PDF ထိန်းချုပ်နယ်မြေ ကောလင်းတွင် စစ်ဘေးရှောင် ၅ သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ

PDF ထိန်းချုပ်နယ်မြေ ကောလင်းတွင် စစ်ဘေးရှောင် ၅ သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
ဓာတ်ပုံ - Mekong News
ဓာတ်ပုံ - Mekong News

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို နိုဝင်ဘာလ ၆ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်၏ လေကြောင်းအန္တရာယ်ကို စိုးရိမ်သဖြင့် တိမ်းရှောင်နေရသည့် မြို့ခံ ၅၀,၀၀၀ ကျော်အတွက် စားနပ်ရိက္ခာနှင့် အဝတ်အထည်အကူအညီများ အရေးပေါ်လိုအပ်နေသည်။

ကောလင်းမြို့ခံများမှာ မြို့အနီးကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းများတွင် ခိုလှုံနေကြပြီး စားနပ်ရိက္ခာနှင့် အဝတ်အထည်များ အရေးပေါ်လိုအပ်နေကြောင်း ကူညီပေးနေသူများထံမှ သိရသည်။

“မြို့ခံငါးသောင်းဟာ မြို့ထဲသို့ အခုထိ ဝင်လို့ မရသေးဘူး။ မြို့အပြင်က ကျေးရွာတွေမှာ ရှောင်နေရတုန်းပဲ။ မြို့ထဲမှာတော့ PDF အဖွဲ့တွေပဲ နေရာယူထားတယ်” ဟု ကူညီပေးနေသူ ကောလင်းဒေသခံတစ်ဦးက ပြောသည်။

ဒေသခံတော်လှန်ရေးအဖွဲ့က ကောလင်းမြို့တွင်းကို ရှင်းလင်းရေးလုပ်နေမှုကြောင့် မြို့တွင်းသို့ ဝင်‌ရောက်ခွင့်အား ယာယီပိတ်ပင်ထားပြီး ဝင်ရောက်ခွင့်ရမည့်နေကို ထုတ်ပြန်ပေးမည်ဟု ကောလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထားသည်။

လက်ရှိမှာ တိမ်းရှောင်နေရသူများအတွက် ကူညီထောက်ပံ့ပေးမှုတချို့ ရရှိထားသော်လည်း လုံလောက်မှုမရှိသဖြင့် အကူအညီများ ထပ်မံလိုအပ်နေခြင်း ဖြစ်သည်။

“စားနပ်ရိက္ခာထောက်ပံ့မှုတွေနဲ့ လူအရေအတွက်နဲ့က မလုံလောက်ဘူး။ ရာသီဥတုအေးလာတော့ အနွေးထည်တွေ လိုလာပြီ။ အထောက်အပံ့ရအောင်တော့ ကြိုးစားနေပါတယ်” ဟု စစ်ဘေးရှောင်အရေးကူညီနေသူ နောက်တစ်ဦးက ပြောသည်။

ကောလင်းမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ရက္ခိုင့်တပ်တော် (AA) တို့က ဦးဆောင်၍ NUG လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ဒေသကာကွယ်ရေးတပ် တို့ပူးပေါင်းကာ နိုဝင်ဘာ ၅ ရက် နှင့် ၆ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...