ရေး မြဝတီဘဏ် ပစ်ခတ်ခံရပြီး ဘဏ်လုံခြုံ‌ရေးဝန်ထမ်းတစ်ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးသေဆုံး

ရေး မြဝတီဘဏ် ပစ်ခတ်ခံရပြီး ဘဏ်လုံခြုံ‌ရေးဝန်ထမ်းတစ်ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးသေဆုံး

မွန်ပြည်နယ်၊ ရေးမြို့ရှိ မြဝတီဘဏ် ယနေ့ စက်တင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းအချိန်ခန့်က ပစ်ခတ်ခံရပြီး  ဘဏ်လုံခြုံ‌ရေးဝန်ထမ်းတစ်ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားခဲ့ကြောင်း မြို့ခံများက ပြောသည်။

ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြဝတီဘဏ်သို့ ယနေ့ မွန်းလွဲ ၁ နာရီခန့်က ဆိုင်ကယ် ၂ စီးဖြင့် သေနတ်သမား ၄ ဦး ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရေးမြို့ခံတစ်ဦးက ပြော သည်။

၎င်းက "ဘဏ်ရှေ့မှာ လုံခြုံရေးတပ်ဖွဲ့တွေကလည်း ရှိနေတော့ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့တယ်” ဟု ပြော သည်။

ထိုပစ်ခတ်မှုဖြစ်စဉ်အတွင်း ဘဏ်လုံခြုံ‌ရေးဝန်ထမ်းတစ်ဦးနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း  အသေးစိတ်ကို ဆက်လက်စုံစမ်းဆဲဖြစ်သည်။

ဘဏ်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များရောက်ရှိလာပြီး လမ်းများပိတ်ဆို့ကာ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်ဟု မြို့ခံများက ပြောသည်။

ရေးမြို့ မြဝတီဘဏ် ပစ်ခတ်မှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းကမှ ထုတ်ပြန်လာခြင်းမရှိသေးပေ။

စစ်အုပ်ချုပ်ရေးကြေညာထားသည့် ရေးမြို့နယ်တွင် စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများအပြင် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာရုံးများ၊ အုပ်ချုပ်ရေးမှူးရုံးများ မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံရလေ့ရှိသည်။

ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဥ်များကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ ထိခိုက်သေဆုံးမှုရှိခဲ့သည့်အပြင် အပြစ်မဲ့ပြည်သူ ထိခိုက်သေဆုံးမှုလည်း ရှိခဲ့သည်။ 

April 28, 2026
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ အောက်ပိုင်းကျေးရွာများမှ ဘေးလွတ်ရာသို့...
ပုံ-Myanmar Red Cross Society
April 27, 2026
ယခုနှစ်နွေရာသီ အပူချိန်မြင့်မားခြင်းကြောင့် မွန်ပြည်နယ်မြို့ပေါ်နှင့် ကျေးလက် ဆေးရုံ၊...
ပုံ- တနင်္သာရီစစ်ဘေးရှောင်
April 25, 2026
စစ်ကော်မရှင်အဖွဲ့ထံ ချိတ်ဆက်လှုဒါန်းထားသည့် နိုင်ငံတကာအထောက်အပံ့များသည်...
April 25, 2026
မာံသဟာဲ (မင်းစဟိုင်း) — မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း)၊ ကမာမိုကျေးရွာတွင်...