အကြမ်းဖက်ဥပဒေနှင့် တရားစွဲခံထားရသည့် ပလက်ဝဒေသခံ နှစ်ဦးအမှု မစစ်ဆေးဘဲ ၁နှစ်ခွဲကြာ ရပ်ဆိုင်းထား

အကြမ်းဖက်ဥပဒေနှင့် တရားစွဲခံထားရသည့် ပလက်ဝဒေသခံ နှစ်ဦးအမှု မစစ်ဆေးဘဲ ၁နှစ်ခွဲကြာ ရပ်ဆိုင်းထား

ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂-က၊ ၅၂-ခ တို့ ဖြင့် တရားစွဲဆိုခံထားရသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က ဒေသခံနှစ်ဦးအမှုကို မစစ်ဆေးဘဲ ရပ်ဆိုင်းထား သည်မှာ ၁ နှစ်ခွဲကျော်အထိ ကြာမြင့်လာပြီဖြစ်ကြောင်း တရားစွဲဆိုခံထားရသူများ၏ မိသားစုဝင်များက ပြော သည်။

အဆိုပါအမှုတွင် စွပ်စွဲခံထားရသူ နှစ်ဦးနှင့် အမှုစစ်အရာရှိ ရဲတစ်ဦးတို့ကို စစ်ဆေးရန်သာ ကျန်ရှိတော့သော် လည်း ၂၀၂၂ ခုနှစ်၊ မတ်လမှစ၍ “တရားသူကြီး မရှိ”ဟုဆိုကာ မတူပီခရိုင်တရားရုံးမှ အမှုကိုမစစ်ဆေးဘဲ ရပ် ဆိုင်းထားသည်မှာ ၁ နှစ်နှင့် ၇ လအထိ ကြာမြင့်ခဲ့ပြီဖြစ်သည်။

အမှုကို နှစ်ကြာရှည် စစ်ဆေးခြင်းမရှိသဖြင့် တရားစွဲဆို ခံထားရသူများမှာ နစ်နာမှုများရှိနေသည်ဟု မိသားစု ဝင်များက ပြောသည်။

“အမှုရင်ဆိုင်နေရတာ ၃ နှစ်နဲ့ ၅ လတောင် ကျော်နေပြီ။ အခုထိ အမိန့်မချနိုင်သေးဘူး။ မတူပီဖက်မှာလည်း နိုင်ငံ ရေး ငြိမ်သက်မှုမရှိတော့ တရားသူကြီးလည်း မရှိတဲ့အတွက် အမှုမစစ်ရတာ ၁ နှစ်နဲ့ ၇ လတောင် ကြာနေပြီ။ ပြတ်သားတဲ့ အမိန့်တစ်ခုကို ချမှတ်ပေးစေချင်တယ်” ဟု တရားစွဲဆိုခံထားရသည့် ဦးအောင်သိန်းမင်း၏ ဇနီး ဒေါ်ယုယုက ပြောသည်။

တရားစွဲဆိုခံထားရသူ နှစ်ဦးမှာ ပလက်ဝမြို့နယ်ရှိ တရွန်အိုင်(ရခိုင်)ကျေးရွာမှ ဦးအောင်သိန်းမင်း အသက် ၄၂ နှစ် နှင့် ကျောက်တန်း(ရခိုင်)ကျေးရွာမှ တိုင်းရင်းသားဘာသာသင် ဆရာမ ဒေါ်ဘုမချေ အသက် ၂၄ နှစ် တို့ ဖြစ်သည်။

၎င်းတို့နှစ်ဦးကို AA နှင့် ဆက်စပ်မှုရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် တရွန်အိုင်ကျေးရွာမှ နောက်ထပ် ဒေသခံသုံးဦးနှင့်အတူ ဖမ်းဆီးခဲ့သည်။

ယင်းနောက် တရွန်အိုင်ကျေးရွာမှ ဒေသခံသုံးဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ဦးအောင်သိန်းမင်းနှင့် ဆရာမ ဒေါ်ဘုမချေတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး မတူပီခရိုင်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဖမ်းဆီးတရားစွဲဆိုခံထားရသည်မှာ ၃ နှစ်ကျော်ထိ ကြာမြင့်လာပြီဖြစ်သော်လည်း အမှုစစ်ဆေးခြင်း မပြီးမြောက်သေး၍ ဖမ်းဆီးခံထားရသူများအတွက် နစ်နာမှုရှိကြောင်း မိသားစုဝင်များကပြောသည်။

“အမှုတစ်ခုကို ၃ နှစ်ကျော်အထိ စစ်ဆေးမပြီးသေးဘူးဆိုတာက အမှုသည်နဲ့ မိသားစုအတွက်ပါ တော်တော် လည်းကို နစ်နာမှုရှိတယ်။ ဘာပဲဖြစ်ဖြစ် အမိန့်တစ်စုံတစ်ခုကို သူတို့ဖက်က ချမှတ်ပေးရမယ်။ တရားသူကြီး မရှိဘူးဆိုပြီး ရုံးမထုတ်ဘဲ ချုပ်နှောင်ထားတာက ဥပဒေကို လက်တလုံးခြားလုပ်နေတာဖြစ်တယ်” ဟု ရခိုင်က လူ့အခွင့်အရေးလှုပ်ရှားနေသည့် အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီက ရက္ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ရုတ်သိမ်းထားပြီဖြစ်၍ AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးတရားစွဲဆိုထားခြင်းမှာ မဖြစ်သင့်တော့ကြောင်းလည်း ၎င်းကဆက်ပြောသည်။

စစ်ကောင်စီအနေဖြင့် ငြိမ်းချမ်းရေးကို အလေးထားသည်ဆိုက AA သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုထားသူ များ ကို ပြန်လွှတ်ပေးသင့်ကြောင်း နိုင်ငံရေးသမားများကလည်း ပြောဆိုထားကြသည်။

DMG မှ ကောက်ယူထားသည့် စာရင်းများအရ စစ်ကောင်စီတပ်နှင့် AA တို့ကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ၂၀၁၈ ခုနှစ်ကုန်ပိုင်းမှစ၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံခဲ့ရသည့် ရခိုင်ဒေသခံ ၂၀၀ ကျော်ထဲမှ ယခု ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့အထိ လွတ်မြောက်လာသူ ၁၇၂ ဦးရှိပြီး မလွတ်မြောက် သေး သူ ၂၈ ဦးခန့် ကျန်ရှိနေသေးသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...