လားရှိုးမြို့ CS Hotel အနီး ပေါက်ကွဲမှု အမျိုးသမီးတစ်ဦး ထပ်မံသေဆုံး

လားရှိုးမြို့ CS Hotel အနီး ပေါက်ကွဲမှု အမျိုးသမီးတစ်ဦး ထပ်မံသေဆုံး
စက်တင်ဘာ ၁၉ ရက်နေ့က ပေါက်ကွဲမှုဖြစ်သည့် နေရာ
စက်တင်ဘာ ၁၉ ရက်နေ့က ပေါက်ကွဲမှုဖြစ်သည့် နေရာ

သျှမ်းပြည် လားရှိုးမြို့ပေါ် အမှတ် (၂) ရပ်ကွက်ရှိ CS Hotel အနီး ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ (၄) ဦးထဲမှ အမျိုးသမီးတစ်ဦး ဆေးကုသမှု ခံယူနေစဥ် ထပ်မံသေဆုံးသွားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်နေ့က လားရှိုးဆေးရုံ၌ ဆေးကုသမှု ခံယူနေစဥ် ရရှိထားသည့် ဒဏ်ရာပြင်း ထန်မှုကြောင့် သေဆုံးသွားရခြင်း ဖြစ်ကြောင်း နီးစပ်သူ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူ့ ရဲ့ ရင်ဘတ်၊ နောက်စေ့ နဲ့ လက်တွေမှာ ဒဏ်ရာတွေ တော်တော်ပြင်းထန်တယ်။ ဆေးရုံရောက်ပြီး နောက် တစ်နေ့မှာပဲ ဆုံးသွားတယ်။ (၂၀) ရက်နေ့ ညနေပိုင်းမှာ ဆုံးသွားတယ်” ဟု သေဆုံးသူ အမျိုးသမီး နှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းအချိန်တွင် လားရှိုးမြို့၊ အမှတ် (၂) ရပ်ကွက်၊ နှင်းဆီလမ်းရှိ CS Hotel အနီး၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပေါက်ကွဲမှုမှ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးရ သည့်အပြင် ထိခိုက်ဒဏ်ရာရသူ ကျား (၃) ဦး၊ မ (၂) ဦး ဆေးရုံတင်ထားရခြင်း ဖြစ်သည်။

ဆေးရုံ၌ ဆေးကုသမှု ခံယူနေစဥ် သေဆုံးသွားသည့် အမျိုးသမီးသည် ဒေါ်အမ်းပလွတ် အသက် (၄၅) နှစ် ဖြစ်ပြီး သား (၁) ဦး၊ သမီး (၁) ဦး မိခင်လည်း ဖြစ်သည်။

ယင်းကဲ့သို့ ပေါက်ကွဲမှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးရခြင်း နှင့် ပတ်သက်ပြီး လားရှိုးမြို့ခံများအနေဖြင့် အပြင်ထွက် သွားလာရေးအတွက် စိုးထိတ်လန့် နေရကြောင်းနှင့် ထိခိုက် သေဆုံးသူများအတွက်လည်း စိတ်မ ကောင်းဖြစ်ရကြောင်း လားရှိုးမြို့ခံ အသက် (၅၀) ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြော သည်။

“အများပြည်သူ အသုံးပြုတဲ့နေရာမှာ ဖောက်ခွဲမှု လုပ်တာကိုတော့ မဖြစ်သင့်ပါဘူး၊ ဘယ်လို အကြောင်းအရာ နဲ့ ဘဲ ဖြစ်ဖြစ်၊ ဘယ်လို အဖွဲ့အစည်းက ဖြစ်ဖြစ် ဒါမျိုးက မလုပ်သင့်ပါဘူး။ အခုဆို အပြင်ထွက် သွားလာဖို့လည်း တော်တော်ကို ကြောက်ရတယ်၊ အရေးမကြီးရင် အပြင်မထွက်ချင်တော့ဘူး။ အဲ့လိုမျိုး ကြုံရမှာ ကြောက်လို့” ဟု လားရှိုးမြို့ခံ အသက် (၅၀) ဝန်းကျင် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့သည် စစ်ကောင်စီတပ်ဖွဲ့ရှိသော်လည်း လက်နက်ကိုင်တပ်ဖွဲ့များ မြို့ပေါ်အထိ ဆက်ကြေး ကောက် ယူမှုများ၊ ဗုံးခွဲတိုက်ခိုက်မှုများ နှင့် စစ်ကောင်စီ လက်အောက်ခံ စခန်းများ ပစ်ခတ်တိုက်ခိုက်ခံရမှု မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ပြီးခဲ့သည့် သြဂုတ်လ အတွင်းမှာလည်း လားရှိုးမြို့ပေါ်ရှိ Sunny Hotel ၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးသည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် မိုးနဲဒေသခံ စိုင်းမိန်း (ခေါ်) စိုင်းလင်း။ / Crd)
September 21, 2026
သျှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့တွင် ဒေသခံအမျိုးသားတစ်ဦး စစ်မှုထမ်းရန်အတွက် စစ်အုပ်စုတပ်၏...
September 21, 2026
-  ရခိုင် စစ်တွေစစ်မျက်နှာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စု တပ်စခန်းတချို့...
စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...