ဟုမ္မလင်း လေယာဉ်လက်မှတ်များကို အွန်လိုင်းမှ လိမ်လည်ရောင်းချမှုတွေရှိနေ

ဟုမ္မလင်း လေယာဉ်လက်မှတ်များကို အွန်လိုင်းမှ လိမ်လည်ရောင်းချမှုတွေရှိနေ

မန္တလေး-ဟုမ္မလင်း လေယာဉ်လက်မှတ်များကို အွန်လိုင်းက တဆင့် လိမ်လည်ရောင်းချမှုတွေ ရှိနေတယ်လို့ ခရီးသည်တွေက ပြောပါတယ်။

နိုဝင်ဘာလ ၁ ရက်နေ့မှာ  မန္တလေးမြို့ကနေ ဟုမ္မလင်းကိုပြန်မယ့် ခရီးသည်တွေ အတည်ပြုပြောဆိုတာ ဖြစ်ပါတယ်။

“လေယာဥ်လက်မှတ်ထဲ ထူးခြားမှုရှိတာက သူတို့ပြင်ထားတာပေါ့လေ။ ဥပမာ ပုံမှန် ဒီနေ့တက်မယ့်လေယာဥ်က ၇ နာရီခွဲ ဆိုရင် သူတို့က လေယာဥ်လက်မှတ်ထဲမှာက ဘယ်လိုပြင်ထားသလဲ ဆိုတော့ ၉ နာရီခွဲဆိုပြီးတော့ ပြင် ထားတယ်။ ၉ နာရီခွဲရောက်လာတဲ့ အခါကြတော့ လေယာဥ်က တက်သွားနင့်ပြီ။ သူ့လက်မှတ် မဟုတ်တော့” လို့  လိမ်လည်ခံရသူနဲ့ နီးစပ်သူ တစ်ယောက်က ပြောပါတယ်။

လေယာဉ်လက်မှတ်တွေကို Photoshop နဲ့ အမည်ပြောင်း၊ အချိန်ပြောင်းလဲမှုတွေ ပြုလုပ်ပြီး ဝယ်ယူသူတွေ ဆီကို ပေးပို့ခဲ့တာဖြစ်တယ်လို့ လိမ်လည်ခံရသူ တချို့က ပြောပါတယ်။

ရှမ်းနီအသံက လိမ်လည်ခံရသူတွေရဲ့ လက်မှတ်နဲ့ လေကြောင်းလိုင်းက လက်မှတ်တွေ တိုက်ဆိုင် စစ်ဆေးကြည့် ချက် အရ ပြုပြင်ထားမှုတွေကို တွေ့ရပါတယ်။

နိုဝင်ဘာလ ၁ ရက်နေ့တည်းမှာပဲ ပုံစံတူ အလိမ်ခံရသူတွေ အနည်းဆုံး သုံးယောက် အထက် ရှိနေပါတယ်။

နီးစပ်သူ တစ်ယောက်က “ဘယ်နှစ်ယောက် ပါသွားသလဲဆိုတော့ ကျွန်တော့ ညီမတစ်ယောက်ရယ်။ ကျွန်တော် ညီမနဲ့ အတူတူ မဟုတ်တဲ့ တခြားသူတွေလည်း ရောက်လာတယ်။ တခြားသူတွေလည်း ပါတယ်လို့ပြောတယ်။ ကျွန်တော့် ညီမတစ်ယောက် တည်းတော့ မဟုတ်ဘူး။ ဖြစ်တဲ့ပုံစံတွေကတော့ အတူတူပဲ ဒီနေ့တစ်ရက် တည်းနဲ့တင်” လို့ ပြောပါတယ်။

7 star air tickets ဆိုတဲ့ facebook page က လိမ်လည် ရောင်းချခဲ့တဲ့ လက်မှတ်တွေဟာ   လေကြောင်းလိုင်း တွေက တရားဝင်ပေါက်စျေးထက် ငါးသောင်းကျပ် ဝန်းကျင် စျေးသက်သာနေတယ်လို့ ဆိုပါတယ်။

မန္တလေးကနေ ဟုမ္မလင်းမြို့ကို လက်ရှိမှာ လေကြောင်းလိုင်းတစ်ခုတည်းကိုသာ အသုံးပြုပြီး သွားလာနေရ တာကြောင့် ဒေသခံတွေက အွန်လိုင်း Page အမျိုးမျိုးကနေ လက်မှတ်ရရှိဖို့ အရေး ဝယ်ယူနေကြတာ ဖြစ်ပါ တယ်။

အခုလို အွန်လိုင်းကနေ တဆင့် လေယာဉ်လက်မှတ် လိမ်လည်ရောင်းချတဲ့ လူမှုကွန်ရက်စာမျက်နှာတွေက (၁၀) ခု ထက် မနည်းရှိနေကြောင်း ခရီးသွားတွေက ဆိုပါတယ်။

ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...
ရှမ်းနီအသံ (ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသတွင် ရေကြီးနေသည့်ပုံရိပ်များ)
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး...