အင်းတော်မှာ နေအိမ်တစ်အိမ်ဝင်စီးခံရပြီး မိသားစုဝင် ၃ ဦးဖမ်းဆီးခံရ

အင်းတော်မှာ နေအိမ်တစ်အိမ်ဝင်စီးခံရပြီး မိသားစုဝင် ၃ ဦးဖမ်းဆီးခံရ

စစ်ကိုင်းဒေသကြီး အင်းတော်မြို့မှာ လူနေအိမ်တစ်လုံး ဝင်စီးခံခဲ့ရပြီး မိသားစုဝင် ၃ ဦးကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

အောက်တိုဘာလ ၅ ရက်နေ့ ည ၁၀ နာရီလောက်မှာ စစ်အင်အား ၃၀ လောက်ရှိတဲ့ စစ်ကောင်စီ စစ်သားတွေ ဟာ ညောင်ပင်စုရပ်ကွက်ထဲက လူနေအိမ်တစ်လုံးကိုဝင်စီးခဲ့ပြီး ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဖမ်းဆီးခံရတဲ့ မိသားစုနဲ့ရင်းတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ဟုတ်တယ် မနေ့ညက သေနတ်တွေပစ်ဖောက် ပြီးတော့ဝင်လာတာ သူတို့က လာရှာတာက တစ်ယောက်ကို လာရှာတာ။ လာရှာတဲ့ ကောင်လေးကိုမတွေ့လို့ သူ့မိသားစုဝင် သုံးယောက်ဖမ်းသွားတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ဖမ်းဆီးချင်နေတဲ့ လူငယ်ဟာ ခရီးလွန်နေတာကြောင့် အဆိုပါ လူငယ်ရဲ့ အစ်မဖြစ်သူနှစ်ဦးနဲ့ အစ်ကိုဖြစ်သူတစ်ဦး စုစုပေါင်း ၃ ဦးကို ဖမ်းဆီးသွားပါတယ်။

“သူတို့မိသားစုက ဘာမှမဆိုင်ဘူး ဟုတ်တယ်။ သာမာန်လူပဲ ဒလန်ချွန်လို့ဖမ်းခံရတာ” လို့ အထက်ပါ အမျိုးသမီး က ဆက်ပြောပါတယ်။

အဲ့ဒီ အဖမ်းခံရတဲ့ မိသားစုဝင်သုံးဦးကို လက်ရှိ ရဲအချုပ်မှာ ဖမ်းဆီးထိမ်းသိမ်းထားတယ်လို့ ဆိုပါတယ်။

အင်းတော်မြို့တွင်းမှာ လွန်ခဲ့တဲ့လတွေကလည်း မြို့နယ်ပညာရေးမှူးရုံးရှေ့ အစစ်အဆေးတွေ ပြုလုပ်ခဲ့ပြီး အရပ် သား ၁၀ ဦးကျော်ဖမ်းဆီးခံခဲ့ရာ တချို့ကို ထောင်ဒဏ်နှစ်ရှည်ချမှတ်ခဲ့ ပါတယ်။

လက်ရှိအင်းတော်မြို့ထဲမှာ ဗန်းမောက်ဘက်က တက်လာတဲ့ ခမရ ၁၀၁ တပ်လည်း ရောက်ရှိနေပြီး အင်းတော် မြို့အနှံ့ကို ကင်းပုန်းချတာတွေ ရှိနေတာကြောင့် မြို့ခံပြည်သူတွေ စိုးရိမ်ထိတ်လန့်မှု ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အင်းတော်မြို့နယ်ဟာ စစ်ကိုင်း - ကချင်အစပ်မှာ ရှိတဲ့မြို့နယ် ဖြစ်ပြီးတော့ စစ်တပ်က စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်နေပြီး အစစ်ဆေးတင်းကြပ်ခံနေရတဲ့ မြို့နယ်လည်းဖြစ်ပါတယ်။

July 24, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ကျေးရွာဘက်သို့ စစ်ဘေးရှောင်လာကြသည့် အမတ်ပေါ်ကျေးရွာ...
July 24, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ နာမ့်ထွမ်ချောင်းနှင့် မကျော့ဝါကျေးရွာတို့တွင် မြို့ပေါ်မှ...
July 23, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း တစ်နှစ်ကျော်ကာလအတွင်း မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း...
July 20, 2026
ကချင်ပြည်၊ ပူတာအိုမြို့အခြေစိုက် ခ.လ.ရ (၄၆) ဗျူဟာတပ်မှ ခေါင်လန်ဖူးမြို့နယ် အတွင်းသို့...