ဝိုင်းမော်မြို့နယ်က ပယင်းကုန်သည်တချို့ကို ရဲများက ဖမ်းဆီးငွေတောင်းခံမှုမကြာခဏရှိနေ

ဝိုင်းမော်မြို့နယ်က ပယင်းကုန်သည်တချို့ကို ရဲများက ဖမ်းဆီးငွေတောင်းခံမှုမကြာခဏရှိနေ
Crd (ပုံစာ - ကျောက်စျေး)
Crd (ပုံစာ - ကျောက်စျေး)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ပယင်းလုပ်ငန်းလုပ်ကိုင်တဲ့ လူငယ်ကုန်သည် တချို့ကို အခုရက်ပိုင်း အတွင်းမှာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးငွေတောင်းခံမှု ရှိနေတယ်လို့ ပယင်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။

“အခုတလော ကျွန်တော်တို့ ဝိုင်းမော်ဘက်က ဒီရှမ်းတွေပေါ့နော် မြစ်ကြီးနား ကျောက်ဝိုင်းကနေ  ပယင်း ကျောက် သွားဝယ်ပြီးမှ ပြန်လာတဲ့အခါမှာ ဒီစစ်တပ်လည်းပါတယ်။ ရဲလည်းပါတယ်။ လမ်းမှာစောင့်ပြီးတော့မှ  ငွေညှစ်တာ အခေါက်ရေစိပ်စိပ်လေး ကြုံလာရတယ်။ တစ်ခါတစ်လေဆိုရင်  ဂိတ်နေရာ မဟုတ်ရင်တောင် လမ်းခုလပ် တစ်နေရာစောင့်ပြီး ဖမ်းတယ်” လို့ ဝိုင်းမော်ဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောပါတယ်။

ဝိုင်းမော်မြို့နဲ့ မြစ်ကြီးနားမြို့ကို ဆက်ထားတဲ့ ဗလမင်းထင်မြစ်ကူးတံတားအနီးက စုပေါင်းဂိတ်မှာလည်း ကျောက်ပါရင် စစ်ဆေးပြီး ဖမ်းဆီးငွေတောင်းခံမှုတွေ ရှိသလို ကျောက်ဝိုင်းနဲ့ အနီးမှာလည်း ဖမ်းဆီးပြီး ငွေတောင်းခံမှုတွေရှိတယ်လို့ ဆိုကြပါတယ်။

ပယင်းကျောက် အသေးအကြီးပေါ် မူတည်ပြီး ငွေကျပ် ငါးသိန်းဝန်းကျင်ကနေ သုံးသောင်းကျပ်အတွင်း တောင်းခံနေတာ ဖြစ်တယ်လို့ ဝိုင်းမော်မြို့ရှိ ပယင်းကုန်သည်တစ်ဦးက ပြောပါတယ်။

“သူတို့ ကျောက်အထုပ်ကြီးရင် ကြီးသလို လေးငါးသိန်း၊ သုံးလေးသိန်း၊ တစ်သိန်း နှစ်သိန်း  အဲ့လိုတွေ တောင်း တယ်။ ကျောက်ရောပါမှ တောင်းတဲ့သဘော” လို့ ပြောပါတယ်။

ဝိုင်းမော်မြို့နယ်အတွင်းက ပယင်းကျောက် ရောင်းဝယ်ရေး လုပ်ကိုင်နေသူတွေအတွက် လိုင်စင်ပြုလုပ်ပေးဖို့ တောင်းဆိုထားကြပေမယ့်လည်း မြစ်ကြီးနားမြို့ တစ်ခုတည်းသာ လိုင်စင်ခွင့်လုပ်ပေးထားပါတယ်။

ဝိုင်းမော်မြို့နယ် ဟာ အမည်းရောင်နယ်မြေဖြစ်တဲ့အတွက် လိုင်စင်လုပ်လို့ မရနိုင်ကြောင်းသာ စစ်ကောင်စီဘက် က တုံ့ပြန်ထားတယ်လို့ ပယင်းလုပ်ကိုင်သူတွေက ပြောပါတယ်။

လိုင်စင်မရှိတာကြောင့် ဝိုင်းမော်မြို့နယ်က ပယင်းကုန်သည်တွေဟာ မကြာခဏ ဖမ်းဆီးခံရမှုတွေ ရှိနေတယ်လို့ လုပ်ငန်းရှင်တွေက ပြောဆိုနေကြပါတယ်။

ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...
ရှမ်းနီအသံ (ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသတွင် ရေကြီးနေသည့်ပုံရိပ်များ)
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး...