒေသခံများ နေရပ်သို့ ပြန်လည်အခြေချလာ

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်ကနေ မကွေးတိုင်းဆောမြို့ဘက်ကို (၃) နှစ်နီးပါး စစ်ဘေးရှောင်ကြတဲ့ ကန်ပက်လက် ဒေသခံတွေဟာ ကန်ပက်လက်မြို့နယ်ဘက်မှာ ပြန်လည် အခြေချလာကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကန်ပက်လက်ဒေသခံတစ်ဦးက “ဆောဘက်မှာလည်း  အခြေနေဆိုးလာနိုင်တယ်ဆိုတဲ့ သတင်းတွေက ဖြစ်နေတော့  ကန်ပက်လက်စစ်ဘေးရှောင်တော်တော်များများက ကိုယ့်ဒေသဘက်ကို ပြန်လာကြတာ  တစ်ပတ်လောက်ရှိနေပြီ တချို့လည်း အခြေနေကောင်းတဲ့ ဆွေမျိုးနီးစပ်တဲ့ ရွာတွေဘက်ကိုပြန်သွားတာရှိသလို တချို့ကလည်း မြို့အနီးနားက ကိုယ့်တောင်ယာ၊ ဥယျဉ်ခြံမြေတွေမှာ ပြန်လာနေပြီး  ကိုယ့်ခြံအလုပ်လုပ်ရင်း နေတာတွေလည်း များတယ် မြို့ပေါ်ကိုတော့ သိပ်မပြန်လာကြသေးဘူး နောက်ပိုင်းတော့ ပြန်လာရင်လည်း ပြန်လာကြမှာပေါ့”လို့ပြောပါတယ်။

ကန်ပက်လက်မြို့ပေါ်က လူဦးရေဟာ  သုံးထောင်ဝန်းကျင်ရှိပြီး မြို့ပေါ်တွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့်  ဒေသခံ အများစုဟာ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်နဲ့ နီးစပ်တဲ့ မကွေးတိုင်းဆောမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။

ဒေသခံတစ်ဦးက “အခုစစ်ဘေးရှောင်ထွက်ပြေးကြတဲ့ သူတော်တော်များများက စားနပ်ရိက္ခာ အခက်ခဲဖြစ်ကြတယ် တနယ်ကနေ တနယ်ကို စားနပ်ရိက္ခာက သယ်လို့ကမလွယ်ကူဘူးလေ ရွာတွေဘက်ကို သွားတဲ့သူဆို ပိုတောင်ခက်ခဲသေးတယ် လမ်းပန်းဆက်သွယ်ရေးက မကောင်းဘူးဆိုတော့”လို့ပြောပါတယ်။

ကန်ပက်လက်မြို့နယ်က ဒေသခံတော်တော်များများဟာ  ဒေသတွင်းတိုက်ပွဲပဠိပက္ခတွေကြောင့် နေရပ်စွန့်ခွာပြီး နီးစပ်ရာ ဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတာ ၃ နှစ်နီးပါးရှိခဲ့ပါတယ်။ တိုက်ပွဲတွေပြန်လည် ဖြစ်ပွားလာမှာကိုလည်း ဒေသခံတွေအနေနဲ့ စိုးရိမ်နေကြပါတယ်။

April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...
April 21, 2026
ချင်းပြည်သူလူထု နဲ့ အာရက္ခပြည်သူတွေအကြား အပြန်အလှန်အကျိုးပြုနိုင်မယ့် ကိစ္စတွေ...
April 20, 2026
ဖလမ်း - ဟားခါး လမ်းမဘေးမှာတည်ရှိတဲ့ ဖလမ်းမြို့နယ် Tlangzar ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဧပြီလ ၁၈...
April 11, 2026
ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်း ပြီးခဲ့တဲ့ မတ်လ တစ်လအတွင်း စစ်အုပ်စုရဲ့...