ထီးချိုင့်မြို့တိုက်ပွဲကြောင့် ခရီးသည်တင်ကားနှင့် ကုန်တင်ကားဆယ်နှင့်ချီပိတ်မိနေ

ထီးချိုင့်မြို့တိုက်ပွဲကြောင့် ခရီးသည်တင်ကားနှင့် ကုန်တင်ကားဆယ်နှင့်ချီပိတ်မိနေ

မန္တလေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစပ် ထီးချိုင့်မြို့ပေါ် တိုက်ပွဲအတွင်းမှာ ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ ဆယ်နှင့်ချီ တိုက်ပွဲအတွင်း ပိတ်မိနေဆဲဖြစ်တယ်လို့ ခရီးသည်တွေဆီကနေ စုံစမ်းသိရပါတယ်။

“ အခုက ထီးချိုင့်တစ်ဖက်ကမ်းက ဘုန်းကြီးကျောင်းမှာ ဝပ်နေရတယ်။ အဲ့မှာ ဘုန်းကြီးကျောင်းမှာရှိတဲ့ ထမင်းတွေကို စားတာပါ့လေ။ ခရီးသည်တင်ကားလိုင်းက (၄)လိုင်းက လေးစီး ၊ တခြားကုန်တင်ကားတွေကောအများကြီးပဲ” လို့ ပိိတ်မိနေတဲ့ ခရီးသည်တစ်ဦးဆီက သိရပါတယ်။

နိုဝင်ဘာလ (၈)ရက်နေ့ မနက်ပိုင်းမှာ တိုက်ပွဲမဖြစ်ပွားမှီ ထီးချိုင့်မြို့အနီးရောက်ရှိလာတဲ့ ခရီးသည်တင်ကားတွေက ရှေ့မဆက်နိုင်ပဲ ဧရာဝတီမြစ် တစ်ဖက်ကမ်း မြတောင်ကျေးရွာမှာ သွားရောက်ခိုလှုံနေရတာဖြစ်တယ်လို့ ၎င်းထံကနေသိရပါတယ်။

မန္တလေး၊ရန်ကုန်မှ မြစ်ကြီးနားကို သွားမည့် ရွှေကချင်၊ ဘုရင်၊ တက်နေလင်း၊ Highclass စတဲ့ကားလိုင်းလေးခု နဲ့ ကုန်တင်ယာဉ် ဆယ်နှင့်ချီ ပိတ်မိထားတာဖြစ်တယ်လို့ သိရပါတယ်။

ခရီးသည်တင်ကားတွေက ပြန်လှည့်ပြန်ဖို့ မှိုင်းအန္တရာယ်ကြောင့် PDF တွေက ပြန်မလှည့်ခိုင်းသလို စစ်ကောင်စီကလည်း တိုက်ပွဲကြောင့် ရှေ့ဆက်မသွားဖို့ တားထားကြတယ်လို့ စုံစမ်းသိရပါတယ်။

လတ်တလော ပိတ်မိသူ နှစ်ရာနီးပါးရှိနေပြီး စားသောက်ရေးတွေ ပျက်လပ်လာနိုင်တယ်လို့ ခရီးသည်တွေနဲ့ ယာဉ်လိုင်းတာဝန်ရှိသူတွေက ပြောဆိုပါတယ်။

မနေ့က စတင်ပြီး ထီးချိုင့်မြို့ကို PDF နှင့် မဟာမိတ်များက မြို့သိမ်းတိုက်ပွဲဆင်နွဲနေတယ်လို့ သတင်းထွက်ပေါ်ပြီး  တိုက်ပွဲပြင်းထန်ခဲ့တာလည်းဖြစ်ပါတယ်။

အင်းတော်မြို့နယ် ပကဖက အင်းတော်-ထီးချိုင့်-တကောင်းလမ်းပိုင်းကို ဒီနေ့ကစတင်ပြီး ယာဉ်သွားလာမှုတွေကို တိုက်ပွဲတည်ငြိမ်သွားသည်အထိပိတ်ထားမယ်လို့ ကြေညာထားပါတယ်။

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...