အင်းတော်မှာ စစ်ကောင်စီတပ်နဲ့ ABSDF တို့ကြား တိုက်ပွဲဖြစ်ပွား

အင်းတော်မှာ စစ်ကောင်စီတပ်နဲ့ ABSDF တို့ကြား တိုက်ပွဲဖြစ်ပွား
ဗန်းမောက်နယ်ရှေ့တန်းတစ်နေရာမှာတွေ့ရတဲ့ ဗန်းမောက်ကာကွယ်ရေးတပ်ဖွဲ့ဝင်များ
ဗန်းမောက်နယ်ရှေ့တန်းတစ်နေရာမှာတွေ့ရတဲ့ ဗန်းမောက်ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်ဘက်ကနေ အင်းတော်မြို့နယ်ထဲ ဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကျောင်း သားတပ်မတော် (ABSDF)တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အင်းတော် PDF တာဝန်ရှိသူက ပြောပါ တယ်။

တပ်မ ၇၇ လက်အောက်ခံ ခမရ ၁၀၁ တပ်နဲ့ ပျူစောထီး ပူးပေါင်းတပ်တွေဟာ စစ်အင်အားအများအပြားနဲ့ အောက်တိုဘာလ ၃ ရက်နေ့ကတည်းက အင်းတော်နယ်ထဲကို ဝင်ရောက်လာတာဖြစ်ပါတယ်။

အောက်တိုဘာလ ၄ ရက်နေ့၊ မနက် ၈ နာရီအချိန်မှာတော့ အင်းတော်မြို့နယ် သောင်းကြီးကျေးရွာဘက်ကို စစ် ကြောင်းထိုးလာချိန် ရွာနားအရောက်မှာ ABSDF နဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အင်းတော် PDF တာဝန် ရှိသူ တစ်ဦးက KNG ကို ပြောပါတယ်။

“စစ်ကောင်စီတပ်တွေက ဗန်းမောက်ကနေ အင်းတော်နယ်ကိုအလာပေါ့ မနက်က သောင်းကြီးရွာအနီးမှာ ဒီဘက် က ကျောင်းသားတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ကြတာ။  စစ်ကောင်စီဘက်အင်အားများတယ် ၁၀၀ နီးပါးပဲ ပျူ တွေကော ထက်ဝက်လောက်ပါတယ်။ တိုက်ပွဲရဲ့ မြေပြင်အခြေအနေ ကျဆုံးမှုကတော့ အတိအကျ မသိနိုင်သေး ဘူး” လို့ ပြောပါတယ်။

တိုက်ပွဲဟာ မနက် ၈ နာရီ ကနေ ၉ နာရီလောက်ထိ တစ်နာရီအကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးမသိရပေမယ့် ထိခိုက်ဒဏ်ရာရကတော့ ရှိသွားတယ်လို့ သောင်ကြီးကျေးရွာအနီးနေထိုင်တဲ့ ဒေသခံ အမျိုးသားတစ်ဦး ကပြောပါတယ်။

“စစ်သားတွေနဲ့ ပျူတွေက အခုသောင် ရွာထဲကို နေရာယူထားတယ် အပြည့်ပဲ။ တချို့ ဒဏ်ရာရတဲ့သူတွေရှိလို့ နားနေတာလို့ သိရပါတယ်။ ရွာသားတွေကတော့ ကြိုတင်ပြီး ပြေးကြတာ သေနတ်သံကြားတာနဲ့ ပြေးကြ တယ် ရွာသားတွေက” လို့ ပြောပါတယ်။

လက်ရှိစစ်ကောင်စီတပ် သောင်ကြီးကျေးရွာထဲမှာရှိနေသေးတာကြောင့် နှစ်ဖက်စစ်ဆေးတင်းမာနေတဲ့ အခြေ အနေမှာရှိနေပြီး ဒေသခံတွေလည်း တောတောင်တွေထဲထွက်ပြေးတိမ်း ရှောင်နေကြရပါတယ်။

သောင်ကြီးကျေးရွာဟာ အင်းတော်-ဗန်းမောက် ကားလမ်းပိုင်းမှာ တည်ရှိတာဖြစ်ပြီး အိမ်ခြေ ၁၀၀ ဝန်းကျင် အထိရှိတဲ့ ကျေးရွာဖြစ်ပါတယ်။

ဒါ့အပြင် အင်းတော်နယ်ဟာ စစ်ကိုင်း - ကချင်အစပ်မှာရှိတဲ့ မြို့နယ်ဖြစ်ပြီးတော့ စစ်အုပ်ချုပ်ရေး ကြေညာ ခံထားရတဲ့ မြို့နယ်ဖြစ်တဲ့အပြင် စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်၊ကျောင်းသားတပ်မတော်တို့ အဓိက စစ်ရေးလှုပ်ရှားတဲ့နေရာ ဖြစ်ပါတယ်။

May 30, 2026
အာဏာသိမ်းစစ်တပ်ဟာ  ကချင်ဒေသအပါ လက်လွတ်လိုက်ရတဲ့ မြို့နေရာတွေကို ပြန်ရဖို့...
May 29, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယက်မှုတွေ ဆက်တိုက်ဖြစ်နေပြီး အရင်ကထက်...
May 28, 2026
ညနေစောင်းချိန် မေခမြစ်ပေါ်မှာ စက်အင်ဂျင်သံတွေ မရပ်မနားကြားနေရတယ်။ တစ်ချိန်က ကြည်စိမ်းနေတဲ့...
May 28, 2026
အမိုး — မန္တလေး–မြစ်ကြီးနားလမ်းပိုင်း ထီးချိုင့်–ကသာကြားမှာ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့...