လွိုင်ကော်မြို့မှ UNနဲ့ INGO ဝန်ထမ်းတွေနဲ့ မိသားစုဝင်အပါအဝင် (၂၂၈)ဦး တိုက်ပွဲကြားက ရွေ့ပြောင်းနိုင်ခဲ့

လွိုင်ကော်မြို့မှ UNနဲ့ INGO ဝန်ထမ်းတွေနဲ့ မိသားစုဝင်အပါအဝင် (၂၂၈)ဦး တိုက်ပွဲကြားက ရွေ့ပြောင်းနိုင်ခဲ့

တိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီပြည် လွိုင်ကော်မြို့မှာ ရှိတဲ့ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့အစည်းများ ( UN ) နဲ့ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ ( INGO )  ဝန်ထမ်းတွေနဲ့ မိသားစုဝင် အပါအဝင် စုစုပေါင်း (၂၂၈) ဦးဟာ ရှမ်းပြည်နယ် တောင်ကြီးမြို့ကို လုံခြုံစွာ ရွှေ့ပြောင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နဲ့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) တို့က ယမန်နေ့ ( နိုဝင်ဘာလ ၁၈ ရက်နေ့ ) ညမှာ ပူးတွဲထုတ်ပြန်ပါတယ်။

အဲဒီလို ရွှေ့ပြောင်းနိုင်ဖို့အတွက် ၎င်းတို့ဖက်က စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ရှိခဲ့သလို ကရင်နီတော်လှန်ရေးတပ်ပေါင်းစု၊ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ( IEC ) ၊ အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG ) တို့နဲ့ လည်း ဆွေးနွေးညှိ့နှိုင်းခဲ့တယ်လို့  ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အတွင်းရေးမှူး ၂ ဦးဗညားက ပြောပါတယ်။

“ ဒီလမ်း ကြောင်းတွေမှာ တိုက်ပွဲမဖြစ်အောင် ဒီလမ်း သူတို့ ထွက်ခွာတဲ့ ကာလမှာ ရှင်းရှင်းပြောရရင် ကျနော်တို့ တိုက်ခိုက်မှုတွေကို နားထားရတာပေါ့။ ဒီလမ်းကြောင်းမှာ အလွယ်တကူ သွားလို့ရအောင် လုံခြုံရေးအရကတော့ မလိုအပ်ပဲနဲ့ ဝင်ရောက်နှောက်ယှက်တာတွေမလုပ်ပဲနဲ့ ပေးသွားတဲ့ဟာမျိုးပေါ့။ အဓိက ကျတာက အဲ့တာပဲနော။ ”

နိုဝင်ဘာလ ၁၅ ရက်နေ့မှာ မော်တော်ယာဥ် ၃၃ စီး နဲ့ ရွှေ့ပြောင်းခဲ့တာဖြစ်ပါတယ်။ လက်ရှိ လွိုင်ကော်မြို့ပေါ် စစ်ဇုန်အတွင်း မှာ ကျန်ရှိနေဆဲ ပြည်သူတွေကိုလည်း စစ်ကောင်စီဖက်က လုံခြုံစွာ ရွှေ့ပြောင်း ခွင့်ပေးဖို့ လိုအပ်တယ်လို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရွှေ့ပြောင်းပြီးသွားတဲ့ စစ်ရှောင် သုံးသောင်းခွဲအတွက်လည်း အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ မိုးကာတွေ လိုအပ်နေပါတယ်။ ဒါ့ကြောင့် UNနဲ့ INGO တို့ကနေ နယ်စပ်ဖြတ်ကျော်ရေးအစီအစဉ်ကို လက်တွေ့အကောင်အထည်ဖော်ပေးကြဖို့လည်း တောင်းဆိုထားပါတယ်။

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...