ပုလောတွင် အရေးပေါ်စစ်ဘေးရှောင်နေရသူ ထောင်ချီရှိ

ပုလောတွင် အရေးပေါ်စစ်ဘေးရှောင်နေရသူ ထောင်ချီရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် လတ်တလော ပဋိပက္ခများကြောင့် အရေးပေါ် စစ်ဘေးရှောင်နေရ သည့် ပြည်သူ ထောင်ချီရှိနေကြောင်း စစ်ရှောင်များကို ကူညီပေးနေသူများက ပြောသည်။

စက်တင်ဘာလ ဒုတိယအပတ်ကစပြီး ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်တို့က လက်နက်အင်အား၊ လူအင် အားဖြည့်တင်းလာပြီး ဒေသတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့နှင့် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်စဥ်အတွင်း စစ်ကောင်စီတပ်တို့မှ အရပ်သားပြည်သူ ရာနှင့်ချီကို ဖမ်းဆီးခဲ့သည့်အပြင် အရပ်သား ငါးဦးကို ပစ်သတ်ခဲ့သလို နေအိမ် ၃၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းနှင့် စစ်ကောင်စီတပ်တို့မှ ဖမ်းဆီးနေမှုကြောင့် လက္ကူးကျေးရွာအုပ်စုရှိ မဒေါင်ရွာ၊ ပြင်းဖြူ ရွာနှင့် တိုကျေးရွာအုပ်စုရှိ ပိတပ်ရွာတို့မှ ဒေသခံများ အရေးပေါ်စစ်ဘေးရှောင်နေရကြောင်း ဆိုသည်။

“အဲရွာတွေက ရွာကြီးတွေဆိုတော့ လူထောင်ချီရှိနိုင်တယ်။ အကူအညီကတော့လိုတယ် အဓိကက စားနပ်ရိက္ခာ။ စားနပ်ရိက္ခာအတွက်ဆိုပေမယ့် ပိုက်ဆံလှူရင် ပိုအဆင်ပြေပါတယ်” ဟု စစ်ရှောင်များကို ကူညီပေးနေသူ တစ်ဦး က ပြောသည်။

နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားနေသည့်အပြင် စစ်ကောင်စီတပ်တို့မှ ဖမ်းဆီးနေမှုကြောင့် ပလမြို့ပေါ်က ပြည်သူ အချို့လည်း အနီးအနားရွာနှင့် အခြားမြို့တို့ဆီ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် ပုလောမြို့နယ်တွင် တိုက်ပွဲအဖြစ်များဆုံးနှင့် စစ်ဘေးရှောင် ပြည်သူ ဦးရေအများဆုံးမြို့နယ် တစ်ခု ဖြစ်သည်။

သုတေသနအဖွဲ့တစ်ဖွဲ့ ဖြစ်သည့် ဒေါနတနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့၏ ထုတ်ပြန် ထားချက်အရ ပုလောမြို့နယ်တွင် အမြဲတမ်းစစ်ရှောင်ပြည်သူ ၂၆၀၀ ကျော်အပါအဝင် စစ်ဘေးရှောင်ပြည်သူ တစ်သောင်းခန့် ဆက်ရှိနေသည်ဟု ဆိုသည်။

မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းရှိ ရထားလမ်းကူးတစ်ခုကို တွေ့ရစဉ်။ / Crd
September 21, 2026
မွန်ပြည် မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းတစ်လျှောက်ရှိ တရားမဝင် ရထားလမ်းကူးများကို...
မွန်ပြည်အတွင်းရှိ နေလှန်းဆားကွင်းတစ်ခု၌ ဆားရိတ်သိမ်းနေသည်ကို တွေ့ရစဉ်။ / Crd - ပုံဟောင်း
September 21, 2026
မွန်ပြည်၌ နေလှန်းဆားကြမ်း ဈေးနှုန်းတစ်ပိဿာလျှင် ကျပ် ၅၀၀ ဝန်းကျင်သာ ရှိတော့သဖြင့် ကြိုတင်ဝယ်ယူ...
ဓာတ်ပုံ - Crd
September 19, 2026
မွန်အမျိုးသားလွတ်မြောက်ရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် အနာဂတ်အကြံပြုချက်များနှင့်...
September 18, 2026
မွန်ပြည်၊ ရေးမြို့နယ်အတွင်း ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါး သုံးစွဲသူနှင့်...