ရသေ့တောင်မြို့နယ်တွင် အလယ်တန်းပြ ကျောင်းဆရာမတစ်ဦး လည်လှီးအသတ်ခံရ

ရသေ့တောင်မြို့နယ်တွင် အလယ်တန်းပြ ကျောင်းဆရာမတစ်ဦး လည်လှီးအသတ်ခံရ
အများပြည်သူ စိုးရိမ်ထိတ်လန့်မှု မဖြစ်စေရန်အတွက် အသတ်ခံရသည့် ကျောင်းဆရာမ၏ ရုပ်အလောင်းပုံကို ပြုပြင်ထားပါသည်။ ဓာတ်ပုံ - ပေးပို့
အများပြည်သူ စိုးရိမ်ထိတ်လန့်မှု မဖြစ်စေရန်အတွက် အသတ်ခံရသည့် ကျောင်းဆရာမ၏ ရုပ်အလောင်းပုံကို ပြုပြင်ထားပါသည်။ ဓာတ်ပုံ - ပေးပို့

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ကျွန်းပေါ် ပေါက်တောကျေးရွာမှ အလယ်တန်းပြ ကျောင်းဆရာမ တစ်ဦးမှာ လည်လှီးခံထားရသည့် ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

သေဆုံးသူမှာ အသက် (၃၇) နှစ်အရွယ် ဒေါ်နှင်းယုနွယ်ဖြစ်ပြီး စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းက ၎င်းနေထိုင်ရာ ပေါက်တောကျေးရွာမှ တာဝန်ကျရာ ပန်းဖော်ပြင်ကျေးရွာသို့ စာပြရန်သွားစဉ် လမ်းခုလတ်တွင် ယင်းသို့ သေဆုံး နေခြင်း ဖြစ်သည်။

“ကျနော်တို့ သိတာကတော့ ၁၁ နာရီလောက်မှာပဲ သိရတယ်။ ဖြစ်တာကတော့ ၉ နာရီခွဲ၊ ၁၀ နာရီ ဝန်းကျင် လောက်က ထင်တယ်။ ဒဏ်ရာကတော့ လည်လှီးသတ်ဖြတ်ခံထားရကို တွေ့ရတယ်။ တခြားဒဏ်ရာကိုတော့ အနီးကပ်မဟုတ်လို့ သေချာမတွေ့ခဲ့ရဘူး” ဟု ရသေ့တောင်မြို့နယ်၊ ပန်းဖော်ပြင်ကျေးရွာ ဦးမောင်ထွန်းချေက ပြောသည်။

အဆိုပါ အလယ်တန်းပြ ကျောင်းဆရာမမှာ ပန်းဖော်ပြင်ရွာအနီး ကားလမ်းနံဘေးတွင် အဝတ်အစားများ စုတ်ပြဲ လျက် လည်လှီးခံထားရသည့် ဒဏ်ရာဖြင့် သေဆုံးနေသည်ကို ရွာသားများက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ကျောင်းဆရာမတစ်ဦး သတ်ဖြတ်ခံရမှုကြောင့် ပညာရေးအသိုင်းအဝိုင်းကြား စိုးရိမ်မှုများ မြင့်တက် နေကြသည်။

မြောက်ဦးမြို့နယ်၊ လေညှင်းတောင်ကျေးရွာမှ ဆရာမတစ်ဦးက “အခုလိုမျိုး ဆရာမ သတ်ဖြတ်ခံရတာကြား တော့ တော်တော်လည်း စိုးရိမ်မိတယ်။ နယ်ဝေးတွေမှာ တာဝန်ကျ နေရတဲ့ ဆရာမတွေအတွက် လုံခြုံမှု အာမခံ ချက်တွေကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ပေးစေချင်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် အလယ်တန်းပြ ကျောင်းဆရာမ သတ်ဖြတ်ခံရသည့်အမှုကို ရက္ခိုင့်တပ်တော်/ ရခိုင်အမျိုးသား အဖွဲ့ ချုပ် (ULA/AA) က စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ အမှုနှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို လတ်တလောတွင် မသိရသေးပေ။

Most read this week

December 9, 2025
စစ်ကောင်စီ ထိန်းချူပ်ထားဆဲဖြစ်သည့် စစ်တွေမြို့က အခြေခံလက်လုပ်လက်စားနှင့် မွတ်ဆလင်များကို...
Photo credit - Women Generation
December 4, 2025
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုများကို  ဒေသတွင်း...
December 3, 2025
လက်ရှိ စပါးပေါ်ရာသီ၌ ရခိုင်ပြည်အတွင်း စပါးဈေးကွက် မရှိသည့်အပြင် စပါးကုန်သည်များ၏ အခြင်အတွယ်...
December 2, 2025
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၇၀၀...