UNOCHA ၏ AHCT လုပ်ငန်းစဉ်သည် စစ်တပ်အတွက် အထောက်အပံ့ဖြစ်၍ CNC Tanintharyi ပါဝင်မည် မဟုတ်

UNOCHA ၏ AHCT လုပ်ငန်းစဉ်သည် စစ်တပ်အတွက် အထောက်အပံ့ဖြစ်၍ CNC Tanintharyi ပါဝင်မည် မဟုတ်

ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး - UNOCHA မှ ဆောင်ရွက်နေသည့် AHCT - လူ သားချင်းစာနာမှု ကူညီထောက်ပံ့ရေး အစီအစဉ်မှာ စစ်ကောင်စီနှင့် သက်ဆိုင်နေသောကြောင့် မြန်မာနိုင်ငံ တောင်ပိုင်းရှိ တနင်္သာရီဒေသ အရပ်ဖက်လူထုအဖွဲ့အစည်းများ ကိုယ်စားလှယ်အခင်းအကျင်းတွင် ပါဝင်မည် မဟုတ်ဟု သဘောထားထုတ်ပြန်လိုက်သည်။

UNOCHA မှ ဆောင်ရွက်နေသည့် AHCT (Area Humanitarian Country Team) လုပ်ငန်းစဉ် လူသားချင်းစာ နာမှု ကူညီထောက်ပံ့ရေး အစီအစဉ်သည် စစ်ကောင်စီနှင့် သက်ဆိုင်နေသည့်အတွက် မြန်မာ နိုင်ငံတောင်ပိုင်းရှိ တနင်္သာရီဒေသ အရပ်ဖက်လူထုအဖွဲ့အစည်းများ ကိုယ်စားလှယ် CSOs Nexus Consortium-Tanintharyi မှ AHCT အခင်းအကျင်းတွင် ပါဝင်မည်မဟုတ်ကြောင်း အောက်တိုဘာလ ၁၅ ရက်နေ့က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ယခုနှစ် (၂၀၂၃) ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့က နေပြည်တော်တွင် (UNOCHA) အကြီးအကဲ Mr. Martin Griffiths နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ နေပြည်တော်တွင် လူသားချင်းစာနာမှု အကူအညီပေးရေး ကိစ္စများအတွက် တွေ့ဆုံခဲ့ကြသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး သံတမန်ရေးရာအရ မြန်မာနိုင်ငံ၏ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုမှုရရှိရေး ကြိုးပမ်းနေသော အကြမ်းဖက် စစ်တပ်အတွက် အထောက်အပံ့ ဖြစ် သည်ဟု ထင်မြင်မိသောကြောင့် တနင်္သာရီဒေသ အရပ်ဖက်လူထု အဖွဲ့အစည်းများ ကိုယ်စားလှယ် အနေဖြင့် AHCT လုပ်ငန်းစဉ်တွင် မပါဝင်နိုင်ကြောင်း အတိအလင်း ဖော်ပြထားသည်။

CNC Tanintharyi တာဝန်ရှိသူ ကိုနေမိုးအောင်က “ပြည်သူတွေကို ဒုက္ခပေးနေတဲ့ လူ့အခွင့်အရေး ချိုးဖောက် နေတဲ့ ဒီစကစနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းကို သွားလုပ်တဲ့အတွက် စကစရဲ့လုပ်ရပ်တွေကို အသိအမှတ်ပြုရာ ရောက်တယ်ဆိုပြီး တိုင်းတာလို့ရတယ်။ ကျနော်တို့အမြင်အရဆိုရင် ဒါက ပြည်သူတွေ ဘေးဒုက္ခရောက်အောင် လုပ်နေတာ စကစဖြစ်တယ်။ အဲ့စကစနဲ့ပြန်ပြီး ပူးပေါင်းပြီးတော့မှ လူသား ချင်းစာနာထောက်ထားမှုအတွက် သဘောတူညီချက်သွားယူတယ်ဆိုလို့ရှိရင်တော့ ဒါက တစ်ဖက် လက်နဲ့ စကစကို အားပေးအားမြောက်ပြုရာ ရောက်တယ်ဆိုတာကို ပေါ်လွင်စေတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

၎င်း AHCT လုပ်ငန်းစဉ်သည် မြန်မာနိုင်ငံအတွင်း ဘေးဒုက္ခခံစားနေရသည့် ပြည်သူလူထုအတွက် UNOCHA ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းစဉ်ဖြစ်ပြီး ယခုနှစ်အတွင်း ပုံစံပြောင်းပြီး လုပ် ဆောင်လာကာ ဇုန်ငါးဇုန်ခွဲပြီး နိုင်ငံအဆင့်၊ အရှေ့မြောက်ပိုင်း၊ အနောက်မြောက်ပိုင် ၊ တောင်ပိုင်းဇုန်နှင့် ရခိုင်ဇုန် ဟူ၍ ငါးနေရာခွဲပြီး လုပ်လာလျက်ရှိကြောင်း CNC Tanintharyi မှ ကိုနေမိုးအောင်က ဆက်ပြောသည်။

တနင်္သာရီဒေသအတွင်းရှိ အရပ်ဖက်လူထုအဖွဲ့အစည်းတစ်ခုဖြစ်သည့် CNC Tanintharyi အနေဖြင့်လည်း ယခု ကာလသည် တော်လှန်ရေးကာလဖြစ်သည့်အတွက်ကြောင့် စစ်ကောင်စီလက်အောက်မှ ဝင်လာသည့် လုပ်ငန်း များအပြင် စစ်တပ်နှင့် သက်ဆိုင်နေသည့် မည်သည့်ယန္တရားနှင့်မျှ လက်တွဲ လုပ်ဆောင်သွားမည် မဟုတ်ကြောင်း လည်း ဆိုသည်။

UNOCHA အကြီးအကဲ၏ ဩဂုတ်လ ၁၅ ရက်မှ ၁၇ရက်နေ့အထိ မြန်မာနိုင်ငံသို့  ၃ ရက်ကြာ သွားရောက်ခဲ့ သည့် ခရီးစဉ်အပြီး ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အကြပ် အတည်းများကြောင့် နိုင်ငံ ၏လူဦးရေ သုံးပုံတပုံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်နေကြောင်း၊ ကူညီ ထောက်ပံ့မှု လုပ်ငန်းများအား ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်တိုးချဲ့ ဝင်ရောက်နိုင်ရန်အတွက် ရန်ပုံငွေများ တိုးမြှင့် ပေးရန်လိုအပ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

UNOCHA အကြီးအကဲ Mr. Martin Griffiths က စစ်ကောင်စီနှင့် လာရောက်တွေ့ ဆုံ၍ မြန်မာနိုင်ငံအနှံ့ အကူ အညီပေးနိုင်ရေး ကြိုးပမ်းမှုသည် သိသာစွာအောင်မြင်မှု ကင်းမဲ့နေကြောင်း ဒေသတွင်း နှင့် နိုင်ငံတကာ အရပ် ဘက် လူထုအဖွဲ့အစည်း ၅၀၀ ကျော်ကလည်း ဩဂုတ်လ (၂၂) ရက်နေ့ ပူးတွဲထုတ်ပြန်ချက်ကာ ထောက်ပြ ဝေဖန် ထားသေးသည်။

ဓာတ်ပုံ - CJ
September 18, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် နောင်ထပ္ပံ-နန်းကော်တေး ရွာချင်းဆက်လမ်းတွင် လမ်းသွားလမ်းလာ နန်းကော်...
သံတောင်ကြီးမြို့နယ်အတွင်း ဖာလာစိုက်ပျိုးထားသည့် ဥယျာဉ်ခြံတစ်ခြံအား တွေ့ရစဉ်။ / CJ
September 18, 2026
ပဲခူးတိုင်း၊ တောင်ငူ (တောအူး) ခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်း ဖာလာပေါ်ချိန် ရောက်သော်လည်း...
ပုံဟောင်း / MOI
September 17, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ...
September 17, 2026
စစ်အုပ်ချုပ်ရေးယန္တရား ပြန်လည်ထူထောင်ထားသည့် ကရင်ပြည်၊ ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များတွင် လူသူ...