မုန့်ဖိုး ငွေတစ်ရာပေးကာ အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်ကို ၃၈ နှစ်အရွယ် အမျိုးသားက အဓမ္မပြုကျင့်

မုန့်ဖိုး ငွေတစ်ရာပေးကာ အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်ကို ၃၈ နှစ်အရွယ် အမျိုးသားက အဓမ္မပြုကျင့်
သရုပ်ဖော်ပုံ - The Telegraph
သရုပ်ဖော်ပုံ - The Telegraph

အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို မုန့်ဖိုး ငွေတစ်ရာကျပ်ပေးကာ အသက် ၃၈ နှစ်အရွယ် အမျိုး သားတစ်ဦးက အဓမ္မပြုကျင့်မှု ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

မြောက်ဦးမြို့၊ လက်ကောက်ဈေး အုပ်ချုပ်ရေးမှူး ဦးမောင်ဘုန်းက “အဲဒီကလေးကို မုန့်ဖိုး ပိုက်ဆံတစ်ရာ ပေးပြီး တော့ လူသူမရှိတဲ့နေရာကို ခေါ်သွားပြီး ကျူးလွန်သွားတာပါ” ဟု DMG ကို ပြောသည်။

မြောက်ဦးမြို့၊ လက်ကောက်ဈေးရပ်ကွက်တွင် နေထိုင်သည့် အဆိုပါအမျိုးသားသည် အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်ကို ယင်းသို့မုန့်ဖိုးပေးကာ အရှေ့မြတန်ဆောင်းတောင် အနီးတွင် အဓမ္မကျူးလွန်ခဲ့သည်ကို ဘုရားဖူးခရီးသည်များမှ တွေ့မြင်ခဲ့ခြင်းဖြစ်သည်ဟု မြိုခံများက ပြောသည်။

“အရှေ့မြတန်းဆောင်းတောင်နားမှာ ဘုရားဖူးလာတဲ့လူတွေကမြင်လို့ သိရတာ။ ကလေးငယ်မှာ အဝတ်တွေ ပြုတ်ကျပြီး အင်္ဂါစပ်တွေမှာလည်း သွေးတွေထွက်လို့ ဖြစ်နေတယ်” ဟု မိန်းကလေးငယ်၏ မိသားစုနှင့် နီးစပ် သည့် အမျိုးသမီးတစ်ဦးက DMG ကိုပြောသည်။

အဓမ္မကျူးလွန်ခံရသည့် မိန်းကလေးငယ်မှာ သွေးထွက်လွန်နေသဖြင့် အခင်းဖြစ်သည့်နေ့ စက်တင်ဘာ ၂၉ ရက်နေ့တွင်ပင် မြောက်ဦးဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ဆေးစစ်ဆေးခြင်းများပြုလုပ်ကာ လက်ရှိတွင် နေအိမ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ယင်းကိစ္စအား မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာ ခင်မောင်သန်းကို DMG မှ ဆက်သွယ် မေးမြန်းရာ “ကျနော့်ဆီကို report မရောက်လို့ မသိပါဘူး” ဟု တုန့်ပြန်သည်။

လက်ရှိတွင် ကျူးလွန်သူ အမျိုးသားကို ရက္ခိုင့်တပ်တော် (ULA/AA) မှ ဖမ်းဆီးသွားကြောင်း ဆိုသည်။

အသက်မပြည့်သေးသည့် ကလေးငယ်များအပေါ် အဓမ္မပြုကျင့်မှုများကို ထိရောက်စွာအရေးယူမှုမှာ အားနည်း နေဆဲဖြစ်ကြောင်း အမျိုးသမီးအရေး လှုပ်ရှားသူများက ဝေဖန်နေကြသည်။

ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့ ဥက္ကဌ စောစံငြိမ်းသူက “ပြစ်မှုကျူးလွန်တဲ့သူကို သက်ဆိုင်ရာ အာဏာပိုင်တွေက ထိထိရောက်ရောက် အရေးယူတာတွေ မရှိတာကြောင့် ယုတ်မာတဲ့သူတွေအတွက် ကျူးလွန်ဖို့ အခွင့်အရေး တစ်ခုဖြစ်နေတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်ကလည်း ဘူးသီးတောင်မြို့နယ်၊ ကကျက်ဘက်ကံပြင်အုပ်စု၊ တပ်ရာ(တိုးချဲ့) ကျေးရွာမှ အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်ကလည်း ကျောက်ဖြူမြို့တွင် အသက် ၆ နှစ်အရွယ် မိန်းကလေး ငယ်တစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရကာ ယင်းနှစ် ဇူလိုင်လ ၈ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ်၊ ချောင်းသုံးခွ ကျေးရွာမှ အသက် ၉ နှစ်ရွယ် မိန်းကလေးငယ်တစ်ဦး အဓ္ဓမပြုကျင့် ခံခဲ့ရသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...