လူမှုကွန်ယက်မှာ စစ်တပ်ကို ဝေဖန်သည့် ချင်းအပါအဝင် နိုင်ငံတဝန်းက ပြည်သူ ၁၃၀၀ ကျော် ဖမ်းဆီးခံရ

လူမှုကွန်ယက်မှာ စစ်တပ်ကို ဝေဖန်သည့် ချင်းအပါအဝင် နိုင်ငံတဝန်းက ပြည်သူ ၁၃၀၀ ကျော် ဖမ်းဆီးခံရ

လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး တော်လှန်ရေးအဖွဲ့အစည်းများကို ထောက်ခံအားပေး သည့် ရေးသားမှုနှင့် ပြောဆိုဆက်သွယ်မှုကြောင့် ချင်းအပါအဝင် နိုင်ငံတဝန်းက အရပ်သားပြည်သူ ၁၃၀၀ ကျော် ဖမ်းဆီးခံရသည်ဟု Data For Myanmar က သတင်းထုတ်ပြန်သည်။

တော်လှန်ရေးအဖွဲ့များကို လူမှုကွန်ယက်ပေါ်တွင် ထောက်ခံရေးသားမှုများနှင့် ပြောဆိုဆက်သွယ်မှုကြောင့် စစ်ကောင်စီ၏ ဖမ်းဆီးခံရသော ပြည်သူများသည် လစဉ်ပျှမ်းမျှ ၆၅ ဦးခန့်ရှိပြီး ၂၀၂၂ ခုနှစ် ၄ လအတွင်းမှာပင် ပြည်သူ ၅၀၀ ကို ဖမ်းဆီးခဲ့သည်ဟု အောက်တိုဘာလ ၈ ရက်နေ့ထုတ် Data For Myanmar ၏ အစီရင်ခံစာက ဆိုသည်။

၂၀၂၂ ဖေဖော်ဝါရီမှ ၂၀၂၃ စက်တင်ဘာလကုန်အထိ စစ်ကောင်စီက ပြည်သူ ၁၃၁၆ ဦးကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူ ထက်ဝက်နီး ပါးက ရန်ကုန်နှင့် မန္တလေးတို့က ဖြစ်၍ လူပေါင်း ၆၀၀ ကျော်ရှိသည်ဟု ယင်းက ထုတ်ပြန်သည်။

ဖမ်းဆီးခံရသော ပြည်သူများမှာ ရန်ကုန်က ၃၂၃ ဦး၊ မန္တလေးက ၂၈၄ ဦး၊ ပဲခူး (အရှေ့) က  ၁၀၄ ဦး၊ မကွေးက ၉၃ ဦး၊ ဧရာဝတီက ၇၈ ဦး၊ ပဲခူး (အနောက်) က ၆၉ ဦး၊ မွန်က ၆၂ ဦး၊ တနင်္သာရီက ၅၉ ဦး၊ စစ်ကိုင်းက ၅၃ဦး၊ နေပြည်တော်က ၄၂ ဦး၊ ရှမ်း(တောင်)က ၄၀ ဦး၊ ရှမ်း (မြောက်) က ၂၈ ဦး၊ ကချင်က ၂၈ ဦး၊ ကရင်က ၂၅ ဦး၊ ရခိုင်က ၁၃ ဦး၊ ရှမ်း (အရှေ့) က ၁၀ ဦးနှင့် ချင်းက ၅ ဦးတို့ဖြစ်သည်ဟု Data for Myanmar က ထုတ်ပြန်သည်။

ဖမ်းဆီးခံရသူများသည် ဖေ့ဘွတ်အသုံးပြုသူက အများစုဖြစ်ပြီး Tik Tok နှင့် Telegram အသုံးပြုသူ အချို့ လည်း ပါဝင်သည်။

အဖမ်းခံရသူများကို ထောင်ချခြင်း ရှိ၊ မရှိ၊ ပြန်လည်လွတ်ပေးခြင်း ရှိ၊ မရှိ စသည့် နောက်ဆက်တွဲ အသေးစိတ် အချက်အလက်များကို အစီရင်ခံစာပြုစုသူများက မသိရှိပါဟု ဖော်ပြထားသည်။

စစ်ကောင်စီသည် ၂၀၂၂ ဇန်နဝါရီလ ၂၅ ရက်က လူမှုကွန်ယက်က လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်း များ ပြုလုပ်လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ - က၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅၀-က၊ အီလစ်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃-က နှင့် တည်ဆဲဥပဒေများအရ အရေးယူမည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် ဖမ်းဆီးအရေးယူမှုများကိုလည်း စစ်ကောင်စီ၏ နေ့စဉ်သတင်းစားနှင့် လော်ဘီချိန်နယ်များမှတဆင့် နေ့စဉ် သတင်းထုတ်ပြန်နေသည်။

September 19, 2026
ကရင်ပြည်၊ ဘုရားသုံးဆူမြို့ပေါ် ဥဒေါင်းကန်လမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် အမည်မသိ လက်နက်ကိုင်တစ်စု...
ဓာတ်ပုံ - CJ
September 18, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် နောင်ထပ္ပံ-နန်းကော်တေး ရွာချင်းဆက်လမ်းတွင် လမ်းသွားလမ်းလာ နန်းကော်...
သံတောင်ကြီးမြို့နယ်အတွင်း ဖာလာစိုက်ပျိုးထားသည့် ဥယျာဉ်ခြံတစ်ခြံအား တွေ့ရစဉ်။ / CJ
September 18, 2026
ပဲခူးတိုင်း၊ တောင်ငူ (တောအူး) ခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်း ဖာလာပေါ်ချိန် ရောက်သော်လည်း...
ပုံဟောင်း / MOI
September 17, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ...