ကာလုံနောက်ဆက်တွဲ နိုင်ငံအနှံ့ တိုက်ပွဲမြင့်တက်လာနိုင်

ကာလုံနောက်ဆက်တွဲ နိုင်ငံအနှံ့ တိုက်ပွဲမြင့်တက်လာနိုင်
နိုဝင်ဘာ ၈ ရက်နေ့ စစ်ကောင်စီ ကာလုံအစည်းအဝေး။ ဓာတ်ပုံ - Myanmar Military
နိုဝင်ဘာ ၈ ရက်နေ့ စစ်ကောင်စီ ကာလုံအစည်းအဝေး။ ဓာတ်ပုံ - Myanmar Military

စစ်ကောင်စီသည် နေပြည်တော်တွင် နိုဝင်ဘာလ ၈ ရက်နေ့က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းတွင် တိုက်ပွဲအရှိန် မြင့်တက်လာနိုင်ကြောင်း နိုင်ငံရေးအကဲခတ်တို့က သုံးသပ်နေကြသည်။

MNDAA၊ TNLA၊ AA ညီနောက်မဟာမိတ် ၃ ဖွဲ့ ဦးဆောင်သော ၁၀၂၇ စစ်ဆင်ရေးပြင်းထန်နေချိန်တွင် စစ်ကောင်စီက အရေးပေါ် ကာလုံအစည်းအဝေး ခေါ်လိုက်ခြင်းဖြစ်သည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့အပြင် KIA နှင့် PDF တပ်များကပါ ပူးပေါင်းတိုက်ခိုက်နေကြပြီး UWSA ‘ဝ’နယ်မြေများတွင် အင်အားဖြည့်တင်းမှုများ လုပ်ဆောင်ခဲ့ကြကြောင်း ပြောကြားသည်။

တရုတ်နယ်စပ် တိုက်ပွဲများဖြစ်သဖြင့် နှစ်နိုင်ငံဆက်ဆံရေး မထိခိုက်အောင် စစ်ကောင်စီက အထူးထိန်းသိမ်းကာ ဆောင်ရွက်နေရပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့ကိုလည်း လက်တုံ့ပြန်မှုများ လုပ်ဆောင်သွားမည်ဟု စစ်ခေါင်းဆောင်က ပြောကြားခဲ့သည်။

စစ်ကောင်စီ ယာယီသမ္မတ ဦးမြင့်ဆွေ ကလည်း  စစ်ကောင်စီအနေဖြင့် ရှမ်းမြောက်အရေးတွင် စွမ်းစွမ်းတမံ မဆောင်ရွက်လျှင် တိုင်းပြည် အစိတ်စိတ်အမွှာမွှာ ကွဲသွားနိုင်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေးသည် စစ်ကိုင်း၊ မကွေး၊ မန္တလေး စသည့် ပြည်မဒေသအထိပါ လှုပ်ရှားနိုင်မည်ဆိုပါက စစ်အာဏာရှင်တော်လှန်ရေး၏ အဆုံးအဖြတ်ကို ရောက်ရှိနိုင်မည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

“ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးနဲ့အပြိုင် KNPP(ကယား) ကလည်း ၁၁၀၇ စစ်ဆင်ရေးကြေညာပြီး တခြားသော တိုင်းရင်းသားလက်နက်ကိုင် ဒေသတွေမှာ တစ်ပြိုင်နက်တည်း တော်လှန်မှုတွေ ဖြစ်လာနိုင်တယ်။ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းတွေမှာ တော်လှန်မှုတွေ ပြင်းထန်လာနိုင်ပြီး နေပြည်တော်အထိ ရောက်လာနိုင်တာကို စစ်ခေါင်းဆောင်တွေက သိတာကြောင့် ဒီကာလုံအပြီးမှာ သူတို့တွေ(စစ်ကောင်စီ)ရဲ့ တုံပြန်တိုက်ခိုက်မှုဟာ ပိုပြီး ပြင်းထန်လာနိုင်တယ်” ဟု ဦးသန်းစိုးနိုင်က ပြောသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့က စတင်လိုက်သည့် ၁၀၂၇ စစ်ဆင်ရေးမှာ တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားအားလုံးကို ညီညွတ်မှုရရှိစေပြီး ယခုအခြေအနေကို စစ်ကောင်စီက ထိန်းသိမ်းနိုင်ခြေမရှိသဖြင့် EAOs အဖွဲ့အချို့နှင့် တော်လှန်ရေးတပ်ဖွဲ့များကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာလာနိုင်ကြောင်း နိုင်ငံရေးအကဲခတ်တို့က ဆိုသည်။

“အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်တွေက ဘယ်လိုထွက်လာမလဲ စောင့်ကြည့်ရမှာ။ ဥပမာ ဒီအဖွဲ့အစည်းတွေကို အကြမ်းဖက်အဖွဲ့အစည်း သတ်မှတ်လာနိုင်တယ်။ နောက် တစ်နိုင်ငံလုံးအနေနဲ့ အုံကြွတာတွေ ဖြစ်လာနိုင်တော့ နိုင်ငံရေး၊ စစ်ရေးအရ အပေးအယူတွေ ဖြေလျော့မှုတွေလည်း ဖြစ်လာနိုင်တယ်” ဟု နိုင်ငံရေးသုံးသပ်သူ ဦးဖေသန်းက  ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့က စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေး ၁၃ ရက်တာကာလအတွင်း စစ်ကောင်စီတပ်စခန်း ၁၅၀ ခန့်၊ စစ်လက်နက်အများအပြားနှင့် မြို့ ၆ ခုအထိ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဟု ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားသည်။

ရခိုင်လူထုဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(RCDF)မှ အသင်းသူတစ်ဦး သွေးလှူဒါန်းနေမှုကို တွေ့ရစဉ်။ ဓာတ်ပုံ - Ko Htun Iin (ပေးပို့)
May 26, 2026
စစ်အုပ်စု၏ လေကြောင်း အန္တရာယ်နှင့် ဒေသတွင်း စက်သုံးဆီ ဈေးနှုန်းများ အဆမတန်မြင့်...
ရခိုင်ပြည်အတွင်းက ကုန်စုံဆိုင်တစ်ဆိုင်အား တွေ့ရစဥ်။ ဓာတ်ပုံ - DMG
May 26, 2026
ရခိုင်ပြည်သို့ ကုန်စည်စီးဆင်းနေသည့် မကွေးတိုင်း ဆောမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က နေရာယူ...
May 25, 2026
ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်း တိုက်ရိုက်ထိစပ်နေသည့် မကွေးတိုင်းနှင့် ချင်းပြည်တောင်ပိုင်းက...
May 23, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို မေလ ၂၁ ရက်က...