ရသေ့တောင်မြို့နယ်တွင် အလယ်တန်းပြ ကျောင်းဆရာမတစ်ဦး လည်လှီးအသတ်ခံရ

ရသေ့တောင်မြို့နယ်တွင် အလယ်တန်းပြ ကျောင်းဆရာမတစ်ဦး လည်လှီးအသတ်ခံရ
အများပြည်သူ စိုးရိမ်ထိတ်လန့်မှု မဖြစ်စေရန်အတွက် အသတ်ခံရသည့် ကျောင်းဆရာမ၏ ရုပ်အလောင်းပုံကို ပြုပြင်ထားပါသည်။ ဓာတ်ပုံ - ပေးပို့
အများပြည်သူ စိုးရိမ်ထိတ်လန့်မှု မဖြစ်စေရန်အတွက် အသတ်ခံရသည့် ကျောင်းဆရာမ၏ ရုပ်အလောင်းပုံကို ပြုပြင်ထားပါသည်။ ဓာတ်ပုံ - ပေးပို့

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ကျွန်းပေါ် ပေါက်တောကျေးရွာမှ အလယ်တန်းပြ ကျောင်းဆရာမ တစ်ဦးမှာ လည်လှီးခံထားရသည့် ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

သေဆုံးသူမှာ အသက် (၃၇) နှစ်အရွယ် ဒေါ်နှင်းယုနွယ်ဖြစ်ပြီး စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းက ၎င်းနေထိုင်ရာ ပေါက်တောကျေးရွာမှ တာဝန်ကျရာ ပန်းဖော်ပြင်ကျေးရွာသို့ စာပြရန်သွားစဉ် လမ်းခုလတ်တွင် ယင်းသို့ သေဆုံး နေခြင်း ဖြစ်သည်။

“ကျနော်တို့ သိတာကတော့ ၁၁ နာရီလောက်မှာပဲ သိရတယ်။ ဖြစ်တာကတော့ ၉ နာရီခွဲ၊ ၁၀ နာရီ ဝန်းကျင် လောက်က ထင်တယ်။ ဒဏ်ရာကတော့ လည်လှီးသတ်ဖြတ်ခံထားရကို တွေ့ရတယ်။ တခြားဒဏ်ရာကိုတော့ အနီးကပ်မဟုတ်လို့ သေချာမတွေ့ခဲ့ရဘူး” ဟု ရသေ့တောင်မြို့နယ်၊ ပန်းဖော်ပြင်ကျေးရွာ ဦးမောင်ထွန်းချေက ပြောသည်။

အဆိုပါ အလယ်တန်းပြ ကျောင်းဆရာမမှာ ပန်းဖော်ပြင်ရွာအနီး ကားလမ်းနံဘေးတွင် အဝတ်အစားများ စုတ်ပြဲ လျက် လည်လှီးခံထားရသည့် ဒဏ်ရာဖြင့် သေဆုံးနေသည်ကို ရွာသားများက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ကျောင်းဆရာမတစ်ဦး သတ်ဖြတ်ခံရမှုကြောင့် ပညာရေးအသိုင်းအဝိုင်းကြား စိုးရိမ်မှုများ မြင့်တက် နေကြသည်။

မြောက်ဦးမြို့နယ်၊ လေညှင်းတောင်ကျေးရွာမှ ဆရာမတစ်ဦးက “အခုလိုမျိုး ဆရာမ သတ်ဖြတ်ခံရတာကြား တော့ တော်တော်လည်း စိုးရိမ်မိတယ်။ နယ်ဝေးတွေမှာ တာဝန်ကျ နေရတဲ့ ဆရာမတွေအတွက် လုံခြုံမှု အာမခံ ချက်တွေကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ပေးစေချင်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် အလယ်တန်းပြ ကျောင်းဆရာမ သတ်ဖြတ်ခံရသည့်အမှုကို ရက္ခိုင့်တပ်တော်/ ရခိုင်အမျိုးသား အဖွဲ့ ချုပ် (ULA/AA) က စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ အမှုနှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို လတ်တလောတွင် မသိရသေးပေ။

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...