ရခိုင်တွင် ထီရောင်းအား ၇၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားဟု ထီကိုယ်စားလှယ်များပြော

ရခိုင်တွင် ထီရောင်းအား ၇၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားဟု ထီကိုယ်စားလှယ်များပြော

မြန်မာနိုင်ငံအတွင်း ရောင်းချနေသည့် အောင်ဘာလေသိန်းဆု ထီလက်မှတ်များမှာ အာဏာသိမ်းပြီးနောက် တဖြည်းဖြည်း ရောင်းအားကျဆင်းလာနေပြီး ရခိုင်ဒေသတွင်လည်း ထီရောင်အား ၇၀ ရာခိုင်နှုန်းခန့် ကျဆင်း သွားခဲ့ကြောင်း ထီအရောင်းကိုယ်စားလှယ်များက ပြောသည်။

ထီအရောင်းကိုယ်စားလှယ်များမှာ ယခင်က ထီရောင်းသည့်လုပ်ငန်းတစ်ခုတည်းဖြင့် ရပ်တည်နိုင်ခဲ့သော်လည်း လက်ရှိတွင် ရောင်းအားကျဆင်းလာခြင်းကြောင့် ထီလုပ်ငန်းကို စွန့်ခွာသွားသူများရှိကာ အချို့ကလည်း လုပ်ငန်း ရပ်နားမည့်အခြေအနေ အခြေအနေရှိနေကြောင်း ပြောသည်။

ရွှေမြန်မာ ပင်ရင်းထီဆိုင်(စစ်တွေဆိုင်ခွဲ)မှ ကိုသားကြီးက “ဒီပုံစံအတိုင်း ဆက်သွားမယ်ဆိုရင်တော့ လုံးဝ ဖြစ် နိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ ထီရောင်းတဲ့လူတွေက မရောင်းရဘဲနဲ့ နားထားကြရတဲ့လူတွေ တော်တော်များ များ ရှိကြတယ်” ဟု ပြောသည်။

ကျဆင်းနေသည့် ထီရောင်းအားကို မြင့်တင်နိုင်ရန် စစ်ကောင်စီက အွန်လိုင်းစနစ်ဖြင့် ရောင်းချရန်ဆောင်ရွက်ခဲ့ သည်။ အွန်လိုင်းစနစ်မှာ အွန်လိုင်းထီ Application ကို အကောင့်ဖွင့်လှစ်ပြီး ထီတစ်စောင်လျှင် ငွေကျပ် ၁,၀၀၀ နှုန်းဖြင့် မိမိနှစ်သက်ရာ နံပါတ်များကို ထိုးယူနိုင်သည်။

အဆိုပါစနစ်ကို အခွန်ဦးစီးဌာနမှ တိုက်ရိုက်ကိုင်တွယ်နေသဖြင့် ပုံနှိပ်ထီ အရောင်းကိုယ်စားလှယ်များအတွက် အကျပ်အတည်း ပိုမိုဖြစ်စေနိုင်ကြောင်း ပြောသည်။

“ကျနော်တို သိန်း လေး, ငါးရာဖိုး ရောင်းနေရတဲ့ လူတစ်ယောက်က သိန်းတစ်ရာလောက် ပတ်ချာလယ် ဖြစ်သွား တာပေါ့နော်။ အဲ့လို သိသိသာသာ ကျဆင်းသွားတာပေါ့။ အခု ပိုဆိုးတာက အွန်လိုင်းထီက ဒီတစ်လ နှစ်လ အတွင်း ပေါ်လာတာဆိုတော့ ထိုးမယ့်သူတွေက ယောင်လည်လည် ဖြစ်သွားတာပေါ့နော်” ဟု ရွှေမြန်မာ ရခိုင် ပြည် ပင်ရင်းထီဆိုင်မှ ဦးထွန်းထွန်းက ပြောသည်။

ပုံနှိပ်ထီနှင့် အွန်လိုင်းထီမှာ အောင်ဘာလေ သိန်းဆုထီး လက်မှတ်ချင်း တူညီသော်လည်း ပုံနှိပ်ထီမှာ ကိုယ်စား လှယ်များမှ တစ်ဆင့် ဖြန့်ဖြူးရောင်းချနေခြင်းကြောင့် သယ်ယူစရိတ်အပေါ်မူတည်ပြီး ထီတစ်စောင်လျှင် ငွေကျပ် ၁၁၀၀ မှ ၁၅၀၀ အထိ ရောင်းချလျက် ရှိကြသည်။

NLD အစိုးရလက်ထက်က ထီဆုငွေကို ကျပ်သိန်းတစ်သောင်းခွဲအဖြစ် သတ်မှတ်ရောင်းချနိုင်ခဲ့ပြီး ထီစောင် ရေကိုလည်း အက္ခရာတစ်ခုလျှင် ဂဏန်း ၆ လုံးရိုက်ကာ အက္ခရာတွဲ ၄၄ လုံးအထိ တိုးမြင့်ထုတ်ဝေနိုင်ခဲ့သည်။

၂၀၂၁ ခုနှစ် စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ထီရောင်းအား ကျဆင်းသွားသဖြင့် ဆုငွေကို ကျပ်သိန်း ငါးထောင်အထိသာ သတ်မှတ်ခဲ့ရပြီး ထီစောင်ရေများကိုလည်း အဆင့်ဆင့် လျော့ချခဲ့ရသည်။

June 12, 2026
၂၀၂၅ ခုနှစ်၊ မေလမှ ၂၀၂၆ ခုနှစ်၊ မေလထိ တစ်နှစ်တာကာလအတွင်း ရခိုင်ဒေသခံ ၃,၉၉၃ ဦးကို...
မဒေးကျွန်းအား တွေ့ရစဉ်။ ဓာတ်ပုံ- DMG
June 11, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တရုတ်စီမံကိန်းများရှိရာ မဒေးကျွန်းတွင် ကျောက်ဖြူနှင့်...
June 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စာရေးဆရာ ဝေဟင်အောင်၏ နေအိမ်ကို စစ်အစိုးရက ချိပ်ပိတ်လိုက်ကြောင်း...
မကွေးတိုင်း၊ မင်းတုန်းမြို့အစွန်ရှိ မင်းတုန်းချောင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းခွင်တစ်ခုကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက တွေ့ရစဉ်။ ဓာတ်ပုံ- RFA
June 8, 2026
ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မကွေးတိုင်း၊ မင်းတုန်းမြို့အနောက်ဘက်ခြမ်းရှိ...