ထီးချိုင့်မြို့ပေါ်တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်နေရသူ ထောင်နှင့်ချီရှိနေ

ထီးချိုင့်မြို့ပေါ်တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်နေရသူ ထောင်နှင့်ချီရှိနေ

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့ပေါ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF ၊  KIA ပူးပေါင်း အဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ မြို့ပေါ်တိုက်ပွဲကြောင့် ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရမှုက တစ်ပတ်နီးပါးကြာမြင့်လာပြီလို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။

“  ဒီနေ့ကတော့  ဖြစ်မလားမဖြစ်ဘူးလားတော့မသိဘူး တိုက်ပွဲက ငြိမ်နေတယ်။ တချို့ဟာတွေလည်း ရက်ကြာမှာတဲ့၊ ပြန်မှာလို့တော့ဘယ်သူကမှ မပြောသေးဘူး။ ရက်ကြာမှာဆိုတော့ ဒုက္ခရောက်မှာကိုပဲ တွေးနေကြတာ” လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပြပါတယ်။

ထီးချိုင့်မြို့ပေါ်ရပ်ကွက်ရှိဒေသခံများ၊ ကုက္ကိုလ်ကုန်း၊ သရက်မှော်၊ ပိတောက်လှ ၊ မြတောင်၊ ဖုန်ကုန်းလေးကျေးရွာများမှ ဒေသခံများက မောင်းကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းများ ၊ တည်တော ၊ တခွပ်ချောင် စတဲ့ကျေးရွာဘက်ကိ ထွက်ပြေးတိမ်းရှောင်ကြတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်တွေအတွက် စားသောက်ရေးအတွက် လိုအပ်ချက်တွေရှိနေပြီး လက်ရှိမှာ ဘုန်းကြီးကျောင်းရှိ ဆန်များကိုသာ အဓိက မှီခိုစားသောက်နေကြရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုပါတယ်။

“ စစ်ရှောင်တွေက နှစ်ထောင်သုံးထောင်လောက်ရှိမှာနော်၊ မောင်းကုန်းမှာကြီးရှောင်တဲ့ဟာကြီးပဲကိုက ထောင်ဂဏန်းလောက်ရှိတယ်။ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ မရှိဘူးဆိုရင်တောင် ငါးဆယ်တစ်ရာလောက်ရှိတယ်။  ထောင်ချီရှိတာပါ့။ “ လို့ ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေသူတစ်ဦးက ပြောပြပါတယ်။

နိုဝင်ဘာလ (၈)ရက်နေ့မှစပြီး ထီးချိုင့်မြို့ပေါ်ရှိ စစ်ကောင်စီ တပ်စခန်းများကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကာ ရက်သတ္တတစ်ပတ်ကြာ တိုက်ခိုက်နေကြဆဲလည်းဖြစ်ပါတယ်။

ဒီနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ တိုက်ပွဲတည်ငြိမ်နေပြီး နှစ်ဖက် စစ်အင်အားတိုးချဲ့မှုတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေဆီကနေစုံစမ်းသိရပါတယ်။

ထီးချိုင့်မြို့ပေါ်တိုက်ပွဲကြောင့် မန္တလေး-မြစ်ကြီးနား လမ်းပိုင်း ၊ မန္တလေး-ဗန်းမော် လမ်းပိုင်း ပိတ်ထားရပြီး  ခရီးသည်တင်ကားများ ၊ ကုန်တင်ကာများ ဆယ်နှင့်ချီလည်း ဆက်လက်ပိတ်မိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...