ဘုရားသုံးဆူမြို့တွင် ‌စစ်‌ကောင်စီတပ် ဒုတပ်ရင်းမှူးတစ်ဦး ပစ်သတ်ခံရ

ဘုရားသုံးဆူမြို့တွင် ‌စစ်‌ကောင်စီတပ် ဒုတပ်ရင်းမှူးတစ်ဦး ပစ်သတ်ခံရ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် နိုဝင်ဘာလ ၂၃ ရက်၊ ယနေ့နံနက် ၉ နာရီဝန်းကျင်က စစ်ကောင်စီတပ်၏ ဒုတပ်ရင်းမှူးအဆင့်ရှိ ဗိုလ်မှူး အေးချမ်းဆိုသူ ပစ်သတ်ခံရ၍ သေဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

 အဆိုပါ ပစ်ခတ်ရှင်းလင်းခံရသည့် ဒုတပ်ရင်းမှူး ဗိုလ်မှူးအေးချမ်းသည် ကော့ကရိတ်မြို့ အခြေစိုက် ခြေလျင်တပ်ရင်း-ခလရ (၉၇)မှဖြစ်ပြီး ဘုရားသုံး ဆူမြို့သို့ တာဝန်ကျရာမှ ယနေ့နံနက်တွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ‌နယ်မြေခံ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ထံမှ သိရသည်။

နယ်မြေခံ တော်လှန်ရေးရဲဘော်တစ်ဦးက "‌စစ်ကောင်စီရဲ့ဒုတပ်ရင်းမှူး အေးချမ်း ဒီ မနက်မှာပဲ ပစ်သတ်ခံရတယ်။ ဆံပင်ညှပ်ဆိုင်မှာ ဆံပင်သွားညှပ်လို့ ပစ်သတ်ခံ လိုက်ရတာ။ သူကတော့ အဲ့မှာအမြဲသွားလာနေတယ်"ဟု ‌ကေအိုင်စီသို့ ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် ဘုရားသုံးဆူးမြို့တွင် စစ်ကောင်စီတပ်အပါအဝင် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ-PC၊ နယ်ခြားစောင့်တပ်-BGF၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBAနှင့် မွန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ လှုပ်ရှားရာနယ်မြေတစ်ခုဖြစ်သည်။

စစ်ကောင်စီတပ် ခလရ-၉၇ ဒုတပ်ရင်းမှူး ပစ်သတ်ခံရမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကို ထုတ်ပြန်ကြေညာလာခြင်းမရှိသလို ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဘုရားသုံးဆူမြို့တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် တပ်ထောက်ခံသူများ အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်ရှင်းလင်းခံရသည့် ဖြစ်စဉ်များလည်းရှိခဲ့သည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...