ဗန်းမောက်မြို့ရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်စခန်းများကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်

ဗန်းမောက်မြို့ရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်စခန်းများကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့ အောင်သာကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များကို PDF တပ်ဖွဲ့များက ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့ မနက် ၇ နာရီဝန်းကျင်မှာ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ဗန်းမောက်မြို့ဒေသခံတွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။

တော်လှန်ရေးအင်အားစုများက ဗန်းမောက်မြို့ အောင်သာကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များကို မြစ်သေချင်းကျေးရွာ တောင်ကုန်းတစ်နေရာကနေ စတင်ပစ်ခတ်ရာကနေ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။

ယနေ့မနက် အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် မြို့ပေါ်ရပ်ကွက်တွေမှာ အေးဆေးဖြစ်နေပေမယ့် မြို့တွင်းလမ်းတွေပေါ်မှာတော့ လူအသွားအလာ မရှိတော့ဘူးလို့ ဗန်းမောက်မြို့ပေါ်ဒေသခံတစ်ဦးက အခုလို ပြောပြလာပါတယ်။  

“မြို့ပေါ်မှာတော့ အေးဆေးပါ့အေးမောင်၊ မြို့ပေါ်မှာတော့ အေးဆေးဆိုပေမယ့် အခု လမ်းပေါ်မှာ လူတစ်ယောက်ပ မရှိဘူး။ မြစ်သေးချင်းမှာ ချနေကြတာ။”

ဗန်းမောက်မြို့ပေါ်က ဖွင့်လှစ်ထားတဲ့ အခြေခံပညာကျောင်းလည်း ယနေ့မနက်ဖြစ်ပွားခဲ့တဲ့ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် စာသင်ကျောင်းကိုလာရောက်တဲ့ ကျောင်းသားတွေ မရှိတော့ဘူးလို့ ဗန်းမောက်မြို့ပေါ်က ကျောင်းသားမိဘတွေဆီကနေ သိရှိရပါတယ်။

“ဘာလာရဲတော့မလဲမောင် ကျောင်းသားမှာ။ ဒီလို ဒုန်း ဒုန်း ဒိုင်း ဒိုင်း ချနေတယ်ဆိုတော့ ကျောင်းသားမိဘတွေက မလွှတ်ခဲ့တော့ဘူးလေ။”

ယနေ့မနက် ပစ်ခတ်မှုတွေကြောင့်  လုံးကင်းကျေးရွာနှင့် ဗန်းမောက်မြို့ကြားရှိ လယ်ယာလုပ်ငန်းခွင်တွေမှာ  ပြည်သူတွေအနေနဲ့ သွားရောက်လုပ်ကိုင်တာတွေ မပြုလုပ်ကြဖို့ကိုလည်း တော်လှန်ရေးအင်အားစုများက ပိတ်ပင်ထားတယ်လို့ သိရှိရပါတယ်။

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...