ရသေ့တောင်ပညာရေးဝန်ထမ်းအား သတ်ဖြတ်သူကို အမြန်ဆုံးဖော်ထုတ်ပေးရန် တောင်းဆိုနေကြ

ရသေ့တောင်ပညာရေးဝန်ထမ်းအား သတ်ဖြတ်သူကို အမြန်ဆုံးဖော်ထုတ်ပေးရန် တောင်းဆိုနေကြ

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ကျွန်းပေါ်ပေါက်တောကျေးရွာမှ အလယ်တန်းပြဆရာမ သတ်ဖြတ်ခံရမှုတွင် ကျူးလွန်သူကို အမြန်ဆုံးဖော်ထုတ် အရေးယူပေးရန် မိသားစုဝင်များ၊ ဒေသခံများ၊ ပညာရေးအသိုင်းအဝိုင်းနှင့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂတို့က တောင်းဆိုနေကြသည်။

ကျွန်းပေါ်ကျေးရွာမှ အလယ်တန်းပြကျောင်းဆရာမ ဒေါ်နှင်းယုနွယ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက ၎င်းနေထိုင်ရာကျေးရွာမှ တာဝန်ကျရာ ပန်းဖော်ပြင်ကျေးရွာသို့ စာပြရန်သွားစဉ် လမ်းခု လတ်တွင် သတ်ဖြတ်ခံရပြီး သေဆုံးသွားခဲ့သည်။

ဒေါ်နှင်းယုနွယ်၏ မိသားစုဝင်တစ်ဦးဖြစ်သူ ဒေါ်မဲနီက “ကျမတို့ တော်တော်ခံစားရတယ်။ ကျူးလွန်တဲ့လူက ဘယ်လိုစိတ်မျိုးနဲ့လုပ်သွားတာလည်း မသိဘူး။ ကျမတို့ကတော့ အမြန်ဆုံးဖော်ထုတ် ပေးစေချင်ပါတယ်” ဟု ပြောသည်။

အဆိုပါကိစ္စမှာ ရခိုင်အမျိုးသမီးထု၏ လူမှုဘဝလုံခြုံရေးကို ခြိမ်းခြောက်စေသည့် လုပ်ရပ်ဖြစ်ပြီး ကျူးလွန်သူကို ဖော်ထုတ်ပြီး အရေးယူပေးရန် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက စက်တင် ဘာလ ၁၇ ရက်နေ့တွင် ထုတ်ပြန် တောင်းဆိုထားသည်။

“အခုလိုကိစ္စတွေနဲ့ပတ်သက်ပြီးတော့ တရားစီရင်ရေးပိုင်းကို သေသေချာချာလုပ်ဖို့ လိုအပ်တယ်။ ဒါမှလည်း ပြစ်မှုကျူးလွန်မှုတွေ လျော့ကျမှာ” ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရခိုင်ပြည်တွင် တရားဥပဒေစိုးမိုးမှု အားနည်းချက်ကြောင့် ယခုကဲ့သို့ ပြစ်မှုကျူးလွန်မှုများ ဖြစ်ပေါ်နေရခြင်းဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ပြောဆိုထားသည်။

ရခိုင်ပြည်လုံးဆိုင်ရာ ပညာရေးကွန်ရက်ကလည်း အုပ်ချုပ်သူများအနေဖြင့် ကျူးလွန်သူကို ဖော်ထုတ်အရေးယူ ပေးရန် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုထားသည်။

ရခိုင်ပြည်လုံးဆိုင်ရာပညာရေးကွန်ရက်မှ တွဲဖက်အတွင်းရေးမှူး ဒေါ်မာမာဝင်းက “ဒီကိစ္စအပေါ် ကျမတို့ဖြစ်စေ ချင်တာက ပညာရေးအသိုင်းအဝိုင်း၊ ပြည်သူလူထုက ဖိအားပေးလို့ ရတဲ့ လူကို ဖမ်းဆီးတာထက် တရားခံ အစစ် အမှန်ကို ဖော်ထုတ်ပြီး ထိုက်တန်တဲ့ ပြစ်ဒဏ်ပေးစေချင်တယ်” ဟု ပြောသည်။

ကျွန်းပေါ်ကျေးရွာမှ အလယ်တန်းပြဆရာမ သတ်ဖြတ်ခံမှုဖြစ်စဉ်ကြောင့် ပညာရေးအသိုင်းအဝိုင်းကြား စိုးရိမ်မှု မြင့်တက်နေကြသည်။

ရခိုင်ပြည်အတွင်း ဝေလံခေါင်ဖျားဒေသများတွင် တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်းအပြင် အခြား ဌာနဆိုင်ရာဝန်ထမ်း အများအပြားရှိနေပြီး ယခုကဲ့ကိစ္စကြောင့် လုံခြုံရေးနှင့် ပတ်သက်၍ စိန်ခေါ်မှုများရှိနေကြ သည်။

ရသေ့တောင်မြို့နယ်၊ ကျွန်းပေါ်ပေါက်တောကျေးရွာမှ ဆရာမဒေါ်ခင်ခင်နုက “အခုကတော်တော်လေး စိတ်မလုံ ခြုံမှု ဖြစ်နေရတယ်။ ညဘက်တွေဆို အပြင်တွေတောင် မထွက်ရဲတော့ဘူး။ ကျမတို့ဝန်ထမ်းတွေကို ဘယ်အစိုးရ ကမှ တာဝန်ယူမှု တာဝန်ခံမှု မရှိသလို ခံစားရတယ်” ဟု ပြောသည်။

လက်ရှိတွင် အလယ်တန်းပြဆရာမ သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော် (ULA/AA) က သံသယ ရှိသူ အချို့ကို ခေါ်ယူစစ်ဆေးမှုများ ဆောင်ရွက်နေသည်။

“သတ်ဖြတ်ခံခဲ့ရတဲ့ နေရာမှာတော့ ယိုးဒယားဖိနပ်တစ်ရံ၊ မီးခြစ်တစ်လုံး၊ ဖက်ဆေးလိပ် တစ်လိပ်တော့ ရထား တယ်။ ကျနော်တို့ ဘယ်လို စစ်ဆေးနေတာကိုတော့ ပြောလို့မရသေးဘူး” ဟု အဆိုပါအမှုကို တာဝန်ယူ ဆောင် ရွက်နေသည့် ULA/AA အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရခိုင်ပြည်တွင် ယခုကဲ့သို့မှုခင်းဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားမှုရှိသော်လည်း ကျူးလွန်သူတရားခံများကို ဖော်ထုတ်အရေးယူမှု အပိုင်းမှာ အားနည်းနေပြီး ပြစ်မှုကျူးလွန်သူများမှာလည်း ပြစ်မှုမှလွတ်ကင်းနေသည်။

အမျိုးသမီးအရေးလှုပ်ရှားသူတစ်ဦးက “ကျမအနေနဲ့ကတော့ အခုလိုဖြစ်လာနေတာက တရားဥပဒေစိုးမိုးမှု အား နည်းနေတာကြောင့်လို့ မြင်တယ်။ ပြီးတော့ ဒေသအလိုက်အုပ်ချုပ်သူတွေပေါ့။ ဘယ်သူတွေပဲဖြစ်ဖြစ် နိုင်ငံတ ကာက ချမှတ်ထားတဲ့ အမျိုးသမီးလုံခြုံရေး ကိစ္စတွေကို လိုက်နာရမယ်” ဟု ပြောသည်။

ရခိုင်ပြည်အတွင်းက အမျိုးသမီးများမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု၊ အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှုတို့ ကြောင့် လုံခြုံရေးအာမခံချက်မရှိဖြစ်နေမှုကို တာဝန်ရှိသူများအနေဖြင့် စနစ်တကျ ကိုင်တွယ်ဖြေရှင်းရန် အမျိုး သမီးအရေး လှုပ်ရှားသူများက တိုက်တွန်းထားသည်။

ဓာတ်ပုံ - Aye Sandar Htay

မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...