ရသေ့တောင်က ဆရာမအသတ်ခံရမှု တစ်လခန့်အကြာမှာ တရားခံအစစ်ကို ဖော်ထုတ်နိုင်ပြီဟု AA ပြော

ရသေ့တောင်က ဆရာမအသတ်ခံရမှု တစ်လခန့်အကြာမှာ တရားခံအစစ်ကို ဖော်ထုတ်နိုင်ပြီဟု AA ပြော
အသတ်ခံရပြီး သေဆုံးခဲ့ရသည့် ဆရာမ ဒေါ်နှင်းယုနွယ်။ ဓာတ်ပုံ - မေယုဝတီ။
အသတ်ခံရပြီး သေဆုံးခဲ့ရသည့် ဆရာမ ဒေါ်နှင်းယုနွယ်။ ဓာတ်ပုံ - မေယုဝတီ။

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ကျွန်းပေါ်ပေါက်တောကျေးရွာမှ ဆရာမ ဒေါ်နှင်းယုနွယ်အား သတ်ဖြတ်ခဲ့သည့် တရားခံအစစ်အမှန်ကို ဖော်ထုတ်နိုင်ပြီဟု ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက အောက်တိုဘာ ၁၃ ရက်နေ့တွင် ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ကျွန်းပေါ်ပေါက်တောကျေးရွာမှ အသက် ၃၇ နှစ်အရွယ် အလယ်တန်းပြ ဆရာမ ဒေါ်နှင်းယုနွယ်မှာ ၎င်းနေထိုင်ရာကျေးရွာမှ တာဝန်ကျရာ ပန်းဖော်ပြင်ကျေးရွာသို့ စာပြ ရန်သွားစဉ် လမ်းခုလတ်တွင် လည်လှီးသတ်ဖြတ်ခံခဲ့ရသည်။

ကျူးလွန်သူမှာ အဆိုပါအမှုနှင့်ပတ်သက်၍ အဓိကသံသယရှိသူအဖြစ် စစ်ဆေးခံနေရသည့် ဦးမောင်မောင်အေး ဖြစ်ကြောင်းနှင့် ၎င်းကိုယ်တိုင် မည်ကဲ့သို့သတ်ဖြတ်ခဲ့သည်ကို ဝန်ခံထားကြောင်း ဦးခိုင်သုခကပြောသည်။

“ဆရာမ နှင်းယုနွယ်ကို သတ်ဖြတ်ခဲ့တဲ့နေရာကို သွားရောက်ပြီးတော့ သူ(ဦးမောင်မောင်အေး) ဘယ်လိုသတ်ခဲ့ တယ် ဆိုတာကိုလည်း သရုပ်ပြဝန်ခံထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအမှုမှာ တခြားဆက်စပ် စစ်ဆေးစရာကိစ္စ တွေ ကျန်နေသေးတဲ့အတွက် အသေးစိတ် အချက်အလက်တွေကို လာမယ့်ရက်ပိုင်းမှာ ဆက်လက်ထုတ်ပြန်သွား ဖို့ ရှိပါတယ်” ဟု ပြောသည်။

ဦးမောင်မောင်အေးမှာ ဆရာမ အသတ်ခံရမှုတွင် အဓိက သံသယရှိသူအဖြစ် စစ်ဆေးခံနေရသူဖြစ်ပြီ ၎င်းကို စစ်ဆေးနေစဉ် စက်တင်ဘာလ ၁၉ ရက်နေ့ ညအချိန်တွင် ထွက်ပြေးသွားသဖြင့် ULA/AA က စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပြန်လည်ဖမ်းဆီးခဲ့သည်။

ဆရာမ ဒေါ်နှင်းယုနွယ် အသတ်ခံရမှုတွင် ကျူးလွန်သူမှာ ဦးမောင်မောင်အေးဖြစ်ကြောင်း ULA/AA ၏ ပြောဆို ချက်နှင့် ပတ်သက်ပြီး ဦးမောင်မောင်အေး၏ မိသားစုဝင်များကို ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။

ကျူးလွန်သူတရားခံ အစစ်အမှန်ကို ဖော်ထုတ်နိုင်ပြီဆိုပါက သင့်လျော်သောပြစ်ဒဏ် ချမှတ်ပေးရန် ဆရာမ နှင်းယုနွယ်၏ မိသားစုဝင်များက ပြောသည်။

“တရာခံအစစ်ဆိုရင်တော့ သင့်လျော်တဲ့ပြစ်ဒဏ်ကို ပြင်းပြင်းထန်ထန် ပေးစေလိုတယ်။ တရားခံ အစစ်အမှန် ဟုတ်ကြောင်းကိုလည်း ပွင့်ပွင့်လင်းလင်း ချပြစေလိုတယ်” ဟု ဒေါ်မှဲ့နီက ပြောသည်။

ရခိုင်တွင် ဆရာမ ဒေါ်နှင်းယုနွယ်ကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့် ကိစ္စရပ်များ ထပ်မံမဖြစ်ပေါ်စေရန်အတွက် ထိရောက်သောအရေးယူမှုများ ဆောင်ရွက်ပေးရန် ပညာရေးအသိုင်းအဝိုင်းက တောင်းဆိုကြသည်။

“ကျူးလွန်သူအစစ်ကိုတော့ ထိထိရောက်ရောက် အရေးယူ ပြစ်ဒဏ်ပေးစေချင်တယ်။ နောက်အဲလိုကိစ္စတွေ မဖြစ်အောင်လည်း ထိထိရောက်ရောက် ထိန်းချုပ်ဖို့လိုအပ်တယ်။ ဒီကိစ္စတွေက ဘယ်လိုမှ လက်ခံလို့ရတဲ့ ကိစ္စတော့မဟုတ်ဘူး” ဟု ရသေ့တောင်မြို့နယ်က အထက်တန်းပြ ဆရာတစ်ဦးက ပြောသည်။

လက်ရှိတွင် ဦးမောင်မောင်အေးနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်မည့် အပိုင်းကို AA ဘက်က ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေ။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...